မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ထိပ်ပိုင်းခေါင်းဆောင် ရ ဦး နှုတ်ထွက်စာတင်

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ထိပ်ပိုင်းခေါင်းဆောင် ရ ဦး နှုတ်ထွက်စာတင်
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ အလံပုံ
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ အလံပုံ

မွန်ပြည်နယ်၏ အရေးပါသောပါတီတစ်ခုဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP) မှ ထိပ်ပိုင်း ခေါင်းဆောင် ၁ ဦးအပါအဝင် ပါတီဝင် ရ ဦး ပါတီမှ နှုတ်ထွက်စာတင်ထားကြောင်း သိရသည်။

"သူတို့ နှုတ်ထွက်စာတော့ တင်ထားတယ်၊ ကျွန်တော်တို့ CEC အစည်းအဝေး မထိုင်ရသေးဘူး။ အသေးစိတ် တော့ ပြောလို့ မရသေးဘူး" ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဗဟိုတွဲဖက်အတွင်းရေးမှူး နိုင်စံတင်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ မော်လမြိုင်မြို့နယ် ဥက္ကဋ္ဌ နိုင်အောင်ချမ်း၊ မြို့နယ်အတွင်းရေးမှူး နိုင်အောင်သန်း အပါအဝင် ပါတီဝင် ရ ဦး ဖြစ်ပြီး အောက်တိုဘာ ၂၅ ရက်နေ့က နှုတ်ထွက်စာ တင်ပြီး ဖြစ်ကြောင်း သိရသည်။

နှုတ်ထွက်စာတင်ရသည့် အကြောင်းရင်းအား အသေးစိတ်မသိရှိရသေးသော်လည်း မွန်ပါတီများ ပေါင်းစည်းရေးနှင့် သက်ဆိုင်ဖွယ်ရှိနေသည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

မွန်ပြည်နယ်၌ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ၊ မွန်အမျိုးသမီးပါတီ ၊ မွန်အမျိုးသားပါတီ စသည့်ဖြင့် ပါတီများ ရှိနေပြီး မွန်ပါတီတစ်ခုတည်းအဖြစ် ပေါင်းစည်းရန် ပြည်သူများက လိုလားလျက်ရှိနေသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ချောင်းဆုံမြို့နယ် အတွင်းရေးမှူးဖြစ်သူ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦးသည် မွန်ပါတီများ တစ်ပါတီအဖြစ် ပေါင်းစည်းနိုင်ခြင်း မရှိသည့်အတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ နှုတ်ထွက်ထားသူလည်းဖြစ်သည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...