UNFC အဖွဲ့ဝင်ဟောင်း WNO မှ ဗိုလ်မှူးတာ့ညီလူ ကွယ်လွန်

UNFC အဖွဲ့ဝင်ဟောင်း WNO မှ ဗိုလ်မှူးတာ့ညီလူ ကွယ်လွန်
by -
ဖနိဒါ
ဝ အမျိုးသားအဖွဲ့ချုပ် (WNO) မှ တွဲဘက် အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူး တာ့ညီလူ
ဝ အမျိုးသားအဖွဲ့ချုပ် (WNO) မှ တွဲဘက် အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူး တာ့ညီလူ

ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်ဟောင်း ဝ အမျိုးသားအဖွဲ့ချုပ် (WNO) မှ တွဲဘက် အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူး တာ့ညီလူသည် ဖေဖော်ဝါရီလ ၂၀ ရက်က ကွယ်လွန်ခဲ့သည်ဟု သိရသည်။

အသက် ၃၄ နှစ်အရွယ် ဗိုလ်မှူးတာ့ညီလူသည် UNFC အဖွဲ့ဝင်အဖြစ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေးတွင် ကိုယ်စားလှယ်အဖြစ် ပါဝင်ဆွေးနွေးခဲ့သူ ဖြစ်သည်။

“သူက ကျန်းမာရေးသိပ်မကောင်းဘူး ဒီရက်ပိုင်း ခေါင်းမူးတယ်။ ဆရာဝန်နဲ့ ပြတော့ သွေးကျတယ်။ နောက်တရက် သွားစမ်းကြည့်တော့ သွေးတက်တယ်တဲ့။ သူက သူ့ရည်းစားက လာလည်မယ်ဆိုပြီး သူသွားကြိုတာ လမ်းမှာဆုံးသွားတာပါ”ဟု WNO အဖွဲ့၏ အထွေထွေအတွင်းရေးမှူး တာ့အိုက်ညွန့်က ပြောသည်။

WNO ဌာနချုပ် မယ်ဟောင်ဆောင်မှ ခရီးထွက်ထွက်ခွာခဲ့ပြီး နမ့်ဆန်မြို့တွင့် ညအိပ်နေချိန် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု သူက ဆက်လက် ပြောဆိုသည်။

“သူ ဒီကနေထွက်သွားတုန်းက ခေါင်းမူးတယ်။ သူတခါမှ မဖြစ်ဖူးဘူးလို့ ပြောတယ်။ သူထွက်သွားတာ ၄ ၊ ၅ ရက်ရှိပြီ။ သူ့ရည်းစားကို သွားစောင့်တာ သူ့ရည်းစားလည်း မနေ့က ရောက်လာတော့ ကားရတာနဲ့ ဒီနေ့ ကျနော်တို့ ဌာနချုပ်(မယ်ဟောင်ဆောင်)ကို ပြန်လာမလို့ အိပ်နေရင်းနဲ့ တန်းလန်းနဲ့ ရှော့ဖြစ်လို့ ဆုံးသွားတယ် ထင်တယ်။ ကျနော်လည်း ကောင်းကောင်းတော့ မသိဘူး။ ကျနော့်ကို ၂ နာရီကျော်လောက်မှာ ဖုန်းဆက်လာတာ။ ဆေးရုံကို ခေါ်သွားတော့ မရတော့ဘူး”ဟု သူက ပြောသည်။

 ဗိုလ်မှူးတာ့ညီလူသည် WNO အဖွဲ့တွင် ၁၅ နှစ်ခန့်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လူငယ်တစ်ဦးဖြစ်သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ထဲထဲဝင်ဝင်ပါဝင်ခဲ့သူ ဖြစ်၍ ဆုံးရှုုံးမှုကြီးတစ်ခု ဖြစ်သည်ဟု တာ့အိုက်ညွန့်က ပြောသည်။

“ကျနော်တို့ရဲ့ သွက်သွက်လက်လက် လူငယ်ပိုင်း မျိုးချစ်စိတ် ရှိတဲ့လူငယ််က ဆုံးသွားတဲ့အတွက် ကျနော်တို့အများကြီး ဝမ်းနည်းတယ်။ ကျနော်တို့ တကယ်ကြီးမားတဲ့ ဆုံးရှုုံးမှုတခုဘဲ။ သူက အသက်ငယ်ပေမဲ့ လုပ်ငန်းပိုင်းကြီးတော့ ကျနော်တို့အတွက် အင်မတန် ဝမ်းနည်းတယ်”ဟု သူက ပြောသည်။

WNO သည်၂၀၁၂ ခုနှစ် ဦးသိန်းစိန် အစိုးရ လက်ထက်မှ ၂၀၁၇ ခုနှစ် မေလအထိ UNFCတပ်ပေါင်းစုမှ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ဆွေးနွေးခဲ့သော အဖွဲ့ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇွန်လတွင် တပ်ပေါင်းစုမှ နုတ်ထွက်ခဲ့သော အဖွဲ့ဖြစ်သည်။

လက်ရှိ WNO သည် ဝ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သော ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)နှင့် ပူးပေါင်းနိုင်ရန် ညှိနှိုင်းနေသည်ဟု တာ့အိုက်ညွန့်က ပြောသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...