စက္ကန့်ရွာ – ရာဇဂြိုလ်ကျေးရွာကြား ကတ္တရာလမ်း ဖေဖော်ဝါရီလအတွင်း စတင်ခင်းမည်

စက္ကန့်ရွာ – ရာဇဂြိုလ်ကျေးရွာကြား ကတ္တရာလမ်း ဖေဖော်ဝါရီလအတွင်း စတင်ခင်းမည်

ကလေးမြို့နယ် စက္ကန့်ကျေးရွာနှင့် ရာဇဂြိုလ်ကျေးရွာကြား ကတ္တရာလမ်းခင်းမှုကို ဂျာမန်နီ အခြေစိုက် KFW ဘဏ်၏ အထောက်အပံ့ဖြင့် ဖေဖော်ဝါရီလအတွင်း လုပ်ငန်းစတင်တော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းအတွက် ပြင်ဆင်မှုကို ယခုလအတွင်း စတင်မည်ဖြစ်ပြီး ပြည်တွင်း ကုမ္ပဏီ (၁၀) ခုနှင့် နိူင်ငံခြား ကုမ္ပဏီ (၃) ခုတို့ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

စစ်ကိုင်းတိုင်း ချင်းတိုင်းရင်းသား ရေးရာဝန်ကြီး Pu Lal Thawm Thang က “နိူင်ငံခြား ကုမ္ပဏီတွေက ဒီဇိုင်းဆွဲနေတယ်။ လုပ်ငန်း စတင်တာကတော့ လာမယ့်လမှာပဲ လုပ်ဆောင်ကြမှာ ဒီလကတော့ လုပ်ငန်းအတွက် လိုအပ်တဲ့ဟာတွေကို အဆင်သင့်ထားမယ်” ဟု ပြောသည်။

ဆောင်ရွက်မည့်လုပ်ငန်းများတွင် တံတား ၅ ဆင်းတည်ဆောက်မှုအပါအဝင် ဇီးချောင်း၊ ဆည်ကြီး၊ နတ်တံခါးချောင်းများကို ရေကျော်သံတံတားဖြင့်တည်ဆောက်မည်ဖြစ်ကာ လုပ်ငန်းကာလကို  ၂ နှစ်အတွင်း သတ်မှတ်ထားကြောင်း ဆက်ပြောသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...