ဌာနေ ကရင်တိုင်းရင်းသားများ၏ မြေယာတွေ အသိမ်းခံနေရဟု KNU ဆို

ဌာနေ ကရင်တိုင်းရင်းသားများ၏ မြေယာတွေ အသိမ်းခံနေရဟု KNU ဆို

ဌာနေ ကရင်တိုင်းရင်းသားများ၏ မြေယာများအား ဥပဒေဘောင်အတွင်းကရော ဥပဒေပြင်ပကပါ သိမ်းယူခံခြင်းများ ရှိနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုကော်မတီဝင် မြေယာကော်မတီဥက္ကဌ ဖဒိုမန်းဘထွန်းက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"အစိုးရရဲ့ လက်ရှိတည်ဆဲဥပဒေလို့ ပြောပြောနေတဲ့ မြေယာဥပဒေကြောင့်လည်း သိမ်းဆည်းခံရတယ်၊ ဥပဒေမဲ့လည်း သိမ်းဆည်းခံရရှိတယ်၊နောက်လည်း ဆက်ပြီးသိမ်းဆည်းခံရဖို့ အခြေအနေတွေရှိနေတယ်" ဟု ဖဒိုမန်းဘထွန်းက ဆိုသည်။

ကရင်လူမှုအဖွဲ့အစည်းအဖွဲ့အစည်းပေါင်း ၅၃ ဖွဲ့မှ ကိုယ်စားလှယ်ပေါင်း ၃၇၃ ဦး တက်ရောက်ဆွေးနွေးခဲ့သည့် ကော်သူးလေ မြေယာနှီးနှောဖလှယ်ပွဲအပြီး မဇ္စျိမက ဆက်သွယ်မေးမြန်းရာတွင် ဖဒိုမန်းဘထွန်းကအထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

ယင်း ကော်သူးလေမြေယာနှီးနှောဖလှယ်ပွဲကို ကရင်အမျိုးသားအစည်းအရုံး(KNU) မှ ဦးဆောင်ပြီး ဘားအံခရိုင် ၊ လော်ခီးလာ၌ နိုဝင်ဘာ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိအစိုးရအသုံးပြုနေသည့် မြေလွတ်၊မြေလပ်၊မြေရိုင်းစီမံခန့်ခွဲမှု ဥပဒေသည် ကော်သူးလေ မြေယာမူဝါဒ၊ ဌာနေ တိုင်းရင်းသားတို့၏ မြေယာအသုံးပြုမှုှနှင့် စီမံခန့်ခွဲမှုများနှင့် ကွဲလွဲမှုများ ရှိနေသည်ကို ယင်းဆွေးနွေးပွဲ၌ ဆွေးနွေး ဖြစ်ခဲ့သည်ဟု KNU မြေယာကော်မတီဥက္ကဋ္ဌ ဖဒိုစောလှထွန်းက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံ၏ မြေနှင့်သက်ဆိုင်သော ဥပဒေများဖြစ်သည့် ၂၀၁၂ လယ်ယာမြေဥပဒေ ၊ မြေလွတ်၊မြေလပ်၊မြေရိုင်း စီမံခန့်ခွဲမှုဥပဒေ၊ အထူးစီးပွားရေးဇုံ နှင့် ရင်းနှီးမြှုပ်နှံမှု ဥပဒေများသည် အစိုးရထံတွင် မှတ်ပုံမတင်ထားသည့် မြေများအား မြေလွတ်မြေရိုင်းအဖြစ်သတ်မှတ်ထားသည်။ ယင်းသို့ သတ်မှတ်ထားသည့် အချက်များသည် ဌာနေကရင်တိုင်းရင်းသားများ ၏ နေ့စဉ်လူနေမှုဘဝများအား ခြိမ်းခြောက်မှု များစွာရှိနေသည်ဟု ကော်သူးလေမြေယာနှီးနှော ဖလှယ်ပွဲအပြီး၌ ထုတ်ပြန်စာတစ်စောင် ထုတ်ပြန်ထားသည်။

May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...