လူငယ်များအတွက် တမူထူးခြားအစီအစဉ်များ ထုတ်လွှင့်မည့် Mizzima TV စတင်မိတ်ဆက်

လူငယ်များအတွက် တမူထူးခြားအစီအစဉ်များ ထုတ်လွှင့်မည့် Mizzima TV စတင်မိတ်ဆက်

Mizzima Media Co.,Ltd  ၏ အခမဲ့ရုပ် သံလိုင်း တစ်လိုင်းဖြစ် သည် ့ Mizzima TV ကို စတင်စမ်းသပ် ထုတ်လွှင့်မည့် မိတ်ဆက်အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက်က နိုဗိုတယ်ဟိုတယ်တွင်ကြော်ငြာ အေဂျင်စီများနှင့် စတင်မိတ်ဆက်ပေးခဲ့သည်။

Mizzima TVကို ဖေဖေါ်ဝါရီ ၁၈ ရက်တွင် စတင်စမ်းသပ် ထုတ်လွှင့်မည်ဖြစ်ကာ အစီအစဉ်များတွင် ကလေးငယ်လေးများ လွန်စွာကြိုက်နှစ်သက်စေမည့် ကာတွန်းအစီစဉ်နှင့် မြန်မာပရိတ်သတ်များ ကြိုက်နှစ်သက်စေမည့် မြန်မာရုပ်ရှင်ကားများ ထင်ရှားသည့် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော Fox ထံမှ Exclusive ဒရာမာရုပ်သံစီးရီးနှင့် ထိတ်လန့်သည်းဖို ရုပ်သံစီးရီး၊ လူငယ်နဲ့ ကလေးအသားပေး အစီအစဉ်တွေ၊ ဖျော်ဖြေရေး နှင့် တွဲဖက်လျက် ထူးဆန်းအံ့ဖွယ်ရုပ်ရှင်ကားများနှင့် အချစ်ရသများကို ပေးစွမ်းနိုင်မည့် ရုပ်ရှင် ဇာတ်ကားကောင်းများလည်း ပါဝင်ပြသမည်ဖြစ်သည်။

နိုင်ငံတကာဇာတ်လမ်းတွဲများမှာ Mizzima TVအတွက် Exclusive (သီးသန့်) ပြသခွင့်ပေးထားသော Drama, Thriller, Horror အစရှိသည့် အမျိုးအစားများပါဝင်သည်။

မြန်မာအမျိုးသမီးများ၏ ဘဝကို ထင်ဟပ်စေမည့် သုတနှင့်ရသပေးစွမ်းနိုင်မည့် အစီအစဉ်၊ မြန်ပြည်တလွှား ထူးခြားနေရာများနှင့် အပန်းဖြေနိုင်စေမည့် နေရာများကို တင်ဆက်ပေးနေသည့် ခရီးသွား အစီအစဉ်များအပြင် လူငယ်များအတွက် ရည်ရွယ်သော YOPE အစီအစဉ်လည်း ပါဝင်မည်ဖြစ်သည်။

လူငယ်နှင့် ကလေးများအတွက် အစီအစဉ်များ ရည်ရွယ်သည့် Mizzima TV သည် တမူထူးခြားသည့် အစီအစဉ်ကောင်းများဖြင့် စတင်ပြသတော့မည်ဖြစ်ပြီး နံနက် ၆ နာရီမှ ည ၁၁ နာရီထိ  ပြသထုတ်လွှင့်သွားမည်ဟု Mizzima Media Co.,Ltd  ၏ Sales & Marketing ဒါရိုက်တာ ဦးပြည့်စုံလင်းက ပြောသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...