Universal Peace Federation ချီးမြှင့်သည့် Ambassador for Peace ဆု ချင်းအမျိုးသားဆလိုင်းယာကုတ်ထန်ရရှိ

Universal Peace Federation ချီးမြှင့်သည့် Ambassador for Peace ဆု ချင်းအမျိုးသားဆလိုင်းယာကုတ်ထန်ရရှိ

ဇန်နဝါရီလ ၆ - ၈ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ကျင်းပပြီး နိုင်ငံပေါင်း ၁၄ နိုင်ငံတက်ရောက်နိုင်ခဲ့သည့် Asian Leadership Conference ၌ Universal Peace Federation(UPF) မှချီးမြှင့်သည့် Ambassador for Peace ဆုကို ချင်းအမျိုးသား တစ်ဦးဖြစ်သူ ဆလိုင်းယာကုန်ထန်မှရရှိခဲ့သည်။

ဆလိုင်းယာကုန်ထန်အနေဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် လူငယ်ညီလာခံ၌လည်း Youth Federation for World Peace (YFWP) ပေးအပ်သည့် လူငယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့ဖူးသူဖြစ်သည်။ လက်ရှိအချိန်တွင် ဟားခါးမြို့အခြေစိုက် ချင်းလူငယ်အသင်း ( Chin Youth Organization)၊ ချင်းလူမှုအဖွဲ့အစည်းများကွန်ယက် ၌ ဥက္ကဌ နှင့် ညှိနှိုင်းရေးမှုး အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိသကဲ့သို့ ချင်းပြည်နယ် လွှတ်တော်ရေးရာ ကော်မတီတွင်လည်း ပါဝင်နေသူတစ်ဦးဖြစ်သည်။ မိခင်ဌာနအနေဖြင့် ရန်ကုန်အခြေစိုက် Gaia အဖွဲ့အစည်းတွင် Chin Zone Coordinator အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

ဦးယာကုတ်ထန်က “ ဒီတစ်ခေါက် ညီလာခံမှာ နိုင်ငံအသီးသီးက အစိုးရဝန်ထမ်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ တတ်သိပညာရှင်တွေ အများကြီးတက်ရောက်ကြတယ်။ ဒေသအသီးသီးမှာ လုပ်ငန်းလုပ်နေကြတဲ့ သူတွေရဲ့ လုပ်ငန်းဆောင်တာတွေမှာ လေးစားအတုယူထိုက်ဖွယ်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို ပေးတဲ့ဆုဖြစ်ပါတယ်” ဟုပြောသည်။

အများလေးစားထိုက်သည့်နေထိုင်မှု၊ အများအကျိုးဆောင်သူ၊ အိမ်ထောင်ရေးပျော်ရွှင်စေမှုဖန်တီးသူ၊ ဘာသာပေါင်းစုံနှင့်လက်တွဲဆောင်ရွက်နိုင်သူ၊ နိုင်ငံခြားဆက်ဆံရေး အဆင်ပြေသူ၊ အများအကျိုးကိုရှေးရှုပြီး ငြိမ်းချမ်းမှုကို ပေါ်ထွန်းစေသေးများ ကို UPF အဖွဲ့မှ  Ambassador for peace ဆုကိုပေးအပ်ခြင်းဖြစ်သည်။

September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...