UNFC အပါအဝင် မြန်မာကိုယ်စားလှယ်များ ကိုလံဘီယာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လေ့လာရေးသွားရောက်

UNFC အပါအဝင် မြန်မာကိုယ်စားလှယ်များ ကိုလံဘီယာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လေ့လာရေးသွားရောက်

အစိုးရ၊ လွတ်တော်၊ တပ်မတော်၊ အပစ်ရပ်အဖွဲ့နှင့် အပစ်မရပ်သေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လေ့လာရန် ကိုလံဘီယာနိုင်ငံသို့ သွားရောက်နေသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မထိုးသေးသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ အပစ်ရပ် အဖွဲ့အစည်း ၈ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင် (PC)၊ လွတ်တော်၊ တပ်မတော်တို့မှ ကိုယ်စားလှယ် ၁၆ ဦးတို့ အောက်တိုဘာလ ၂၆ ရက်နေ့မှ စတင်၍ ကိုလံဘီယာနိုင်ငံသို့ ခရီးစတင်ထွက်ခွာခဲ့သည်ဟု PC အဖွဲ့ဝင် ဦးလှမောင်ရွှေ၏ လူမှုကွန်ယက်တွင် ဖော်ပြထားသည်။

“ကိုလံဘီယာ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ညှိနှိုင်းမှုဖြစ်စဉ်၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း -DDR လုပ်ငန်းစဉ်များကို လေ့လာမှုမှ ကျနော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ထည့်သွင်းစဉ်းစားနိုင်မဲ့ အချက်အလက်တွေ သင်ခန်းစာတွေရမယ်လို့ မျော်လင့်ပါတယ်”ဟု ရေးသားထားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လေ့လာရန် ကိုလံဘီယာနိုင်ငံသို့ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဦးခင်ဇော်ဦး၊ ဦးလှမောင်ရွှေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲဘော် ဦးသံခဲ၊ UNFC မှ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN) ခေါင်းဆောင် ခူဦးရယ်တို့ အပါအဝင် ၁၆ ဦးတို့ ပါဝင်သည်။

ပြီးခဲ့သည့် မြန်မာစံတော်ချိန် ၂ နာရီခွဲချိန်တွင် ဂျာမနီနိုင်ငံ Frankfurt လေဆိပ်တွင် ရောက်ရှိနေသည်ဟု သိရပြီး လာမည့် နိုဝင်ဘာလ ရ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။

May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...