စစ်တွေတွင် အစိုးရရုံးများအနီး မိုင်း ၄ လုံး ပေါက်ကွဲမှုဖြစ်ပွား

စစ်တွေတွင် အစိုးရရုံးများအနီး မိုင်း ၄ လုံး ပေါက်ကွဲမှုဖြစ်ပွား

ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့တွင်  နေရာ ၃ ခုတွင် ယနေ့ဖေဖော်ဝါရီ ၂၄ ရက်ရက်နေ့ နံနက် ၄ နာရီဝန်းကျင် အချိန်က မိုင်း ၄ လုံးပေါက်ကွဲခဲ့ပြီး အစိုးရအုပ်ချုပ်ရေးပိုင်းများ၏ ရုံးများအနီး ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မပေါက်ကွဲသေးသည့် မိုင်း ၃ လုံးကျန်ရှိနေသေးကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးက အတည်ပြု ပြောကြားသည်။

“ဟုတ်ပါတယ်။ မိုင်းပေါက်ကွဲတာ မှန်ပါတယ်။ သုံနေရာ လေးလုံးပေါက်ကွဲတယ်။ မပေါက်ကွဲသေးတာ သုံးလုံး ကျန်သေးတယ်။ အခုက ဒီလောက်ပဲပြောလို့ရမယ်။ သတင်းအတိကျကို ပြောလို့မရသေးပါဘူး။”

အဆိုပါမိုင်းများမှာ ပြည်နယ်အတွင်းရေးမှူး ဦးတင်မောင်ဆွေ အိမ်အနီးတစ်လုံး၊ ခရိုင်တရားရုံးအနီးတစ်လုံး၊ ပြည်နယ် မြေစာရင်းရုံးအနီးတစ်လုံး စုစုပေါင်း ၃ နေရာတွင် မိုင်းလေးလုံး ပေါက်ကွဲခဲ့ခြင်းလည်း ဖြစ်သည်။ 

လက်ရှိမှာ မပေါက်ကွဲသေးသည့် မိုင်းသုံးလုံးကို ရဲတပ်ဖွဲ့နှင့် တပ်မတော်တို့ ပူးပေါင်းပြီး လမ်းများပိတ်ဆို့ ရှာဖွေနေကာ မိုင်းရှင်းလင်းရေး များပြုလုပ်နေပြီး ထိခိုက်ဒဏ်ရာရရှိသူများနှင့် ပေါက်ကွဲခဲ့သည့် သတင်းအတိကျကို ထုတ်ဖော်ပြော ကြား၍ မရသေးကြောင်း ပြည်နယ်ရဲမှူးကြီးက ပြောဆိုခဲ့သည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...