ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကူညီပေးရေး ကမ္ဘာ့ဘဏ်မှ လာရောက်ဆွေးနွေးခဲ့

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကူညီပေးရေး ကမ္ဘာ့ဘဏ်မှ လာရောက်ဆွေးနွေးခဲ့
ဓာတ်ပုံ - စိုးသူရ
ဓာတ်ပုံ - စိုးသူရ

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သက်ကြီးထောက်ပံ့ရေးနှင့် ကိုယ်ဆောင်မိခင်များ၊ မွေးဖွားလာသည့်ကလေးများအား ၂ နှစ်အထိ စောင့်ရှောက်ရေးလုပ်ငန်းများအတွက် ကမ္ဘာ့ဘဏ်မှလာရောက်ဆွေးနွေးခဲ့သည်။

ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား World Bank မှ Director for Myanmar,Cambodia and Lao PDR, Ms. Ellen Goldstein က လာရောက်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် မြန်မာအစိုးရ၏ ရခိုင်ပြည်နယ်အရေးအကောင်ထည်ဖော်နေသည့် UEHRD၏ မံချက်အရဆောင်ရွက်နေသော သက်ကြီးထောက်ပံ့ရေးလုပ်ငန်းများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းတို့မှမွေးဖွားလာသည့် ကလေးအသက် (၂)နှစ်အထိ ငွေကြေးထောက်ပံ့ပေးနေသည့် အစီအစဉ်များကို ပိုမိုဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။

အစိုးရ၏ လူသားချင်း စာနာကူညီမှု လုပ်ငန်းများဆောင်ရွက်နေမှုအပေါ် အကူအညီပေးရေးအတွက် ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး၊ Ms.RenataDessallien ၊ ဥရောပ ကော်မရှင်မှ သံအမတ်ကြီး H.E. Mr. Kristian Schmidt တို့ကိုလည်း သီးခြားတွေ့ဆုံခဲ့သည်ဟု သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်သည်။

ဥရောပကော်မရှင်မှသံအမတ်ကြီး H.E. Mr. Kristian Schmidt နှင့် တွေ့ဆုံပြီး UEHRD စီမံကိန်းများ အတွက် အလှူငွေနှင့်ထောက်ပံ့ရေး အစီအစဉ်များ၊ ပဋိပက္ခဒဏ်ခံပြည်သူ များအတွက် ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ လူသားချင်းစာနာကူညီမှု တိုးမြှင့်ပေးနိုင်ရေးနှင့် ဒုက္ခသည်များပြန်လည် လက်ခံရေး၊ စနစ်တကျ ပြန်လည်နေရာချထားရေးနှင့် နောင်တွင် ပဋိပက္ခများထပ်မံမဖြစ်ပွားရေး ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။

May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...