အငြင်းပွားဖွယ်ရာများကြောင့် လူမျိုးအလိုက်၊ လူမျိုးစုအလိုက် သန်းခေါင်စာရင်းရလဒ် မထုတ်ပြန်နိုင်သေး

အငြင်းပွားဖွယ်ရာများကြောင့် လူမျိုးအလိုက်၊ လူမျိုးစုအလိုက် သန်းခေါင်စာရင်းရလဒ် မထုတ်ပြန်နိုင်သေး
by -
အောင်မြတ်သူ

၂၀၁၄ ခုနှစ်တွင် ကောက်ခံခဲ့သော ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ၃ နှစ်ခွဲကျော်ကြာအထိ လူမျိုးအလိုက်၊ လူမျိုးစုအလိုက် ရလဒ် မထုတ်ပြန်နိုင်သေးသော်လည်း လူမျိုးအမည်၊ ဖွဲ့စည်းမှု လူမျိုးအုပ်စုတို့နှင့်ပတ်သက်ပြီး အငြင်းပွားဖွယ်ရာကိစ္စများကြောင့် ဟု အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့က အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ချင်းပြည်နယ် ၊ မဲဆန္ဒနယ် အမှတ်(၂) မှ ကိုယ်စားလှယ် ဦးရှန်အောရ် မေးမြန်းခဲ့သော်လည်း ၂၀၁၄ ခုနှစ် ၊သန်းခေါင်စာရင်း ကောက်ယူပြီးစီးသည်မှာ (၃) နှစ်ခွဲကျော်ကြာ လာပြီဖြစ်သော်လည်း မြန်မာနိုင်ငံ၏ လူဦးရေနှင့်ပတ်သတ်၍ လူမျိုးအလိုက်၊ လူမျိုးစု အလိုက် ထုတ်ပြန်ခြင်းမရှိသေးသဖြင့် မည်သည့်အချိန်တွင် ထုတ်ပြန်ပေးမည်ကို သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်းအပေါ်တွင် ဝန်ကြီးက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“၂၀၁၄ခုနှစ်သန်းခေါင်စာရင်းမှကောက်ယူရရှိတဲ့လူမျိုးစားရင်းများမှာ တိုင်းရင်းသားများ၊ လူမျိုးများ ဖွဲ့စည်းပါဝင်မှု၊ တိုင်းရင်းသားလူမျိုးစုငယ်များပါဝင်မှု စာလုံးပေါင်းသတ်ပုံအမည်နာမအသစ် တိုင်းရင်းသား ဖြစ်ခြင်း၊ မဖြစ်ခြင်း စတဲ့ကိစ္စရပ်များမှာ အငြင်းပွားဖွယ်ရာများရှိနေပါတယ်။ ညှိနှိုင်းဆွေးနွေးမှုများလည်း ကျွန်တော်တို့ စဉ်ဆက်မပြတ် ပြုလုပ်ဖို့ လိုအပ်နေတာလည်းပဲ တွေ့ရှိမှာဖြစ်ပါတယ်။ အဲ့လိုအငြင်းပွားဖွယ်ရာ ကိစ္စ ရပ်များကို ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ပြီးမှသာလျှင် ထုတ်ပြန်သွားဖို့ ကျွန်တော်တို့ လျာထားပါတယ်”ဟု ဝန်ကြီး ဦးသိန်းဆွေက လွှတ်တော်တွင် ဖြေကြားခဲ့သည်။

ထို့ပြင် လူမျိုးစုများ၏ ကိုယ်ပိုင် အမည်မှန်များကို မှန်မှန်ကန်ကန် ပြောဆို၊ ရေးသား၊ သုံးနှုန်းနိုင်ရန် အတွက် အသိအမှတ်ပြု ထုတ်ပြန်ပေးဖို့ အတွက် တချို့လူမျိုးများက တင်ပြလာသည်များလည်း ရှိနေသည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။

အလားတူ လူမျိုးစု တစ်စုမှ အခြားလူမျိုးစု တစ်စုသို့ ပြောင်းရွှေ့ပေးရန် တင်ပြတောင်းဆိုလာသည်များလည်း ရှိသည်ဟု ဆိုသည်။

“ဥပမာအားဖြင့် ကချင်လူမျိုးစုတွေ လူမျိုး ၁၂မျိုး အစား ခြောက်မျိုးသာ ရှိကြောင်း အချို့ကတင်ပြပါတယ်။ အလားတူ ကရင်လူမျိုးစုမှာ လူမျိုး ၁၂မျိုးအစား ရမျိုးပဲ ရှိတယ်လို့လည်းပဲ တင်ပြခဲ့ခြင်းကို ရရှိပါတယ ်။ခုနက လွှတ်တော်ကိုယ်စားလှယ်ကြီးဆွေးနွေးခဲ့သလိုပါပဲ ချင်းလူမျိုးစုမှာလည်း ၅၃ မျိုး မရှိကြောင်းတင်ပြခဲ့တာ လက်ခံရရှိပါတယ်”ဟု ၄င်းက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် လူဦးရေနှင့်ပတ်သတ်ပြီး လူမျိုးအလိုက် ၊ လူမျိုးစုအလိုက် ရလဒ်ထုတ်ပြန်မည့် ရက်အတိအကျ မရှိသေးကြောင်းနှင့် တိုင်းရင်းသားရေးရာ ကော်မတီဝင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ တိုင်းရင်းသား ကို်ယ်စားလှယ်များ၊ သမိုင်းပညာရှင် ၊ ယဉ်ကျေးမှု ပညာရှင်များနှင့် လူဦးရေပညာရှင်များ၊ သက်ဆိုင်ရာ ဌာန အသီးသီးတို့နှင့် အတူ ညှိနှိုုင်းဆွေးနွေးပြီးမှ ထုတ်ပြန်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

၂၀၁၄ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်းစာရင်းကောက်ယူရာတွင် ၁၉၉၃ခုနှစ်မှ ကောက်ယူရရှိပြီး မှတ်တမ်း တင်ထားသော လူမျိုး ၁၃၅ မျိုး စာရင်းကို အခြေခံကာ ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most read this week

March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...