မြေလွတ် မြေရိုင်းများပေါ် ကျူးကျော်စိုက်ပျိုးခြင်းကို တားမြစ်

မြေလွတ် မြေရိုင်းများပေါ် ကျူးကျော်စိုက်ပျိုးခြင်းကို တားမြစ်
by -
ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ)ပြည်နယ် ကြေးတိုင်းနှင့် မြေစာရင်းဦးစီးဌာနက မြေလွတ်၊ မြေရိုင်းများပေါ်တွင် သစ်တောပြုန်းတီးစေမည့် ရွှေ့ပြောင်းတောင်ယာကဲ့သို့သော ကျူးကျော်စိုက်ပျိုးရေးလုပ်ငန်းကို ရပ်တန့်ရန် တားမြစ်ချက် ထုတ်ပြန်လိုက်ကြောင်း ခရိုင်မြေစာရင်း ဦးစီးဌာနမှ အရာရှိတစ်ဦးက ဆိုသည်။

လွိုင်ကော်ခရိုင် မြေစာရင်း ဦးစီးဌာန ဒုဦးစီးမှူး ဦးဇော်လွင်ထွန်းက “ရွှေ့ပြောင်းတောင်ယာက ဘယ်လိုပြောမလဲ တောတအားနဲ့ ပြုန်းတီးတယ်၊ တောပြုန်းတီးတဲ့ ခါကျတော့ ရွှေပြောင်းတောင်ယာ စနစ်ကနေ အမြဲတမ်း ယာစနစ်ကို သူတို့ပြောင်းခိုင်းစေချင်တာပေါ့နော်၊ ဒါကြောင့်ကုန်းမြင့်လယ်ယာ ဆိုပြီးတော့ သူတို့လုပ်ပေးတာပေါ့” ဟု ပြောသည်။

မတ် ၃၀ ရက်က ဘော်လခဲမြို့နယ် စောလုံကျေးရွာမှ တောင်သူတစ်ဦးက တောင်ယာ လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်နေမှုကို ၁၄ ရက်အတွင်း ရပ်တန့်ရန် တားမြစ်လိုက်ခြင်းလည်း ဖြစ်သည်။

မြေလွတ်မြေရိုင်းများကို ယာမြေ၊ လယ်မြေများအဖြစ် အစိုးရက ဖော်ထုတ်ပေးနေမှုများ ရှိနေသကဲ့သို့ မြေယာဥပဒေနည်းလမ်းအရ မြေလွတ်မြေရိုင်းပေါ်တွင် ယာမြေထပ်မံ တိုးချဲ့မည်ဆိုပါက သက်ဆိုင်ရာ ကျေးရွာ၊ မြို့နယ်၊ ပြည်နယ် အဆင့်ဆင့်သို့ လျှောက်ထားနိုင်သည်ဟု သူက ဆက်ပြောသည်။

မြို့နယ်မြေစာရင်းရုံးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများရှိ ပုံစံ(၁) လျှောက်လွှာများဖြင့် လျှောက်ထားပါက သက်ဆိုင်ရာ မြေစာရင်းဌာန ဝန်ထမ်းများက ကွင်းဆင်းတိုင်းတာကာ အထက်သို့ တင်ပြပြီး အမြဲစိုက်ပျိုးနိုင်သည့် ယာအဖြစ် ပုံစံ (၇) ထုတ်ပေးသွားမည် ဖြစ်သည်။

အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ အပစ်အခတ်ရပ်စဲထားသည့် ကာလတွင် ကျေးလက်ဒေသရှိ တောင်သူ အများစုသည် တောင်ယာလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ရန် ကြိုးစားလာသည်ဟု စောလုံရွာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘိုးရယ်က ပြောသည်။

“အကယ်၍ အတည်တကယ်ပိတ်မယ်ဆိုရင် ကျွန်တော်တို့ ပြည်သူတွေ ဘယ်လိုလုပ်စားတော့မလဲ မသိဘူး။ အဲလိုပိတ်ထားတာကို ပြန်ဖွင့်ခိုင်းစေချင်တာပေါ့နော်” ဟု ဦးဘိုးရယ်က ပြောသည်။

ယခင်က တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် တောင်ယာများသို့ သွားရောက်ရန် ဒေသခံများက ကြောက်လန့်ခဲ့သည့်အတွက် တောင်ယာဧကမှာ အနည်းငယ်သာရှိခဲ့ပြီး အပစ်အခတ်ရပ်စဲပြီးနောက် တောင်ယာတိုးချဲ့ရန် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြခြင်း ဖြစ်သည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...