ကချင်ပြည်နယ် မိုးညှင်းမြို့တွင် မူးယစ်ဆေး ၁၃၄ သိန်းဖ်ုိး ဖမ်းဆီးရမိ

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် မူးယစ်ဆေး ၁၃၄ သိန်းဖ်ုိး ဖမ်းဆီးရမိ
by -
မုန်းမုန်းမင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ နိုဝင်ဘာ ၁၉ ရက်မနက် ၆း၃ဝအချိန်မှာ အသက်၃၀ အရွယ်အမျိုးသား ၁ ဦးထံက မူးယစ်ဆေးဝါး ကျပ် ၁၃၄ သိန်း ဖိုးသိမ်းဆည်းရမိတယ်လို့ မိုးညှင်းရဲစခန်းမှ သိရသည်။

ဖမ်းဆီးရမိပုံမှာ မိုးညှင်းရဲစခန်းမှ ရဲအုပ်ညွန့်လှိုင်နှင့်အဖွဲ့ မူးယစ်တပ်ဖွဲ့ ၃ နှင့်အဖွဲ့များသည် သက်သေများနဲ့အတူမိုးညှင်းမြို့အဝင် ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ မောင်းတံဂိတ်တွင်  ပိတ်ဆို့စစ်ဆေး ရှာဖွေရာ မော်ဟန်ဖက်မှ မိုးညှင်းဖက်သို့ မောင်ငယ် ခေါ် အောင်ဇော်ဇော်လင်း မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးခဲ့သည်။

၎င်းလွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ ရောင်စုံဆပ်ပြာခွက်အတွင်း ပလပ်စတစ်အိတ်ဖြင့်ထည့်ထားသည့် ဘိန်းဖြူဟုယူဆရသော ဖြူဝါမှုန့် ၁၀ ဂရမ်ခန့်စီပါ ၁၁ ခွက် အလေးချိန်စုပေါင်း ၁၁၀ ဂရမ်၊ ကာလတန်ဖိုး ၇၇ သိန်း၊ အပြာရောင်ကပ်ခွာအိတ်အတွင်းထည့်လျက် WYစာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉ဝပြားစီပါ ၁၀ ထုပ်၊ စုစုပေါင်းဆေးပြား ၁၉၀၀ ပြား အလေးချိန် ၁၉၀ ဂရမ်၊ ငွေစက္ကူရောရာ ၅သောင်းကျပ်နှင့် မူးယစ် ၂မျိုးပေါင်း ကာလတန်ဖိုး ကျပ် ၁၃၄ သိန်းဖိုး သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

စစ်ဆေးချက်အရ အဆိုပါပစ္စည်းများမှာ တနိုင်းမှော်ထဲသို့ သွားရောက်ရောင်းချမည်ဖြစ်ကြောင်း စစ်ဆေး သိရှိရသည်။

၎င်းမူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ မောင်ငယ် ခေါ် အောင်ဇော်ဇော်လင်း အား ရဲအုပ်ညွန့်လှိုင်က တရားလိုပြုကာ မိုးညှင်းရဲစခန်းမှ မယ(ပ) ၁၆၀/၁၇ မူးစိတ်ပုဒ်မ ၁၅/၁၉(က)၂၀(က) ဖြင့် မိုးညှင်းမြို့မရဲစခန်းမှ အရေးယူဆောင်ရွက်နေသည်။

Most read this week

December 18, 2025
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၌ စစ်ကော်မရှင်တပ်က ငါးရက်အတွင်း ဗုံးနှစ်ကြိမ်ကြဲ ချခဲ့ရာ...
December 17, 2025
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် ခလရ (၂၆၇) တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ်...
December 16, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင်...
December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...