ကေအဲန်ယူနှင့် မွန်ပြည်သစ်ပါတီ ရေဖြူမြို့နယ်တွင် တိုက်ပွဲဖြစ်

ကေအဲန်ယူနှင့် မွန်ပြည်သစ်ပါတီ ရေဖြူမြို့နယ်တွင် တိုက်ပွဲဖြစ်
by -
သံလွင်တိုင်းမ်
မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အစပ် တနင်္သာရီတိုင်း ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအုပ်စု သဲချောင်းဖျားကျေးရွာအနီးတွင် စက်တင်ဘာ ၈မွန်းလွဲ ၁နာရီခန့် က မွန်ပြည်သစ်ပါတီပါတီ (NMSP) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တို့မအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု နှစ်ဖက်တာဝန်ရှိသူများထံမှသိရသည်။

 ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအုပ်စု အရှေ့ဘက်ခြမ်းသည် မွန်ပြည်သစ်ပါတီပါတီ သြဇာသက်ရောက်သည့်နယ်မြေ ဖြစ်ပြီး၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ လှုပ်ရှားရာနယ်မြေနှင့်လည်း ထိစပ်လျက် ရှိသည့်ဒေသတစ်ခု ဖြစ်သည်။

 “ပစ်ခတ်မှုဖြစ်ပွားတယ်ဆိုတဲ့ သတင်းက သေချာပါတယ်။ ဖြစ်တဲ့နေရာက သဲချောင်းကျေးရွာမှာပဲ ဖြစ်ပါတယ်။” ဟု KNU၏ ထားဝယ်ခရိုင် ဆက်ဆံရေးရုံးတာဝန်ခံ ဦးဝင်းခိုင်ကပြောသည်။

KNU အနေဖြင့် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ပြန်လည်လှုပ်ရှားသွားမည် ဖြစ်ကြောင်းကို KNU ၏ လယ်ဒိုစိုးမြို့နယ် (ရေဖြူမြို့နယ်) အတွင်းရေးမှူး စောဆီဆိက လက်မှတ်ရေးထိုးကာ ထိုဒေသရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ သြဂုတ်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ထားသည့် အသိပေးစာကို သံလွင်တိုင်းမ်က လက်ခံရရှိခဲ့သည်။

 အချင်းချင်းကြားတွင် ပြဿနာမကြီးထွားစေရန် ပစ်ခတ်မှုနှင့်ပတ်သက်၍ လတ်တလောတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးပေါင်းကော်မတီ(UPDJC)မှ ဦးလှမောင်ရွှေ၊တနသာင်္ရီတိုင်း နယ်လုံဝန်ကြီး၊ ပြည်နယ်အဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ JMCတို့ကို အသိပေးအကြောင်းကြားထားကြောင်း မွန်ပြည်သစ်ပါတီ ပြည်တွင်းတာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

“နယ်မြေအုပ်ချုပ်ရေးကိစ္စနဲ့ပတ်သက်ပြီး ရှုပ်ထွေးနေဆဲဖြစ်တယ် မပြီးပြတ်သေးတာလည်းပါတယ်လေ။ အခုဖြစ်တာကလည်း ရည်ရွယ်ချက်ရှိရှိနဲ့ ဖြစ်သွားတာလည်း မဟုတ်ပါဘူး” ဟု နိုင်ဝင်းလှက ပြောသည်။

သြဂုတ်လအတွင်းကလည်း  နှစ်ဖက်တပ်ဖွဲ့ကြား တင်းမာမှု ဖြစ်ပွားခဲ့ပြီးနောက် ရေးချောင်းဖျားဒေသ မရမ်းချောင်းတံတားထိပ်တွင် KNU ဘက်မှ ၎င်းတို့၏ ဂိတ်စခန်း လာရောက်ချထားလျက် ရှိသည်။

၂၀၁၅ခု အောက်တိုဘာ ၁၅ရက်တွင် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့တို့က အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့ရှိသည့်အနက် မွန်ပြည်သစ်အပါအဝင် (NCA)မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၃ ဖွဲ့ရှိသည်။

June 29, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်းမြစ်ကြောင်းတစ်လျှောက်ရှိ ရွှေမျောလုပ်ကွက်တွေ သုံးရက်ဆက်တိုက်...
ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...
ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...
June 25, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအသစ် လက်ထက်မှာ...