ကောင်းမွန်သည့် ပြည်နယ်အစိုးရသစ် ပေါ်လာရေး ကယားပါတီများ ပြင်ဆင်

ကောင်းမွန်သည့် ပြည်နယ်အစိုးရသစ် ပေါ်လာရေး ကယားပါတီများ ပြင်ဆင်
by -
ကန္တာရဝတီတိုင်း(မ်)
၂၀၁၅ ရွေးကောက်ပွဲအပြီး ကောင်းမွန်သည့် ကယား (ကရင်နီ) ပြည်နယ်အစိုးရအသစ်တစ်ရပ် ပေါ်ပေါက်လာနိုင်ရေး ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားပါတီများက မူဝါဒနှင့်လုပ်ငန်းစဉ်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်နေသည်ဟု ကယားလူမျိုးစုပါတီ အတွင်းရေးမှူး စိုင်းနိုင်နိုင်ထွေးက ပြောသည်။

“အဓိက လူထုတွေကနေ နိုင်ငံရေးဖြစ်စဉ်တွေထဲမှာ ပူးပေါင်းလာနိုင်အောင် သူတို့ကိုယ်တိုင် ဒီအပြောင်းအလဲထဲမှာပါတော့ ဒေသတွင်းအစိုးရကို သူတို့ကိုယ်တိုင် တည်ဆောက်နိုင်တယ်ဆိုတဲ့ အသိအမြင်ကိုရစေချင်တာ” ဟု သူက ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲအပြီး ပြည်နယ် အစိုးရသစ်လက်ထက်တွင် ဒေသတွင်းဆိုင်ရာ ဥပဒေမူကြမ်း ရေးဆွဲနိုင်ရေး၊ ကျေးရွာရှိ နိုင်ငံရေး၊ လူမှုရေးစသည့် အချက်အလက်များ အကြံပြုလွှာများ ကောက်ယူခြင်းများ ပြုလုပ်လျက်ရှိသည်။

ကယားလူမျိုးစု ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးဒယ်နီယာကလည်း “ကောင်းမွန်သော ပြည်နယ်အစိုးရတရပ် ပေါ်ပေါက်လာစေရေး၊ ဒုတိယအချက်က လူထုနိုင်ငံရေး အသိနိုးကြားရေးနဲ့ နိုင်ငံရေးကို ပါ၀င်လာရေး၊ တတိယအချက်က လူထုအသံကို မြင့်တင်ပေးခြင်းဖြင့် မူဝါဒများရေးဆွဲရာတွင် ထည့်သွင်းအကောင်အထည်ဖော်ရေး ဆိုတဲ့အချက်(၃)ချက်ကို အဓိက ထားပြီး ဆွေးနွေးတယ်” ဟု ပြောသည်။

မဟာမိတ်ပါတီများဖြစ်သည့် ကယားလူမျိုးစုဒီမိုကရေစီပါတီ၊ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ ကယားပြည်နယ်နှင့် ကယန်း အမျိုးသားပါတီတို့က ဧပြီ ၂၅ ရက်နေ့က လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက် အင်္ဂလီကန် ခန်းမတွင် တွေ့ဆုံုဆွေးနွေးမှု ပြုခဲ့ကြပြီးနောက် ပြည်နယ် ကိုယ်စားပြုတိုင်းရင်းသားပါတီများနှင့် လူထုညီလာခံကို မေလတွင် ကျင်းပနိုင်ရန် စီစဉ်ဆုံုးဖြတ်ခဲ့ကြပြီး၊ ပြည်ထောင်စုညီလာခံနှင့် ပြည်နယ်တိုင်း ဖက်ဒရယ်ပြည်ထောင်စုစနစ် ထွက်ပေါ်ပါက လူထုအသံများကိုလည်း ထည့်သွင်းသွားမည်ဟု ဆိုသည်။

လူထုညီလာခံပြီးနောက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ပါတီ (၃)ပါတီအတွင်း ဆက်လက် ရွေးချယ်သွားမည် ဖြစ်သည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...