မြဝတီမှ ကွမ်းသီးအခြောက်တင်ဆောင်လာသည့် ကား ၄စီးကို ပို့ကုန်/သွင်းကုန်ဥပဒေဖြင့် အရေးယူ

မြဝတီမှ ကွမ်းသီးအခြောက်တင်ဆောင်လာသည့် ကား ၄စီးကို ပို့ကုန်/သွင်းကုန်ဥပဒေဖြင့် အရေးယူ
by -
သံလွင်တိုင်းမ်
မြဝတီမြို့မှတဆင့်  ကွမ်းသီးအခြောက် အိတ်ပေါင်း(၁၄၈၀)အိတ်ကို တရားမဝင်တင်ဆောင်လာသည်ဆိုသော ကား ၄ စီးကို ဒုံသမိတံတားအနီးတွင် ဇွန်လ(၂၈)ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်/သွင်းကုန်ဥပဒေဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။

thanlwintimes501သထုံခရိုင်ရဲတပ်ဖွဲ့မှုးရုံးမှရဲအုပ်အောင်သူ၊ ရဲအုပ်စောဝဏ္ဏဦး၊ ဒုရဲအုပ်ဆန်းထွန်းတို့သည် ဒုံသမိတံတားထိပ်၌ သုဓမ္မဝတီရဲစခန်းမှ တပ်ဖွဲ့ဂင်များပူးပေါင်းအဖွဲ့များနှင့် ကွမ်းသီးခြောက်အိတ်များတင်လာသော (၂၂)ဘီး နောက်တွဲကုန်တင်ယာဉ် (၄)စီးကို ရပ်တန့်စစ်ဆေးခဲ့ကြစဉ်  (၁)အိတ်လျှင်ပိသာ (၅၀)စီပါသည့် ကွမ်းသီးအိတ်ပေါင်း(၁၄၈၀)အိတ်ကို ရှာဖွေတွေ့ရှိပြီးစစ်မေးချက်အရ ထိုင်းနိုင်ငံမှတရားမဝင်သယ်ဆောင်လာကြောင်းသိရသဖြင့် ဖမ်းဆီးအရေးယူထားကြောင်းသိရသည်၊

အဆိုပါဖမ်းဆီးမှုနှင့် ပတ်သက်၍သုဓမ္မဝတီရဲစခန်းမှုးရဲအုပ်ဝင်းမင်းသန့်ကို မေးမြန်းခဲ့ရာ “ကွမ်းသီး အခြောက်တွေပါ၊ ရန်ကုန်ကိုသယ်သွားဖို့လို့ သူတို့ကအစစ်ခံကြတယ် ထိုင်းနိုင်ငံကနေပြီး မြဝတီကတဆင့်သယ်လာတာလို့သိရတယ်။ ဘာလုပ်ဖို့လဲဆိုတာမေးကြည့်တော့အဝတ်ဆိုးဆေးလုပ်တဲ့နေရာမှာသုံးတယ်လို့သူတို့ကပြောတယ် ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက် (၈)ယောက်ကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ၈/၁၀အရအမှုဖွင့်ဖမ်း ဆီးအရေးယူထားပါတယ်”ဟုပြောသည်။

အမှုနှင့် ပတ်သက်ပြီး 9D/6188 (၂၂) ဘီးကားနောက်တွဲယာဉ်မောင်းသူ စောအောင်နှင့် ယာဉ်နောက်လိုက် ထွန်းထွန်းဦး တို့ကို သုဓမ္မဝတီရဲစခန်း (ပ)၆၃/၂၀၁၆ပို့/သွင်းဥပဒေပုဒ်မ ၈/၁၀ အရ လည်းကောင်း၊ 6C/1829 ၂၂ဘီးကား နောက်တွဲယာဉ်မောင်းဖြိုးသီဟနှင့် ယာဉ်နောက်လိုက်ရှိန်းထက်အောင်တို့ကို (ပ) ၆၄/ ၂၀၁၆အဆိုပါဥပဒေပုဒ်မအရလည်းကောင်း၊ 3G/6005 ၂၂ဘီးကားနောက်တွဲယာဉ်မောင်းမိုးကျော်နှင့် ယာဉ်နောက်လိုက်ဟန်မင်းစိုးတို့ကို (ပ)၆၅/၂၀၁၆၊ဖြင့်အဆိုပါပုဒ်မများအရလည်းကောင်း၊ ၆ဂ/၈၀၈၉ ၂၂ဘီးကား နောက်တွဲယာဉ်မောင်းအောင်မိုးကျော်နှင့် နောက်လိုက် မောင်မောင်လွင်တို့ကို (ပ)၆၅/၂၀၁၆အဆိုပါဥပဒေပုဒ်မများအရလည်းကောင်းအသီးသီးအမှုဖွင့်အရေး ယူထားကြောင်းရဲမှတ်တမ်းများအရသိရသည်။

ဓာတ်ပုံ - သံလွင်တိုင်းမ်
August 13, 2026
မွန်ပြည်၊ ရေးမြို့နယ် မြောက်ပိုင်းဒေသတွင် စစ်အုပ်စုတပ်၏ လေကြောင်းရန်ကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ...
ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...