မွန်ဒေသ မြေယာမူဝါဒရေးဆွဲရန်အတွက် ၁၅ဦးကော်မတီဖွဲ့

မွန်ဒေသ မြေယာမူဝါဒရေးဆွဲရန်အတွက် ၁၅ဦးကော်မတီဖွဲ့
by -
သံလွင်တိုင်းမ်
မွန်ဒေသ မြေယာမူဝါဒရေးဆွဲရန်အတွက် ၁၅ဦးပါ၀င်သည့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း မွန်ဒေသ မြေယာမူဝါဒရေးဆွဲရေးကော်မတီထံမှ သိရသည်။

မွန်ဒေသ မြေယာမူဝါဒရေးဆွဲကော်မတီတွင် မွန်ပြည်သစ်ပါတီမှ ကိုယ်စားလှယ် ၃ ဦး၊ မွန်လူမှုအဖွဲ့အစည်းမှ ၄ ဦး၊ သံလွင်အရှေ့ခြမ်းမှ ကရင်ပြည်နယ်မှ၄ ဦး သံလွင်အနောက်ခြမ်း မွန်ပြည်နယ်မှ ကိုယ်စားလှယ် ၄ ဦး ပါဝင်သည်။

"မွန်မှာက မြေယာမူဝါဒနဲ့ ပတ်သက်ပြီး မိရိုးဖလာအရ စီမံခန့်ခွဲလာတာဘဲရှိခဲ့တယ်၊  တိကျကျ စာရွက်ပေါ်မှာ ရေးဆွဲထားတဲ့ မြေယာမူဝါဒဆိုတာ မရှိသေးဘူး၊ နောက်တခုက ဖက်ဒရယ်ပြည်ထောင်စုကိုသွားတဲ့အခါမှာလည်း မြေယာမူဝါဒက ဒုတိယအရေးကြီးဆုံးမှာ ပါတယ်၊ ဖက်ဒရယ်ပြည်ထောင်စုမှာ မွန်တွေအနေနဲ့ တိကျတဲ့ ကိုယ့်ရဲ့မြေယာမူဝါဒ ချပြနိုင်ဖို့အတွက် မြေယာမူဝါဒရေးဆွဲဖို့ဖြစ်လာတာပါ" ဟု မွန်ဒေသ မြေယာမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးတာဝန်ခံ မင်းမင်းနွယ်က ပြောသည်။

မွန်ဒေသ မြေယာမူဝါဒ ရေးဆွဲနိုင်ရန်အတွက် စက်တင်ဘာ ၄ ရက်နှင့် ၅ ရက်တွင် ပထမဆုံးအကြိမ် မွန်ဒေသ မြေယာမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးတရပ်ကို ရာမညဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

ကော်မတီအနေဖြင့် ပညာရှင်များနှင့် ပူးပေါင်းပြီး ဒေသများသို့ ကွင်းဆင်းကာ မြေယာအသုံးချနေမှု ထုံးတမ်းအစဉ်အလာများအရ မြေယာအသုံးချနေမှု အချက်အလက်များ ကောက်ယူပြီး မွန်ဒေသ မြေယာမူဝါဒရေးဆွဲခြင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း မင်းမင်းနွယ်က ဆက်ပြောသည်။

၄င်းပြင် အလုပ်ရုံဆွေးနွေးပွဲမှ မွန်ဒေသ မြေယာမူဝါဒရေးဆွဲရာတွင် မြေယာအသုံးချ စီမံခန့်ခွဲရာတွင် မိမိတို့ဒေသလူမျိုး ထုံးတမ်းဓလေ့များကို အခြေခံပြီး ထည့်သွင်းရေးဆွဲရန်၊ တိုင်းရင်းသားဒေသရှိ မြေယာများကို ၄င်းဒေသရှိ ဌာနေတိုင်းရင်းသားတို့ကသာ ပိုင်ဆိုင်ပြီး အသုုံးချ စီမံခန့်ခွဲရန်၊ အမျိုးသမီးများလည်း မြေယာပိုင်ဆိုင် စီမံခန့်ခွဲခွင့်ရရှိရန်အပါအဝင် အချက် ၁၁ ချက်ကို အခြေခံရေးဆွဲသွားရန် ချမှတ်ထားသည်။

မွန်ပြည်သစ်ပါတီ၊ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းနှင့် မွန်လူမှုအဖွဲ့များ ပူးပေါင်းပြီး ပထမဆုံးအကြိမ် မွန်ဒေသ မြေယာမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကိုတနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပဲခူးနှင့် မွန်ပြည်နယ် ၁၀ မြို့နယ်တို့မှ မွန်ပြည်သူ စုစုပေါင်း ၁၄၀ ကျော် တက်ရောက်ခဲ့ကြသည်။

အစိုးရနှင့် အပစ်ခတ်ရပ်စဲရေးစာချုပ်(NCA)လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)ကလည်း ကေအဲန်ယူမြေယာလမ်းစဉ်ကို လယ်ယာစိုက်ပျိုးရေးဌာနမှ ကရင်မြေယာမူဝါဒကို ၁၉၇၄တွင်ရေးဆွဲခဲ့သည်။

၎င်းတို့ထိန်းချုပ်နယ်မြေရှိမြေယာများကိုရေးဆွဲထားသည့်ကရင်မြေယာမူဝါဒအတိုင်းစီမံခန့်ခွဲမည်ဖြစ်ပြီးကရင်မြေယာမူဝါဒသည် နေရပ် စွန့်ခွာသူများ၏ မြေယာပိုင်ဆိုင်မှု ကိုပါ ထည့်တွက်ထားကာ ယင်းနေ ရာ၌ စီမံကိန်းတစ်ခုခုရှိပါက လျော်ကြေးပို်င်ဆိုင်ခွင့်ကိုပါ ထည့် တွက်ထားခြင်းဖြစ်သည်။ ထို့ အ ပြင် ရိုးရာဓလေ့ထုံးတမ်းမြေယာပိုင်ဆိုင် မှုများကို အသိအမှတ်ပြုထားပြီး ပုဂ္ဂလိက ပိုင်ဆိုင်မှုများကိုလည်း ကန့်သတ်ထားသည်။

ဓာတ်ပုံ - သံလွင်တိုင်းမ်
August 13, 2026
မွန်ပြည်၊ ရေးမြို့နယ် မြောက်ပိုင်းဒေသတွင် စစ်အုပ်စုတပ်၏ လေကြောင်းရန်ကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ...
ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...