ပြည်သူ့အသံကို နားထောင်ပြီး ညှိနှိုင်းဆောင်ရွက်ပေးရန် ရေးမြို့သို့ မွန်ဝန်ကြီးချုပ်လာရောက်

ပြည်သူ့အသံကို နားထောင်ပြီး ညှိနှိုင်းဆောင်ရွက်ပေးရန် ရေးမြို့သို့ မွန်ဝန်ကြီးချုပ်လာရောက်
by -
သံလွင်တိုင်းမ်
သတင်းနှင့် ဓါတ်ပုံ – ရဲနိုင်ဦး
သတင်းနှင့် ဓါတ်ပုံ – ရဲနိုင်ဦး
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ပြည်သူ့အသံကိုနားထောင်ပြီး ညှိနှိုင်းဆောင်ရွက်ပေးရန်အတွက် ရေးမြို့နယ်သို့ လာရောက်ခြင်းဖြစ်ကြောင်း ဇူလိုင်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းက ရေးမြို့နယ်ထွေ/အုပ်ခန်းမတွင် ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ဖများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူများနှင့် တွေ့ဆုံစဉ် ၄င်းက ပြောဆိုသည်။

“ အခုလိုလာရောက်တွေ့ဆုံတာဟာ နယ်မြေခံလူထုရဲ့သဘောထား၊ လိုအပ်ချက်ကိုသိရှိစေဖို့နဲ့၊ လိုအပ်တာ တွေကို ဥပဒေနဲ့အညီဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ပြည်သူ့အသံကိုနားထောင်ပြီး ညှိနှိုင်းဆောင်ရွက်ပေးရန်နဲ့ လူထုရဲ့အားကို ရယုူရန်အတွက်ဖြစ်ပါတယ် ” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ဆက်လက်ပြောဆိုသည်။

ယင်းသို့တွေ့ဆုံစဉ် ပြည်သူများနှင့် ရေးမြို့နယ်အရပ်ဖက်ကိုယ်စားပြုတင်ပြသည့်အချက်များဖြစ်သော တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ၊ အကျင့်ပျက်ခြစားမှုဆိုင်ရာ၊ ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါး၊ ဖွံ့ဖြိုးရေးဆိုင်ရာများနှင့် လယ်ယာမြေပြဿနာများအတွက် ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

“ အရပ်ဖက်ကိုယ်စားပြုဆွေးနွေးတိုင်ပင်ထားတဲ့ ဒေသအတွင်းအခြေအနေတွေကို ကိုုုယ်စားပြုတင်ပြခဲ့ပါတယ်၊ တင်ပြချက်တွေအပေါ်မှာ ၀န်ကြီးချုပ်အနေနဲ့ အလေးနက်ထားဖြေကြားပေးခဲ့သလို ဆက်လက်ပြီးတော့လဲ တင်ပြခဲ့တဲ့အချက်အလက်တွေအပေါ်မှာ ရေးဒေသဖွံ့ဖြိုးရေးအတွက် ဆက်လက်အလေးထားဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်” ရေးမြို့နယ်အရပ်ဖက်ကိုယ်စားပြုကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးအောင်နိုင်ဝင်းက သံလွင်တိုင်းမ်သို့ ပြောသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် အစိုးရသက်တမ်း ရက် ၁၀၀ ကျော်အတွင်း ပထမဆုံး ရေးမြို့သို့လာရောက် ခြင်းဖြစ်ကာ ၀န်ကြီးချုပ်တာဝန်ယူပြီးနောက် ရေးသို့ ဦးစွာလာရောက်ရန်စီစဉ်ထားခဲ့သော်လည်း လုံခြံုရေးအခြေအနေကြောင့် ယခုမှလာရောက်ခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးကိစ္စအား အတတ်နိုင်ဆုံးလျော့နည်းကျဆင်းအောင်လုပ် ပေးမှာဖြစ်ကြောင်း၊ ဖြေရှင်းပေးမည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးရရှိမှုအနေဖြင့် ADB ဘဏ်ကချေးနေပါကြောင်း၊ လုပ်ပေးသင့်လုပ်ပေးထိုက်သည်များကို လုုပ်ပေးမှာ ဖြစ်ကြောင်း၊ လုပ်ဖို့အတွက်လည်း ယခုနေရာသို့ရောက် လာဖြစ်ကြောင်း၊ အချိန်ပေးပါ ဟုပြောကြားလိုပါကြောင်း ပြောကြားခဲ့သည်။

ခရီးစဉ်အတွင်း ၀န်ကြီးချုပ်နှင့်အတူ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဒေါ်တင်တင်အိ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလာပြီး ကိုရင်လေးဆရာတော်သီတင်း သုံးရာသို့လည်းကောင်း၊ ပုပ္ဖဝတီကျေးရွာရှိ မွန်ပညာရေးကျောင်းသို့လည်းကောင်း၊ မွန်-တနင်္သာရီနယ်စပ်သို့ လည်းကောင်း၊ အဘော်လေယာဉ်ကွင်းဟောင်းသို့လည်းကောင်း၊ ပစ္ဆိမာရုံဘုန်းတော်ကြီးကျောင်းသို့လည်း ကောင်း၊ ကမ်းနားလမ်း၊ ကျုံးပတ်လမ်း၊ အဝေးပြေးကားဝင်း၊ ကဗျာဝကျေးရွာသို့လည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ဓာတ်ပုံ - သံလွင်တိုင်းမ်
August 13, 2026
မွန်ပြည်၊ ရေးမြို့နယ် မြောက်ပိုင်းဒေသတွင် စစ်အုပ်စုတပ်၏ လေကြောင်းရန်ကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ...
ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...