သစ်တောဦးစီးဌာန စီမံပိုင်ခွင့်မြေပေါ်တွင် ရော်ဘာနှင့် အခြားစက်မှုကုန်ကြမ်း သီးနှံစိုက်ခွင့် မပြုတော့

သစ်တောဦးစီးဌာန စီမံပိုင်ခွင့်မြေပေါ်တွင် ရော်ဘာနှင့် အခြားစက်မှုကုန်ကြမ်း သီးနှံစိုက်ခွင့် မပြုတော့
by -
သံလွင်တိုင်းမ်
သစ်တောကြိုးဝိုင်း၊ ကြိုးပြင်နှင့် သဘာဝကာကွယ်တောများအတွင်း ရော်ဘာ၊ ဆီအုန်းနှင့် စက်မှုကုန်ကြမ်း သီးနှံစိုက်ပျိုးမှုအား ခွင့်ပြုတော့မည်မဟုတ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန (မွန်ပြည်နယ်) သစ်တောရေးရာဦးစီးဌာနထံမှ သိရသည်။

စီမံချက်ကို ၂၀၁၅ မတိုင်ခင်နှစ်များတွင် သစ်တောကြိုးဝိုင်းဧရိယာများထဲတွင် ရော်ဘော၊ဆီအုန်းနှင့် စက်မှုကုန်ကြမ်းသီးနှံစိုက်နိုင်ရန် လျှောက်ထားခြင်းများ ခွင့်ပြုပေးခဲ့ပြီး ထိုစိုက်ပျိုးမှုများကြောင့် သားရဲတိရိစ္ဆာန် ကျင်လည် ကျက်စားရာနေရာများ ပျက်စီးမှုဖြစ်ပေါ်သည့်အတွက် ခွင့်မပြုတော့ကြောင်း မွန်ပြည်နယ် သစ်တောဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်းမြင့်က ပြောသည်။

“ကောင်းကင်ဓါတ်ပုံက ကြည့်ရင်သိရတယ်လေ။ ဒါကြောင့်မို ့ကြိုးဝိုင်း၊ ကြိုးပြင်နဲ ့ကာကွယ်တောတွေမှာ ရော်ဘာနဲ ့ဆီအုန်းကို စိုက်ခွင့်မပေးတော့တာဖြစ်ပါတယ်” ဟု မွန်ပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးမင်းသိန်းမြင့် ကပြောကြားသည်။

မွန်ပြည်နယ်အတွင်း ရော်ဘာစိုက်ဧရိယာပေါင်း ရ၇၉၆၆ဒသမ၆၁၇ဧကရှိခဲ့ပြီး ၂၀၁၀ခုနှစ် ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ ဧရိယာမှာ ၂၀၁၆ ခုနှစ်တွင် ၅၃၅၅၈၇ဒသမ၂၅၃ ဧက ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (မွန်ပြည်နယ်) သစ်တောရေးရာ ဦးစီးဌာနထံမှ သိရသည်။

၂၀၁၅ခု အောက်တိုဘာ ၁၃ရက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန သစ်တောဦးစီးဌာန၏ ညွန်ကြားချက်တွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသော ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများအတွင်း ပုဂ္ဂလိက စိုက်ခင်းများ စိုက်ပျိုး တည်ထောင် ခွင့်ကို ၂၀၁၆ခုနှစ်မှစတင်၍ စီစစ်ခွင့်ပြုလျှက်ရှိသည်။

သို့ရာတွင် ယခင်ခွင့်ပြုပေးခဲ့သော နေရာများတွင် စီမံချက်ပါအတိုင်း စိုက်ပျိုးနိုင်ခြင်းမရှိခြင်း၊ မူလတောအား သစ်ထုတ်ခြင်းသာဆောင်ရွက်ပြီး နှစ်ရှည်သီးနှံများ စိုက်ပျိုးခြင်းမရှိခြင်း၊ အခြားမြေအသုံးချရန် ရည်ရွယ်ခြင်းတို့ ကြောင့် ခွင့်ပြုထားသည့် နှစ်ရှည်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းခြင်းမရှိဘဲ ပြန်လည်သိမ်းဆည်းခဲ့ရ ကြောင်း၊ သစ်တောဖုံးလွှမ်းမှု ဆန်းစစ်ရာတွင် FAO ၏ သတ်မှတ်ချက်အရ ရော်ဘာ နှင့် ဆီအုန်း အား သစ်တောစိုက်ခင်းအဖြစ် သတ်မှတ်ခြင်းမရှိသဖြင့် သစ်တောဖုံးလွှမ်းမှု ဧရိယာများလျော့နည်းလာခဲ့သည်။

သို့ဖြစ်ပါ၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောပြုစုထိန်းသိမ်းရေလုပ်ငန်းများတိုးမြှင့် ဆောင်ရွက်လျှက်ရှိ သဖြင့်် ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများအတွင်း ရာဘာ၊ ဆီအုန်း နှင့် စက်မှုကုန်ကြမ်းသီးနှံများ စိုက်ပျိုး လုပ်ကိုင်ခွင့်အာား ခွင့်မပြုတော့ကြောင်း နှင့် စိစစ်ထောက်ခံတင်ပြခြင်း လုံးဝ မပြုကြရန် ညွှန်ကြားစာတွင် ထည့်သွင်းဖော်ပြထားသည်။

ဓာတ်ပုံ-CJ
January 9, 2026
ရွေးကောက်ပွဲလုံခြုံရေးအကြောင်းပြပြီး ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ စစ်ကော်မရှင်တပ်...
ဓာတ်ပုံ-Social Media
January 9, 2026
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မုတ်ဆိတ်ကွင်းကျေးရွာထဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ပစ်...
ဓာတ်ပုံ-CJ
January 7, 2026
ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပါဝင်နေတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာတွေထဲကို...
December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...