၂၁ပင်လုံအပြီး NCA လက်မှတ်ထိုးနိုင်ခြေ နိုင်ငံရေးဆွေးနွေးရေးမူဘောင်အပေါ်မှာမူတည်

၂၁ပင်လုံအပြီး NCA လက်မှတ်ထိုးနိုင်ခြေ နိုင်ငံရေးဆွေးနွေးရေးမူဘောင်အပေါ်မှာမူတည်
by -
သံလွင်တိုင်းမ်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ပင်လုံအပြီးတွင် NCAစာချုပ်လက်မှတ်မထိုးထားသည့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများမှာ လက်မှတ်ထိုးနိုင်ရန် နိုင်ငံရေးဆွေးနွေးရေးမူဘောင်အပေါ်တွင် မူတည်ကြောင်း တိုင်းရင်းသားခေါင်း ဆောင်များက ပြောသည်။

ညီလာခံကို နေပြည်တော်တွင် သြဂုတ်လ ၃၁ရက်မှ စက်တင်ဘာ ၃ရက်အထိကျင်းပခဲ့ပြီး အစိုးရ၊လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များ၊နိုင်ငံရေးပါတီများနှင့် ပါ၀င်သင့်ပါ၀င်ထိုက်သူများ တက်ရောက်ခဲ့ကြပြီး ၄င်းတို့၏သဘောထား အမြင်များကို အသီးသီးတင်သွင်းခဲ့ကြသည်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) လက်မှတ်မထိုးရသေးခြင်းမှာ အဓိကအားဖြင့် နိုင်ငံရေးဆွေးနွေးရေးမူဘောင်အပေါ်တွင် ညှိနှိုင်းသွားရန်လိုအပ်ကြောင်းနှင့် ထိုအပေါ်တွင်နားလည်မှုမရဘဲနဲ့ လက်မှတ်သွားမည်မဟုတ်သေးကြောင်း NCA လက်မှတ်မထိုးထား သည့် မွန်ပြည်သစ်ပါတီမှ ဒုဥက္ကဋ္ဌနိုင်ဟံသာက ပြောသည်။

tlt 0901

“သဘောက ဒီပွဲပြီးတာနဲ့ NCAထိုးမယ်ဆိုတဲ့ဟာမျိုးမဟုတ်သေးဘူး။ နိုင်ငံရေးဆွေးနွေးရေးမူဘောင်ကိုညှိရဦးမယ်” ဟု ၄င်းကပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့ရှိသည့်အနက် သမ္မတဟောင်းဦးသိန်းစိန်အစိုးရ လက်ထက်၂၀၁၅ခုနှစ် အောက်တိုဘာ၁၅ ရက်တွင် လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့ဖြစ်သည့် KNU၊KNLA / PC၊ DKBA ၊ RCSS/SSA ၊ CNF ၊ ALP ၊ PNLO အဖွဲ့နှင့် ABSDFအဖွဲ့တို့်က ဦးသိန်းစိန်အစိုးရလက်ထက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး
လက်မှတ်မထိုးသည့်အဖွဲ့ ၁၃ဖွဲ့ရှိသည်။

မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက NCAထိုးနိုင်ရန် နိုင်ငံတော်သမ္မတသော်လည်းကောင်း၊ အတိုင်ပင်ခံပုဂ္ဂိုလ်သော်လည်းကောင်း တပ်မတော်အား ဖျောင်းဖျနိုင်ခဲ့လျှင် လက်မှတ်ထိုးနို်င်ဖို့ အလားလာရှိကြောင်းနှင့်      နောင်ကျင်းပမည့် ညီလာခံတွင်လည်း မတက်ရောက်နိုင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၃)လည်းပါ၀င်သွားရန် ဆောင်ရွက်သွားရန် လိုအပ်သည်ဟု ပြောသည်။

“NCAလက်မှတ်ကိုထိုးပြီး ဆိုတာတောင်မှ ညီလာခံရလာဒ်ကို ပုံဖော်မယ့် နိုင်ငံရေးဆွေးနွေးရေးမူဘောင်ကလည်းအရေး ကြီးတယ် ဒါကိုပြန်လည်သုံး သပ်ပြင်ဆင်ဖို့လိုမယ်။ ပြောချင်တာက NCAထဲမှာ ကျန်တဲ့လက်နက်ကိုင်အဖွဲ့အစည်း တွေပါ၀င်လာဖို့ဆိုတာ ဆက်ပြိးညှှိနှိုင်းသွားကြမယ်ဆိုရင် ဖြစ်လာနိုင်မယ်လို့ယူဆ တယ်”ဟု ၄င်းကဆက်ပြောသည်။

သြဂုတ် ၃၁ရက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၂၁ပင်လုံညီလာခံ မိန့်ခွန်းတွင် “အချိန်လွန်နေ ပြီဖြစ်တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ညှိနှိုင်းဆွေးနွေးရပါမယ်။ NCA သဘောတူညီချက်အရ နိုင်ငံရေးမူဘောင်ရေးဆွဲစဉ်ကတည်းက ပြောင်းလွယ်ပြင်လွယ် ဖြစ်အောင်လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
လက်နက်ကိုင်ရတဲ့ မူလဇစ်မြစ်ဖြစ်တဲ့ နိုင်ငံရေးပြသနာကို အပြန်အလှန် ပူးပေါင်းအဖြေရှာဖို့၊ ဖြေရှင်းဖို့ ဖြစ်ပါတယ်။”ဟု  ပြောခဲ့သည်။

NCA လက်မှတန်ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS အဖွဲ့၏ အကြံပေးပုုဂ္ဂိုလ် ဦးခွန်ဆိုင်က NCAမထိုးထားသည့်အဖွဲ့များ ပါလာနိုင်ရန် ၆လအတွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၊ ပြည်နယ်အဆင့်၊ လူမျိုးအလိုက်အဆင့်၊ခေါင်းစဉ်အလိုက်အဆင့်များ မည်မျှအကောင်အထည်ဖော်သွားမည့် အပေါ်မှာသာမူတည်သည်ဟု ပြောသည်။

“ဒီအဆင့်တွေမှာ သူတို့တကယ်လုပ်နိုင်တယ် ဆိုလို့ရှှိရင်နောက်တခေါက် ညီလာခံဖြစ်လို့ရှိရင် အဖြေကလည်းအများကြီး ပေါ်လာမှာပေါ့နော် ကျေနပ်လောက်တဲ့အဖြေ ပေါ်လာရင်သူတို့ုထိုးမယ် မထိုးဘူးဆိုတာကလည်းပေါ်လာမှာပါ” ဟု၄င်းက ဆက်ပြောသည်။

ဓာတ်ပုံ-CJ
January 9, 2026
ရွေးကောက်ပွဲလုံခြုံရေးအကြောင်းပြပြီး ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ စစ်ကော်မရှင်တပ်...
ဓာတ်ပုံ-Social Media
January 9, 2026
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မုတ်ဆိတ်ကွင်းကျေးရွာထဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ပစ်...
ဓာတ်ပုံ-CJ
January 7, 2026
ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပါဝင်နေတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာတွေထဲကို...
December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...