မြို့ပြစီမံကိန်း အပေါ် ဒေသခံများ ဆန္ဒထုတ်ဖော်ခဲ့သော်လည်း စီမံကိန်းဆက်လက်ဆောင်ရွက်မည်

မြို့ပြစီမံကိန်း အပေါ် ဒေသခံများ ဆန္ဒထုတ်ဖော်ခဲ့သော်လည်း စီမံကိန်းဆက်လက်ဆောင်ရွက်မည်

ဖလမ်းမြို့နှင့်ဟားခါးမြို့များတွင် အစိုးရအကောင်အထည်ဖော်မည့် မြို့ပြစီမံကိန်းအသစ်ကို မကျေနပ်တဲ့အတွက် မြေပိုင်ရှင်တွေက ဆန္ဒထုတ်ဖော်ခဲ့သော်လည်း စီမံကိန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်စည်ပင်ညွှန်ကြားရေးမှုး ဦးထလာဟရဲကပြောသည်။

ဦးထလာဟရဲက “ ဆန္ဒဖော်ထုတ်ခဲ့သူတွေလည်း သူတို့လွတ်လပ်ခွင့်နဲ့ ဆန္ဒဖော်ထုတ်တယ်။ အခုမြို့ပြစီမံကိန်း အတွက်က နေပြည်တော်မှာ နောက်ဆုံးအဆင့်ရောက်နေပြီ။ လွှတ်တော်ကလည်း အတည်ပြုထားပြီ။ကျွန်တော်တို့ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်။ ဆန္ဒပြတဲ့သူတွေအနေနဲ့ စီမံကိန်းဧရိယာမှာ မြေပိုင်တဲ့သူတွေ ဆိုရင် အဲဒီစီမံကိန်းအသစ်နေရာမှာ သူတို့မြေကိုပြန်ရမှာဖြစ်တယ်” ဟုဦးထလာဟရဲက ပြောသည်။

မြို့ပြစီမံကိန်းချဲ့ခြင်းကို မကျေနပ်သည့်အတွက် ဟားခါးမြို့၌ ဒီဇင်ဘာလ ၁၁ ရက်နေ့က ဆန္ဒဖော် ထုတ်ခဲ့ကြသကဲ့သို့ ဖလမ်းမြိို့၌လည်း  နိုဝင်ဘာလ ၂ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

ယနေ့အချိန်ထိ ချင်းတောင်ဒေသအနှံ့တွင် ဘိုးဘွးပိုင်နယ်မြေကိစ္စနှင့် အငြင်းပွားမှုများရှိနေပြီး ဒေသခံများအနေဖြင့် ဘိုးဘွားပိုင်နယ်မြေများတွင် အစိုးရမှ စီမံကိန်းများဆောင်ရွက်လာမှုပေါ် ဆန္ဒထုတ်ဖော်မှု နှစ်လအတွင်း နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။

September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...