အာဇာနည်နေ့အထိမ်းအမှတ် စုပေါင်းကဗျာစာအုပ်ထုတ်မည်

အာဇာနည်နေ့အထိမ်းအမှတ် စုပေါင်းကဗျာစာအုပ်ထုတ်မည်
by -
သံလွင်တိုင်းမ်
အာဇာနည်နေ့အထိမ်းအမှတ် ကဗျာစာအုပ်ထုတ်ဝေရန် ပြင်ဆင်လျက်ရှိကြောင်း ကဗျာစာအုပ် စီစဉ်နေ သူ ကဗျာဆရာဂိုးဂိုးမောရမြိုင်ထံမှသိရသည်။

“မော်လမြိုင်က ကဗျာဆရာအပါအဝင် တခြားနယ်မှ ၀ါသနာတူကဗျာဆရာများ ပူးပေါင်းပြီး ဇူလိုင် ၁၉ ကို ကိုယ်စားပြုသည့်အနေဖြင့် စုစုပေါင်း လူ(၁၉)ဦးက စုပေါင်းပြီးပြုလုပ်တာပါ”ဟု ပြောသည်။

tlt602ကဗျာစာအုပ်ကို အချိုးကျထည့်ဝင်ငွေဖြင့်ပြုလုပ်ခြင်းဖြစ်ပြီး စာအုပ်တွင် ကဗျာဆရာ(၁၉)ဦး ပါ၀င်ရေး သားထားသော ကဗျာ(၃၇)ပုဒ်ပါ၀င်မှာဖြစ်ကြောင်း၊ ကဗျာရှည်များအပြင် အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုရေးသား ထားသော အာဇာနည်နေ့ဂုဏ်ပြုကဗျာများလည်း ပါ၀င်မှာဖြစ်ကြောင်း သိရသည်။

“အလျင်မြန်စီစဉ်ရတာဖြစ်သည့်အတွက်မြန်မြန်နှင့် အမှားနည်းအောင် စာအုပ်အရည်အသွေး ပြည့်မှီအောင်ဦးစားပေးဆောင်ရွက်သွားမှာပါ ကဗျာတွေလည်း လက်ရာစုံမြင်ရမှာပါ”ဟု စီစဉ်သူ ကဗျာဆရာ ဂိုးဂိုးကပြောသည်။

စာအုပ်တွင်ပါ၀င်သော ကဗျာဆရာများမှာ မော်လမြိုင် သထုံ ဇင်းကျိုက် နေပြည်တော် တမူး လာရှိုး မူဆယ် မန္တလေး မြဝတီမှ ဖြစ်ကြကြောင်း သိရသည်။

စာအုပ်ထုတ်ဝေရခြင်း ရည်ရွယ်ချက်မှာ ကဗျာရေးသူဝါသနာတူချင်း ပိုမိုရင်းနှီးလာစေရန်နှင့် မြန်မာ ပြည်၏ အထင်ကရ အာဇာနည်နေ့ကို ပိုမိုသတိရပြီး မမေ့မလျော့စေရန် ရည်ရွယ်ကြောင်းလည်းသိရသည်။

စာအုပ်ကို ဇူလိုင်လ(၁၅)ရက်နေ့တွင် မိန်းကလေးစာအုပ်တိုက်မှ မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိသွား မည်ဖြစ်ပြီး တစ်အုပ်လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ - သံလွင်တိုင်းမ်
August 13, 2026
မွန်ပြည်၊ ရေးမြို့နယ် မြောက်ပိုင်းဒေသတွင် စစ်အုပ်စုတပ်၏ လေကြောင်းရန်ကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ...
ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...