စက္ကန့်ရွာ – ရာဇဂြိုလ်ကျေးရွာကြား ကတ္တရာလမ်း ဖေဖော်ဝါရီလအတွင်း စတင်ခင်းမည်

စက္ကန့်ရွာ – ရာဇဂြိုလ်ကျေးရွာကြား ကတ္တရာလမ်း ဖေဖော်ဝါရီလအတွင်း စတင်ခင်းမည်

ကလေးမြို့နယ် စက္ကန့်ကျေးရွာနှင့် ရာဇဂြိုလ်ကျေးရွာကြား ကတ္တရာလမ်းခင်းမှုကို ဂျာမန်နီ အခြေစိုက် KFW ဘဏ်၏ အထောက်အပံ့ဖြင့် ဖေဖော်ဝါရီလအတွင်း လုပ်ငန်းစတင်တော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းအတွက် ပြင်ဆင်မှုကို ယခုလအတွင်း စတင်မည်ဖြစ်ပြီး ပြည်တွင်း ကုမ္ပဏီ (၁၀) ခုနှင့် နိူင်ငံခြား ကုမ္ပဏီ (၃) ခုတို့ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

စစ်ကိုင်းတိုင်း ချင်းတိုင်းရင်းသား ရေးရာဝန်ကြီး Pu Lal Thawm Thang က “နိူင်ငံခြား ကုမ္ပဏီတွေက ဒီဇိုင်းဆွဲနေတယ်။ လုပ်ငန်း စတင်တာကတော့ လာမယ့်လမှာပဲ လုပ်ဆောင်ကြမှာ ဒီလကတော့ လုပ်ငန်းအတွက် လိုအပ်တဲ့ဟာတွေကို အဆင်သင့်ထားမယ်” ဟု ပြောသည်။

ဆောင်ရွက်မည့်လုပ်ငန်းများတွင် တံတား ၅ ဆင်းတည်ဆောက်မှုအပါအဝင် ဇီးချောင်း၊ ဆည်ကြီး၊ နတ်တံခါးချောင်းများကို ရေကျော်သံတံတားဖြင့်တည်ဆောက်မည်ဖြစ်ကာ လုပ်ငန်းကာလကို  ၂ နှစ်အတွင်း သတ်မှတ်ထားကြောင်း ဆက်ပြောသည်။

September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...