မွန်ပြည်နယ်အခြေစိုက် နိုင်ငံရေး နှစ်ပါတီ အလွတ်သဘော တွေ့ဆုံမည်

မွန်ပြည်နယ်အခြေစိုက် နိုင်ငံရေး နှစ်ပါတီ အလွတ်သဘော တွေ့ဆုံမည်
by -
ဇေယျာမော်
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ အလံပုံ
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ အလံပုံ

မွန်အမျိုးသားပါတီ(MNP) နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ(AMDP) တို့အကြား လာမည့် နို၀င်ဘာ ၈ ရက်နေ့တွင် တွေ့ဆုံသွားမည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အတွင်းရေးမှူး(၁) နိုင်စံတင်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"နိုဝင်ဘာ ၈ ရက်နေ့မှာ အလွတ်သဘောတွေ့မယ်၊ တွေ့ဆုံဆွေးနွေးဖို့က အရေးကြီးတယ်။ တွေ့ပြီး ဆွေးနွေးပြီးမှ အဖြေတစ်ခုတော့ ထွက်လာမှာပေါ့" ဟု နိုင်စံတင်က ဆိုသည်။

စတင်တွေ့ဆုံရန် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဘက်မှ နိုဝင်ဘာ ၁ ရက်နေ့တွင် စတင်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး မွန်အမျိုးသားပါတီဘက်မှ လက်ခံကြောင်း အကြောင်းပြန်စာကို နိုဝင်ဘာ ၂ ရက်နေ့တွင် ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။

ကိုယ်စားလှယ်သုံးဦးစီပါ၀င်သည့် အဖွဲ့များကို ပါတီ နှစ်ခုစလုံးမှ ဖွဲ့စည်းထားပြီး တွေ့ဆုံဆွေးနွေးရာတွင်လည်း ယင်းကိုယ်စားလှယ်အဖွဲ့အချင်းချင်းသာ တွေ့ဆုံသွားမည်ဖြစ်ကြောင်း နိုင်စံတင်က ဆိုသည်။

မွန်ပြည်နယ်၌ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ၊ မွန်အမျိုးသမီးပါတီ ၊ မွန်အမျိုးသားပါတီ စသည့်ဖြင့် ပါတီများ ရှိနေပြီး မွန်ပါတီတစ်ခုတည်းအဖြစ် ပေါင်းစည်းရန် ပြည်သူများက လိုလားလျက်ရှိနေသည်။ သို့သော် ပါတီတစ်ခုတည်းအဖြစ် ပေါင်းစည်းရန် ညှိနှိုင်းမှုများ ရှိနေသော်လည်း မပေါင်းစည်းနိုင်သေးဖြစ်နေသည်။

မွန်ပါတီများ ပူးပေါင်းရန် ကိစ္စနှင့် ပတ်သက်ပြီး "အဓိက ပြောရရင် ပူးပေါင်းဆောင်ရွက်ချင်တာပေါ့၊ မွန်ပါတီတွေ ပေါင်းစည်းဖို့က အများကြီး ဆွေးနွေးရဦးမယ်လေ" ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အတွင်းရေးမှူး(၁) နိုင်စံတင်က ပြောသည်။

မွန်ပါတီချင်းပေါင်းစည်းရန် ကိစ္စ အဆင်မပြေမှုများကြောင့် နှစ်ဖက်ပါတီမှ ပါတီထိပ်ပိုင်းခေါင်းဆောင်ပိုင်းနှင့် ပါတီဝင်များသည် ယခုနှစ်ပိုင်းအတွင်း နှုတ်ထွက်မှုများ ပြုလုပ်ခဲ့သည်။ ယင်းတို့အထဲတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ချောင်းဆုံမြို့နယ် အတွင်းရေးမှူးဖြစ်သူ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦး သည် မွန်ပါတီများ တစ်ပါတီအဖြစ် ပေါင်းစည်းနိုင်ခြင်း မရှိသည့်အတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ နုတ်ထွက်ထားသူလည်းဖြစ်သည်။

May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...