လယ်ယာမြေများ ပျက်စီးစေသည့် သွင်းအားစုများကို ထိန်းချုပ်ပေးရန် လွှတ်တော်ကိုယ်စားလှယ် မေးမြန်း

လယ်ယာမြေများ ပျက်စီးစေသည့် သွင်းအားစုများကို ထိန်းချုပ်ပေးရန် လွှတ်တော်ကိုယ်စားလှယ် မေးမြန်း
by -
မော်ဦးမြာ

ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးများကြောင့် လယ်ယာမြေရှိ မြေဆီလွှာတွေ ပျက်စီးနေတဲ့ကိစ္စကို ပြည်နယ်အစိုးရမှ စိစစ်ပေးရန် တိုင်းရင်းသားပါတီ၏ လွှတ်တော်ကိုယ်စားလှယ်က ပြည်နယ်လွှတ်တော်တွင် မေးမြန်းခဲ့သည်။

သီးနှံအထွက်တိုးရေးအတွက် ဓာတ်မြေသြဇာ အသုံးပြုမှု များပြားလာနေပြီး တစ်နှစ်ပြီးတစ်နှစ် စိုက်ပျိုးမြေများ ပျက်စီးလာနိုင်သည့်ကိစ္စအား ကြိုတင်ကာကွယ်ရန် လုပ်ဆောင်သင့်ပြီဟု ဖရူဆိုမဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောသည်။

“ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတဲ့ သုတေသနလုပ်ငန်းတွေ သေချာလုပ်ဖို့ လိုအပ်တယ်လို့ ကျွန်တော့်အနေနဲ့ မြင်တာပေါ့နော။ ပြည်နယ်အစိုးရနဲ့ ဆိုင်ရာ စိုက်ပျိုးရေးဌာနတွေကလည်း ဒီအပေါ်မှာ သူတို့သုတေသနလုပ်ငန်းလုပ်တာတွေ ရှိပြီလား မရှိသေးဘူးလား။ တကယ်လို့ မရှိသေးဘူးဆိုရင် ဒီလိုဖြစ်နေတဲ့အပေါ်မှာ ဒါဘာကြောင့် ဒီလိုဖြစ်ရတာလဲ၊ ဒီမြေနေရာက ဘာလို့စိုက်လို့မရတော့တာလဲ ဆိုတဲ့ဟာမျိုးတွေလည်း တိတိကျကျ အဖြေဖော်ထုတ်သင့်တယ်။”ဟု ၎င်းက ပြောသည်။

ဒီကိစ္စနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က နိုဝင်ဘာ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သော ပြည်နယ်လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

သီးနှံအထွက်တိုးရေးအတွက် ဓာတ်မြေသြဇာ အသုံးပြုမှု များပြားလာနေပြီး တစ်နှစ်ပြီးတစ်နှစ် စိုက်ပျိုးမြေတွေ ပျက်စီးလာနေပြီဖြစ်ကြောင်း ဦးသဲရယ်က ပြောသည်။ ထို့အပြင် စိုက်ပျိုးရေးကဏ္ဍအတွက် သုတေသနလုပ်ငန်းများကို ယခုမှစ၍ ထဲထဲဝင်ဝင် လုပ်ဆောင်ရန် လိုအပ်နေပြီဟု ၎င်းက ထောက်ပြသည်။

အဲ့ဒီအခြေအနေကြောင့် တောင်ယာအချို့တွင် မြေဆီလွှာများ မာကျောလာခြင်းကြောင့် သီးနှံမျိုးစေ့ချသော်လည်း အပင်ရှင်သန်ခြင်း မရှိခြင်းကြောင့် အခက်အခဲကြုံနေမှုများ ရှိနေကြောင်း ဦးသဲရယ်က ပြောသည်။

“မြေပဲစိုက်လို့ရှိရင် မြေပဲပုပ်သွားပြီးတော့ ပျက်စီးသွားတယ်ပေါ့နော။ သက်တမ်းပြည့်တဲ့အထိ မြေပဲကလည်း သိပ်မရှင်နိုင်တော့တဲ့ အနေအထားကို ကျနော်တို့ တွေ့ရတယ်ပေါ့နော။”ဟု ၎င်းက ပြောကြားသည်။

ကယားပြည်နယ်အတွင်းရှိ စိုက်ပျိုးသီးနှံတွေမှာ ဓာတုပါဝင်တဲ့ဆေးဝါးတွေနဲ့ မြေသြဇာတွေ အလွန်အကျွံ အသုံးမပြုသေးကြောင်း၊ တောင်သူတွေ စနစ်တကျ သုံးစွဲတတ်စေရန် သီးနှံအလိုက် ရာသီအလိုက် ရေမြေသဘာဝအလိုက် စံပြကွက်များ၊ စမ်းသပ်ကွက်များ၊ မျိုးယှဉ်ပြိုင်ကွက်များ၊ သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းများကို ပညာပေးဆောင်ရွက်လျက်ရှိကြောင်း ကယားပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဝန်ကြီး ဦးဘော့စ်ကိုက ပြောကြားသည်။

“ပိုးသတ်ဆေးနဲ့ ဓါတ်မြေသြဇာ ရောင်းချတဲ့ ဆိုင်တွေက ကျနော်တို့ ဆီမှာ မှတ်ပုံတင်ရပါတယ်။ တောင်သူတွေကို ပြောချင်တာက ဝယ်လိုက်တဲ့ ပိုးသတ်ဆေးနဲ့ ဓါတ်မြေသြဇာတွေကြောင်း ထိခိုက်နစ်နာတယ်ဆိုရင် အချိန်မရွေးတိုင်ပါ။ ပြီးတော့ အဲ့ဒီလို ဝယ်မယ်ဆိုရင် ဆိုင်ရဲ့ ပြေစာကို သေသေချာချာ တောင်းခဲ့ဖို့ မှာချင်တယ်။ အဲ့ဒါမှ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ အရေးယူလို့ရမယ်။”ဟု ဝန်ကြီး ဦးဘော့စ်ကိုက ကန္တာရဝတီတိုင်းသို့ နိုဝင်ဘာ ၂၇ ရက်နေ့က ပြောကြားထားသည်။

သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာများက ယခင်က ဖရူဆိုမြို့နယ်မှာ မျိုးစေ့များ ဖြန့်ဝေပေးခြင်းများ အနည်းငယ်ရှိသော်လည်း မြေဆီလွှာ ပျက်စီးနေတဲ့အပေါ် သုတေသနပြုလုပ်စမ်းသပ်ပေးခြင်း မရှိသေးကြောင်း ဦးသဲရယ်က ပြောကြားသည်။

စက်တင်ဘာလ ၅ ရက်နေ့က ဆိုမိုဖရေစိုးလေး (ရှားတော) မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုအပြီး ပျက်စီးမှုအခြေအနေ။ / Crd
September 21, 2026
ကရင်နီပြည်တွင် စစ်အုပ်စုတပ်၏ အသေခံဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် စက်တင်ဘာလ...
ဓာတ်ပုံ - ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသူ မူအန်းဂျလာ။
September 21, 2026
ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ၏ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့် ကွယ်လွန်ပြီးနောက် လစ်လပ်သွားသည့်...
ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...