ပေါင်မြို့နယ် အားကစားရုံကို ပြန်လည်ပြင်ဆင်တည်ဆောက်ရန် လျှောက်ထား

ပေါင်မြို့နယ် အားကစားရုံကို ပြန်လည်ပြင်ဆင်တည်ဆောက်ရန် လျှောက်ထား
by -
သံလွင်တိုင်းမ်
ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်ရှိ ကာလအတန်ကြာအသုံးပြုခြင်းမရှိဘဲ ဆွေးမြေ့နေသော မြို့နယ်အားကစားရုံအား အသစ်ပြန်လည်တည်ဆောက်ရန် ခွင့်ပြုချက်တင်ထားကြောင်း ပေါင်မြို့နယ် အား/ကာ ဌာနမှ သိရသည်။

n21“ဝန်ကြီးချုပ်ကိုယ်တိုင်လာရောက်ကြည့်ရှုပြီး ပြန်ဆောက်သင့်ပြီလို့မှတ်ချက်ပြုသွား ခဲ့ပြီးပါပြီ။ ဘတ်ဂျက်လည်းတင်ထားပြီးပြီလို့ သိရပါတယ်”ဟု ပေါင်မြို့နယ် အား/ကာဦးစီးမှုးဒေါ်အေးသီတာအောင်က ပြောသည်။

အားကစားရုံဟောင်းကို ဖျက်၍အသစ်ပြန်လည်တည်ဆောက်ရန်အတွက် ဘတ်ဂျက်ရေးဆွဲထားပြီး အင်ဂျင်နီယာဌာနမှ တွက်ချက်ထားကြောင်းလည်း သိရသည်။

အဆိုပါ အားကစားရုံဟောင်း၏သက်တမ်းမှာ နှစ်ပေါင်း(၆၀)ကျော်ခန်ရှိပြီး ရုပ်ရှင်ရုံ၊ စပါးဂိုထောင်၊ စသည်ဖြင့် လမ်းစဉ်ပါတီခေတ် ကအသုံးပြုခဲ့ကြကြောင်း အပေါင်မြို့ခံ အသက်(၆၂)နှစ်အရွယ် ဦးစံသိန်းက ပြောသည်။

“တို့ငယ်ငယ်လေးထဲက ဒီအားကစားရုံကရှိနေပြီ၊ ရုပ်ရှင်ရုံအဖြစ်ငှားစားခဲ့ကြသေးတယ်၊ ပါတီကောင်စီခေတ်ကပေါ့၊ စပါးဂိုထောင် လည်းလုပ်ကြသေးတယ်”ဟု ဦးစံသိန်းက သူသိမီတွေ့ကြုံခဲ့ရသော ထိုအားကစားရုံ၏သမိုင်းကိုပြောပြသည်။

အားကစားရုံပြန်လည်တည်ဆောက်ပြီးပါက ခန်းမအတွင်းအားကစားနည်းများဖြစ်သော ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ခြင်းလုံး၊ ဘတ်စကက်ဘော စသည့်အားကစားပြိုင်ပွဲများကျင်းပပေးနိုင်မည်ဖြစ်သည့်အပြင် မြို့နယ်အဆင့်ခန်းမအဖြစ် အစည်းအဝေးများနှင့် အခမ်းအနားများကိုလည်းကျင်းပနိုင်မည်ဖြစ်ကြောင်း ပေါင်မြို့နယ်အား/ကာဦးစီးမှုးဒေါ်အေးသီတာအောင်က ထပ်မံပြောဆိုသည်။

ဓာတ်ပုံ - သံလွင်တိုင်းမ်
August 13, 2026
မွန်ပြည်၊ ရေးမြို့နယ် မြောက်ပိုင်းဒေသတွင် စစ်အုပ်စုတပ်၏ လေကြောင်းရန်ကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ...
ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...