ကရင်နီဂေဟစနစ်စိုက်ပျိုးရေးသင်တန်းဆင်းကျောင်းသားများ ဒေသခံသို့ ဂေဟစိုက်ပျိုးနည်း ဆင့်ပွားပညာပေးမည်

ကရင်နီဂေဟစနစ်စိုက်ပျိုးရေးသင်တန်းဆင်းကျောင်းသားများ ဒေသခံသို့ ဂေဟစိုက်ပျိုးနည်း ဆင့်ပွားပညာပေးမည်

ကရင်နီဂေဟစနစ်စိုက်ပျိုးရေးကျောင်းမှ သင်ယူခဲ့သော စိုက်ပျိုးရေးဆိုင်ရာ အသိပညာများကို လူထုထံသို့ ပြန်လည်ပို့မည့်အစီအစဉ်ကို သင်တန်းဆင်း ကျောင်းသား/သူများက ဆင့်ပွားပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကယား(ကရင်နီ)ပြည်နယ်အတွင်း   ဖြတ်လမ်းဖြင့် အသုံးပြုလာသော ဓါတ်မြေသြဇာနှင့် နည်းလမ်းမမှန်သော စိုက်ပျိုးမှုကြောင့် သဘာဝပတ်ဝန်းပျက်ဆီးနေမှုကို တစိတ်တပိုင်း ပြန်လည်ကုစားနိုင်ရန် သင်တန်းကျောင်းအား ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

“သင်တန်းပြီးသွားတဲ့ ကျောင်းသူ/သားတွေ ဒီသင်တန်းမှာ ဘယ်လိုမျိုး သင်တန်းမှာ သင်ယူရရှိခဲ့ သင်ခန်းစာ ဘာသာရပ်တွေကို ကိုယ့်ရဲ ့ပြည်သူ အတွင်းမှာ ပြန်လည်ပို့ချမယ်။ ပြီးတော ကိုယ်တိုင်လည်း အသုံးချပြီးတော့ လေ့လာမယ် လုပ်ကိုင်ဆိုလို့ရှိရင် ကျနော်တို့ ရေရှည် ဝင်ငွေတိုးတဲ့ စိုက်ပျိုးရေးနည်း စနစ်တွေ ရရှိသွားအောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်ရတာဖြစ်တယ်။”ဟု  ကရင်နီဂေဟစနစ် စိုက်ပျိုးရေးသင်တန်းကျောင်း၏ တာဝန်ခံ ကျော်ဇင်လီယိုက ပြောသည်။

၆  လတာ သင်ယူခဲ့သော သင်ခန်းစာများတွင် သဘာဝပတ်ဝန်းကျင် မပျက်စီးစေဘဲ ဂေဟစနစ်စိုက်ပျိုးနည်းများကို  စိုက်ပျိုးရေးကျောင်းက  အဓိကသင်ကြားပေးခဲ့သည်။

“သဘာဝကို ဘယ်လိုမျိုးရောစပ်ပြီးတော သုံးရမလဲဆိုတာ အရင်ဦးဆုံး ကိုယ်ကိုယ်တိုင် စာပြအနေနဲ့ လုပ်ပြပြီးတော ထပ်ဆင့်ရွာကနေမှ အုပ်စုရွာအထိ ဝေမျှဖို့ စိတ်ကူးရှိတယ်ပေါ့နော်။”ဟု ဒီးမောဆိုမြို့ ဒေါတမကြီးကျေးရွာမှ ကရင်နီဂေဟာစနစ်စိုက်ပျိုးရေးသင်တန်းသို့ တက်ရောက်ခဲ့သူတစ်ဦးဖြစ်သူ  လီးရယ်က သူ့၏ ရည်ရွယ်ချက်ကို ပြောပြသည်။

လက်ရှိတောင်သူအများစုမှ စိုက်ပျိုးရေးလုပ်ကိုင်အချိန်၌ ဓာတ်မြေသြဇာတွေ အသုံးပြုတာတွေ၊ ရွှေ့ပြောင်းတောင်ယာတွေ စိုက်ပျိုးကြခြင်းကြောင့် မြေဆီလွှာနှင့် သဘာဝပတ်ဝန်းကျင်ကို ပိုမိုထိခိုက်လာစေကြောင်း ဆိုသည်။

ဒီဇင်ဘာ ၈ ရက်နေ့က စိုက်ပျိုးရေးကျောင်းသား သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့သည်။ သင်ခန်းစား အဆုံးအထိ ပြီးမြောက်အောင်မြင်သူ ၂၂ ဦးရှိခဲ့ကာ သင်ခန်းစာ ၁ ခုပြီးဆုံးအောင် သင်ကြားခဲ့သူ ၄ ဦးရှိကြောင်း သိရသည်။

အဆိုပါ ဂေဟစနစ်စိုက်ပျိုးရေးသင်တန်းကျောင်းကို ကယားပြည်နယ် လွိုင်ကော်မြို ့ ပါလောင်းကျေးရွာ(ရေကျော်)တွင် ထားရှိဖွင့်လှစ်ထားခြင်းဖြစ်သည်။ ယင်းကျောင်း ဖွင့်လှစ်စဉ်အတောအတွင်း ပြည်နယ်အစိုးရမှ ကန့်ကွက်စာ ၂ ကြိမ်အထိ ပေးပို့ထားကြောင်း သိရသည်။

ကရင်နီနဲ့ ပြည်နယ်အစိုးရလက်မှတ်ထိုးတဲ့ ပြည်နယ်အဆင့်တို့ ပြည်ထောင်စု အဆင့်တို့မှာ ဆိုလို့ရှိရင် အဲဒီထဲမှာက ကေအဲန်ပီပီ ဘက်ကလုပ်တဲ့ ဖွံဖြိုးရေးလုပ်ငန်းတွေကို အစိုးရဘက်နဲ့ ပူးပေါင်းလုပ်ဆောင်သွားပါမယ်ဆိုတဲ့ အချက်တစ်ချက်ပါတယ်ပေါ့နော်။ ဆိုတော့ အဲဒီအချက်တစ်ချက် အနေနဲ့ကြည့်မယ်ဆိုရင်တော ကျနော်တို့ က နိုင်ငံရေးလုပ်တာတွေ မဟုတ်ဘူး။ စစ်ရေးလုပ်တာလည်း မဟုတ်ဘူးဆိုတော ဒါက ဖွံဖြိုးရေးအတွက် ဒီဒေသခံက လုံးဝပညာလိုအပ်တာဖြစ်တယ်။”ဟု ကျော်ဇင်လီယိုက ပြောကြားသည်။

စက်တင်ဘာလ ၅ ရက်နေ့က ဆိုမိုဖရေစိုးလေး (ရှားတော) မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုအပြီး ပျက်စီးမှုအခြေအနေ။ / Crd
September 21, 2026
ကရင်နီပြည်တွင် စစ်အုပ်စုတပ်၏ အသေခံဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် စက်တင်ဘာလ...
ဓာတ်ပုံ - ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသူ မူအန်းဂျလာ။
September 21, 2026
ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ၏ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့် ကွယ်လွန်ပြီးနောက် လစ်လပ်သွားသည့်...
ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...