ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ်အတွင်း ထားဝယ် ရေနက်ဆိပ်ကမ်းကိစ္စ ဆွေးနွေးနိုင်ရန် ထိုင်းဘက်က မျှော်လင့်နေ

ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ်အတွင်း ထားဝယ် ရေနက်ဆိပ်ကမ်းကိစ္စ ဆွေးနွေးနိုင်ရန် ထိုင်းဘက်က မျှော်လင့်နေ
by -
မဇ္စျိမ
ကာလကြာ နှောင့်နှေးကြန့်ကြာနေခဲ့သော ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ရှေ့ဆက်နိုင်ရေးကိစ္စကို လာမည့် သီတင်းပတ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ်အတွင်း ပြန်လည်အသက်သွင်းနိုင်မည်ဟု ထိုင်းနိုင်ငံဘက်မှ မျှော်လင့်နေသည်။

ဒေါ်လာ ဘီလီယံပေါင်းများစွာ ကုန်ကျမည့် အဆိုပါ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း နှင့်အတူ အခြား နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းမှု ကိစ္စရပ်များကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း တင်ပြဆွေးနွေးသွားမည်ဟု ထိုင်းဒုဝန်ကြီးချုပ် ဆွန်ကစ်ဒ် ဂျာတူဆရီပီတက်က ပြောကြားခဲ့သည်။

လာမည့် ဇွန်လ ၂၃ ရက်မှ ၂၅ ရက်အထိ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့တစ်ခု ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်ရန် ရှိနေသည်။

နိုင်ငံခြားရေး ၀န်ကြီး၏ ထိုင်းခရီးစဉ်အတွင်း မြန်မာ-ထိုင်း အဆင့်မြင့် ပူးပေါင်းကော်မတီသစ် JHC တစ်ရပ်ကို ထူထောင်သွားရန်လည်း ရှိနေပြီး ကာလကြာ စောင့်ဆိုင်းနေရသည့် ထားဝယ် စီမံကိန်းနှင့် အထူးစီးပွားရေးဇုန် ဆိုင်ရာ စီမံကိန်းများကို ကိုင်တွယ်နိုင်ရန် ရည်ရွယ်မည်ဖြစ်သည်။

" ဒီ ထားဝယ်ရေနက်ဆိပ်ကမ်း ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ကို မြန်မာအစိုးရသစ်ဘက်က ဆက်လုပ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်၊ ဘာလို့လဲဆိုတော့ ဒီ ဆိပ်ကမ်းက   နှစ်နိုင်ငံအကြား  စီးပွားရေးဖွံ့ဖြိုးမှုတွေအတွက် အရေးပါတဲ့နေရာကနေ ရှိနေလို့ပါ၊ တစ်ခါ ဒီရေနက်ဆိပ်ကမ်းကို အကောင်အထည်ဖော်ပြီးတာနဲ့ အဲဒါက ထိုင်း-မြန်မာ နှစ်နိုင်ငံတင်မကပါဘူး၊ တစ်ခြား အာဆီယံနိုင်ငံတွေနဲ့ပါ စီးပွားရေးတိုးမြင့်ပူးပေါင်းဖို့ လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်" ဟု ထိုင်း ဒုဝန်ကြီးချုပ်က ပြောသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းကို နောက်တဆင့် အကောင်အထည်ဖော်ရေးအတွက် လိုအပ်သည့်ကိစ္စရပ်များကို ကိုင်တွယ်ရန် JHC ကို အမြန်ဆုံးဖွဲ့စည်းတည်ထောင်ရန် လိုအပ်နေသကဲ့သို့ သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်မှု အကဲဖြတ်ချက် EIa ကဲ့သို့သော ကိစ္စရပ်များလည်း ရှိနေသေးသည်ဟု ထိုင်းအစိုးရတာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်း၏ ပြောကြားမှုအရ ထားဝယ်အထူးစီးပွားရေးဇုန် ပထမအဆင့်အကောင်အထည်ဖော်ရန် မြန်မာအစိုးရထံမှ ခွင့်ပြုချက်ရထားသော အီတလီ-ထိုင်း ဖွံ့ဖြိုးရေးကုမ္မဏီ ITD မှာ ယင်းစီမံကိန်းအတွက် EIA လက်မှတ်ကို ရရှိထားပြီးဖြစ်သည်ဟု သိရသည်။

ITD ကုမ္မဏီမှာ ထားဝယ်စီမံကိန်းပထမအဆင့်အကောင်အထည်ဖော်ရန် သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးထားခဲ့ပြီး ကနဦး ရင်းနှီးမြုုပ်နှံမှု ဒေါ်လာ ၁ ဒသမ ရ ဘီလီယံဖြင့် လုပ်ဆောင်မည်ဖြစ်သည်။

အထက်ပါစီမံကိန်းကြီး ပြီးစီးသွားပါက အလုပ်အကိုင်ပေါင်း ၁၀၀,၀၀၀ ဖန်တီးပေးနိုင်မည်ဟုလည်း မျှော်လင့်ထားသည်။

အလားတူ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း နှင့် ကန်ချာနဘူရီတို့အကြား သွယ်ဆက်ဖောက်လုပ်မည့် လမ်းဖောက်လုပ်ရေးအစီအစဉ်မှာလည်း ရပ်ဆိုင်းထားဦးမည်ဖြစ်ပြီး ယင်းလမ်းပိုင်းနေရာ တစ်ချို့မှာ လော်ရီကားကြီးများ သွားလာရန် ခံနိုင်ခြင်းမရှိသေးခြင်းကြောင့်ဖြစ်ကြောင်း ထိုင်းပို့ဆောင်ရေး ၀န်ကြီး အာခွန် တမ်ပီတေယာပိုင်ဆစ်က အစောပိုင်းကာလအတွင်း ပြောကြားထားခဲ့သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...