တပ်သိမ်းမြေတွင် အချိန်မီ သီးနှံစိုက်နိုင်ရန် ပြည်နယ်ဝန်ကြီးချုပ်ထံ တောင်သူများ အသနားခံစာတင်

တပ်သိမ်းမြေတွင် အချိန်မီ သီးနှံစိုက်နိုင်ရန် ပြည်နယ်ဝန်ကြီးချုပ်ထံ တောင်သူများ အသနားခံစာတင်
by -
ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ် အခြေစိုက် မြန်မာ့တပ်မတော် အမှတ် (၅၃၁) တပ်ရင်းက နှစ်ပေါင်း ၂၀ ခန့် သိမ်းယူထားသော ဆိုလျားကူးကျေးရွာ အရှေ့တောင်ဘက်ရှိ စိုက်ခင်း ဧက ၆၀၀ ကျော်တွင် စိုက်ပျိုးခွင့်ရရန် တောင်သူများ က တောင်းဆိုထား သကဲ့သို့ ပြည်နယ်အစိုးရအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးရုံးတို့တွင် တင်ပြတောင်းဆိုထားသည် ဟု ဆိုလျားကူး အရေးဦးဆောင်သူ ကိုတူရယ်ကပြောသည်။

“အခုသိမ်းထားတဲ့မြေယာတွေက ဆိုလျားကူးတောင်သူတွေရဲ့ စားဝတ်နေရေး၊ စီးပွားရေး အတွက် ဖြေရှင်းရတာဖြစ်တယ်၊ မစိုက်ပျ်ိုးနိုင်ရင်ဘာနဲ့သွားစားမလဲ”ဟု သူက ကန္တာရဝတီတိုင်း(မ်) သို့ ပြောသည်။

ဧပြီ ၃၀ နေ့စွဲဖြင့် ပေးပို့ထားသည့် အသနားခံစာလွှာတွင် တရားရုံးတော်၏ အဆုံးအဖြတ်ကို ခံယူပြီးနောက် မြေယာ ကိစ္စနှင့် ပတ်သက်၍ ရာသီချိန်မီ စိုက်ပျိုးနိုင်ရန်၊ နောင်နှစ်ပေါင်းများစွာအထိ ဆက်လက်စိုက်ပျိုးခွင့်ရရန်၊ စိုက်ပျိုးခွင့်မရပါက မြေပြန်လည် အစားထိုး ဖော်ဆောင်ပေးနိုင်ရန်၊ ပြန်လည်အစားထိုးပေးနိုင်ခြင်း မရှိပါက ဘဝရပ်တည်မှုအတွက် လက်ရှိလုပ်ကိုင်နေသော တောင်ယာများတွင်သာ မဖြစ်မနေ ဆက်လက်လုပ်ကိုင်သွားရမည့် အခြေအနေများကို ရေးသားထားသည်။

စိုက်ပျိုးရာသီ ရောက်လာပြီးဖြစ်သောကြောင့် စိုက်ပျိုးထွန်ယက်ရန် ခွင့်ပြုစေလိုသည်ဟု ဆိုလျားကူးမှ တောင်သူတဦးကလည်း “မေလမှာစိုက်ရမယ်၊ ကျော်သွားရင်သီးနှံထွက် မကောင်းဘူး၊ ဒီသီးနှံတွေနဲ့ပဲ အကုန်လုံးကို ဖြေရှင်းနေရတာ”ဟု ပြောဆိုုသည်။

ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးသဲရယ်က “ကျနော်တို့ကတော့ တောင်သူတွေဖက်က ရပ်တည်သွားမယ် သူတို့ရဲ့အခွင့်ရေး အပြည့်ဝရရှိဖို့ သိမ်းဆည်းထားတဲ့ မြေယာတွေ ပြန်ရဖို့အတွက် လုပ်ဆောင်သင့်တာတွေ ဆက်လုပ်သွားမယ်”ဟု ပြောသည်။

၎င်းမြေယာများပေါ်တွင် တောင်သူများ ထွန်ယက်ခဲ့သည့်အတွက် စစ်တပ်က တောင်သူ ၅ ဦးကို တရားစွဲဆိုခဲ့ပြီး ဧပြီ ၂၇ ရက်က ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ထိုနေ့တွင် လယ်ယာမြေပြန်လည်ရရှိရေး အတွက် တောင်သူ ၄၀၀ ကျော်ကလည်း ဖရူဆိုမြို့၌ ဆန္ဒပြခဲ့ကြသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...