UPDJC အစည်းအဝေးတွင် တတိယအကြိမ် ပင်လုံကျင်းပရေးဆွေးနွေးဖြစ်ဦးမည် မဟုတ်ဟု ဆို

UPDJC အစည်းအဝေးတွင် တတိယအကြိမ် ပင်လုံကျင်းပရေးဆွေးနွေးဖြစ်ဦးမည် မဟုတ်ဟု ဆို
by -
စိုးသူအောင်

ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်းပြုလုပ်ရန်ရှိနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် တတိယအကြိမ် ပင်လုံကျင်းပရေးကိစ္စ အဓိကထား ဆွေးနွေးဖြစ်ဦးမည်မဟုတ်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောဆိုလိုက်သည်။

အပစ်ရပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်များ (NCA-S EAO) နှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုအပြီး ဖုန်းဖြင့် ဆက်သွယ်မေးမြန်းစဉ် ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ တတိယပင်လုံအစည်းအဝေးကိစ္စရပ်ကတော့ ဆွေးနွေးချက်တွေရှိကောင်းရှိလာမယ်။ သို့သော် အဓိကထားပြီး ဆွေးနွေးမယ့်နှစ်ချက်ကတော့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရပ်တစ်အစည်းအရုံး တို့က ထပ်ပြီးတော့ လက်မှတ်ရေးထိုးတဲ့အခါမှာ ကျွန်တော်တို့ ပြည်ထောင်စု ဆွေးနွေးရေးပူးတွဲကော်မတီရဲ့စုဖွဲ့မှုကိုဘယ်လိုပြန်ပြီး စုဖွဲ့ကြမလဲ အဲ့ဒါ အဓိကအချက်ပေါ့လေ။ နောက်တစ်ခုက လူမျိုးအလိုက်နိုင်ငံရေး ဆွေးနွေးပွဲ တွေကျင်းပရေး ကိစ္စပေါ့”  ဟု PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၂၇ ရက်တွင် နေပြည်တော်၌ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါအစည်းအဝေးတွင် ဆွေးနွေးကြမည့် အကြောင်းအရာများကို ဖေဖော်ဝါရီ၂၆ ရက်နေ့တွင် ပြုလုပ်မယ့် UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေး တွင် ဆွေးနွေးအတည်ပြုရမည်ဖြစ်ကြောင်းလည်းသိရသည်။

UPDJC အစည်းအဝေးတွင် ပြုလုပ်ရန်ကျန်နေသည့် ရှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရေး ကိစ္စနှင့် လွန်ခဲ့သည့် ရက်ပိုင်းက NCA လက်မှတ်ရေး ထိုးခဲ့သည့် မွန်ပြည်သစ်ပါတီအတွက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးကိစ္စများလည်းပါဝင်မည်ဖြစ်ကြောင်း PNLO ဥက္ကဋ္ဌ ကပြောသည်။

ထိုအပြင် အသစ်လက်မှတ်ရေးထိုးဝင်ရောက်လာသည့် မွန်ပြည်သစ်နှင့် ဟားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ UPDJC အစုအဖွဲ့တွင်ပါဝင်ရေးအတွက် ဖွဲ့စည်းပုံ ပြန်ပြင်ရေးကိစ္စများကိုလည်း အဓိကထားဆွေးနွေးကြရမည် ဖြစ်ကြောင်း ၄င်းကဆက်လက်ဆိုသည်။

UPDJC တွင် အစိုးရဘက်မှ တပ်ပိုင်းဆိုင်ရာအကြီးအကဲများအပါအဝင် ၁၆ဦး၊ တိုင်းရင်းသားများဘက်က လက်မှတ်ထိုးထားသည့် အဖွဲ့တစ်ဖွဲ့လျှင် နှစ်ဦးစီ ဖြင့် ၁၆ ဦးတို့အပြင် နိုင်ငံရေးပါတီများဘက်ကလည်း အချိုးကျပါဝင်ပြီး  အဆိုပါကော်မတီသည် ၂၁ ရာစုပင်လုံကျင်းပရေးကိစ္စများအပါအဝင် အပစ်ရပ်စာချုပ်ကို ဆက်လက်အကောင်အထည်ဖော်မည့်ကိစ္စများကိုဆွေးနွေးဆုံးဖြတ်ရသည့် ကော်မတီလည်းဖြစ်သည်။

လက်ရှိအချိန်အထိ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement) လက်မှတ် ရေးထိုးထားသော တို်င်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှာ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည် လွတ််မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး- ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/ SSA)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ဖြစ်ကြသည်။

Most read this week

March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...