ကျပ်သိန်းခြောက်ထောင်ကျော်တန်ဖိုးရှိ ဆေးရုံပစ္စည်းပေးအပ်ပွဲ ဖလမ်းပြည်သူ့ဆေးရုံတွင်ကျင်းပ

ကျပ်သိန်းခြောက်ထောင်ကျော်တန်ဖိုးရှိ ဆေးရုံပစ္စည်းပေးအပ်ပွဲ ဖလမ်းပြည်သူ့ဆေးရုံတွင်ကျင်းပ

အမေရိကအခြေစိုက်ဖလမ်း(ချင်း) အသိုင်းအဝိုင်းမှ အလှူရှင်များနှင့်အတူ  ပြည်တွင်းအလှူရှင်များ ထောက်ပံ့မှုဖြင့် ဖလမ်းမြို့ပြည်သူ့ဆေးရုံ၏ ကျပ်သိန်း ခြောက်ထောင်ကျော်တန်ဖိုးရှိ လိုအပ်သည့်အထောက်အပံ့ပစ္စည်းများ ပေးအပ်ပွဲကို ဒီဇင်ဘာ (၁၅)နေ့ ဖလမ်းပြည်သူ့ဆေးရုံတွင်  ကျင်းပခဲ့ကြောင်းသိရသည်။

ယခုဖလမ်းပြည်သူ့ဆေးရုံထောက်ပ့ံသည့်အစီအစဉ်(Lailun Project)၏ ဒါရိုက်တာမှာ အမေရိကနေ ဖိလစ်ထွန်းနှင့် လက်ထောက်ဒါရိုက်တာ ဆရာထန်းမွေတို့ဖြစ်ပြီးအဆိုပါပုဂ္ဂိုလ်နှစ်ဦးမှ ပြည်တွင်း၊ ပြည်ပ အလှူရှင်များကို ချိတ်ဆက်မှုဖြင့် ယခုကဲ့သို့ထောက်ပံ့နိုင်ခဲ့ခြင်းဖြစ်သည်။အလှူရှင်များအနေဖြင့် အမေရိကအခြေစိုက် ဖလမ်း(ချင်း) ဘာသာရေးအဖွဲ့အစည်းများ၊ မြန်မာပြည် ထိပ်တန်းကုမ္ပဏီ ၄၀ ကျော်ဖြင့်ဖွဲ့စည်းထားသည့်အဖွဲ့အစည်းအပြင်၊ အခြားပြည်တွင်း ကုမ္ပဏီများပူးပေါင်းပြီး ထောက်ပံ့ခြင်းဖြစ်သည်။ဖလမ်းပြည့်သူ့ဆေးရုံထောက်ပံ့သည့်အစီအစဉ်၏ လက်ထောက်ဒါရိုက်တာဖြစ်သူ ဆရာထန်းမွေးက “ ပစ္စည်းတွေကို အတိအကျတန်ဖိုးကိုတွက်ချက်ဖို့တော့ခက်တယ်။ ဘာလို့လဲဆိုတော့ ကုမ္ပဏီက ရောင်းတာမဟုတ်ဘူး။ သူတို့လှူမယ့်နေရာရဲ့ လိုအပ်ချက်တွေကို အလှူရှင်တွေကိုယ်တိုင်က ကွင်းဆင်းအရင် လေ့လာတယ်။ ဇွန်လနဲ့ ဇူလိုင်လမှာ ဖလမ်းပြည်သူ့ဆေး ရုံကိုသွားပြီးတယ်။ သွားတဲ့သူတွေရဲ့ ကုန်ကျစရိတ် တွေကိုလည်း အလှူရှင်တွေကိုယ်တိုင်က စရိတ်ခံပေးမယ်။ ဖလမ်းနှစ်ခြင်းအဖွဲ့ကလည်း ငွေကြေးသုံးသိန်း လောက်အကုန်ကျခံပြီး ဧည့်ခံရေးတွေလုပ်ပေးခဲ့တယ်။

ဆေးရုံမှာ တစ်ခန်းပြီးတစ်ခန်း ကြည့်ပြီး လိုအပ်ချက် တွေကိုလှူဖို့လုပ်ခဲ့တာဖြစ်တယ်။ ကုမ္ပဏီတွေဖက်က ပြောတာတော့ အနည်းဆုံးဒေါ်လာ လေးသိန်းဖိုးလောက် အနည်းဆုံးဖြစ်တယ်။ အဲဒီအပြင် ပစ္စည်းမျိုးပေါင်းရ၀၀ အထိပြည့်အောင် စာရင်းအတိအကျမဟုတ်ပဲ လှူတဲ့ဟာတွေလည်းရှိသေးတယ်။ အနည်းဆုံး ဒေါ်လာလေးသိန်းခွဲဝန်းကျင်တော့ရှိမယ်လို့ထင်တယ်။  မီးစက်ဆိုရင်လည်း ဒေါ်လာ တစ်သောင်းတစ်ထောင်ရှိတယ်။ အဲဒီဟာလည်း ထပ်ပါတာပေါ့။ အဲဒီမှာကျွန်တော်တို့ရဲ့လုပ်အားခမပါသေးဘူး။ အဲဒါတွေပါ ထည့်တွက်ရင်တော့ ဒေါ်လာ ငါး သိန်းကျော်လောက်ရှိမယ်”ဟုပြောသည်။

ယခုပစ္စည်းအမျိုးအစားများမှာ အမေရိကန်နိုင်ငံတွင် အသုံးပြုလက်ရှိသည့် အဆင့်မြင့် ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ၊ ဆေးရုံအသုံးအဆောင်များဖြစ်ပြီး အမေရိကန်နိုင်ငံမှာ သဘောင်္ဖြင့် တင်ဆောင်လာခဲ့ရာဒီဇင်ဘာလ (၄) ရက်နေ့က ရန်ကုန်မြို့တွင်ရောက်ရှိခဲ့သည်။ ထိုမှတစ်ဆင့် ဖလမ်းမြို့သို့ ဒီဇင်ဘာ (၁၅) မတိုင်မီ အပြီးပေးပို့ခဲ့ပြီးဖြစ်သည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...