ရခိုင်အရေးတွင် နိုင်ငံတကာအကြံပြုချက်အတိုင်း လုပ်နေပါက ပိုဆိုးလာနိုင်ဟု USDP ပြော

ရခိုင်အရေးတွင် နိုင်ငံတကာအကြံပြုချက်အတိုင်း လုပ်နေပါက ပိုဆိုးလာနိုင်ဟု USDP ပြော

မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် ကိစ္စများအပေါ်တွင် နိုင်ငံတကာ၏ အကြံပြုချက်များအတိုင်းလုပ်ဆောင်နေပါက ပိုမိုဆိုးရွား သည့်အခြေအနေများကြုံတွေ့လာနိုင်သည်ဟု ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့်က ပြောဆို လိုက်သည်။

ယနေ့ (အောက်တိုဘာ ၃၀ ရက်) ရန်ကုန်မြို့ သံလွင်လမ်းရှိ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) အစည်းအဝေးခန်းမတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ နိုင်ငံတကာကအကြံပြုချက်အတိုင်း၊ နိုင်ငံတကာက ဖိအားပေးတဲ့အတိုင်းသာ လိုက်ပါလုပ်ဆောင်နေမယ် ဆိုရင်တော့ ဒီထက်ပိုပြီးဆိုးရွားတဲ့ အနေအထားတွေကို ကျွန်တော်တို့ဖြတ်သန်းလိုက်ရလိမ့်မယ်။ ပြည်သူတွေပဲ နစ်နာမှာဖြစ်ပါတယ် “ ဟု ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။

ထို့ကြောင့် အစိုးရအနေဖြင့် အဆိုပါကိစ္စရပ်များကိုဖြေရှင်းရာတွင် ပြည်တွင်းရှိ အင်အားစုများနှင့် နိုင်ငံရေး ပါတီများ၏ အကြံဉာဏ်ကို ရယူသင့် ကြောင်းလည်း ဒေါက်တာနန္ဒာလှမြင့်ကဆိုသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်အကြံပေးကော်မရှင်ကိုလည်း ကန့်ကွက်ခဲ့ပြီး ကော်မရှိင်၏ အကြံပြုချက်များထဲမှ နိုင်ငံသားဖြစ်မှုဥပဒေကို ပြန်ပြင်ဆင်ရန်ဆိုသည့်အချက် အား လက်မခံနိုင်ကြောင်းလည်း သတင်းစာရှင်းလင်းပွဲတွင် USDP တာဝန်ရှိ သူများက ပြောဆိုခဲ့သည်။

မစ္စတာ ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က အပြီးသတ်အစီအရင်ခံစာကို သြဂုတ်လ နောက်ဆုံးအပတ်ကထုတ်ပြန်ခဲ့ ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း အဆိုပါအကြံပြုချက်များကို သင့်လျာ်သလို အကောင်အထည်ဖော်သွားမည်ဟု ပြောဆိုထားသည်။

ကိုဖီအာနန် ကော်မရှင် အကြံပြုစာတွင် သတင်းမီဒီယာများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အဆီးအတားမရှိဘဲ ပဋိပက္ခဖြစ်ပွားရာနေရာများသို့ လွတ်လပ်စွာ သွားလာခွင့်ပြုရန်၊ နိုင်ငံသားဖြစ်ခွင့်ရှိသူများကို စီစစ်ပြီး နိုင်ငံသားဖြစ်ခွင့်ပေးကာ လွတ်လပ်စွာသွားလာခွင့်ပြုရန်၊ ပဋိပက္ခ ဖြစ်စဉ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ထိုက်သင့်သလို အပြစ်ဒဏ်များ ချမှတ်ပေးရန် စသည့် အကြံပြုချက်များပါ၀င်သည်။

May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...