ဒေါ်အောင်ဆန်းစုကြည် နှင့် DPN ကိုယ်စားလှယ်များ ဇွန် ၂၀ရက်တွေ့ရန် အစိုးရကမ်းလှမ်းသော်လည်း တိုင်းရင်းသားများ အဆင်သင့်မဖြစ်သေး

ဒေါ်အောင်ဆန်းစုကြည် နှင့် DPN ကိုယ်စားလှယ်များ ဇွန် ၂၀ရက်တွေ့ရန် အစိုးရကမ်းလှမ်းသော်လည်း တိုင်းရင်းသားများ အဆင်သင့်မဖြစ်သေး
by -
မဇ္စျိမ
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီနှင့် တိုင်းရင်းသားဘက်မှ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN)တို့ လာမည့် ဇွန်လ တတိယပတ်အတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဒုတိယအကြိမ် တွေ့ဆုံရန် အစိုးရဘက်မှ အကြောင်းကြားခဲ့သည်။

ဇွန်လ ၂၀ ရက် DPN နှင့် တွေ့ဆုံရန် ဒေါက်တာ တင်မျိုးဝင်း၏ ရုံးအဖွဲ့ဝင် ဦးမိုးဇော်ဦး ခေါင်းဆောင်သော အဖွဲ့နှင့် ချင်းမိုင်မြို့တွင် တွေ့ဆုံရန် အစိုးရဘက်မှ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ သို့သော် DPN ဘက်မှ တာဝန်ရှိသူများ မလာနိုင်သဖြင့် မလာရန် အကြောင်း ပြန်ကြားခဲ့သည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ၏ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။

“သူတို့က ဒေါ်စုနဲ့ တွေ့ချင်လို့ ကျွန်တော်တို့က စီစဉ်တဲ့ကိစ္စကို သူတို့က လောလောဆယ်မှာ ပြည်တွင်းမှာ လာဖို့လည်း မရှိဘူး။ တွေ့ဖို့လည်း မရှိဘူးလို့ ပြောတော့ ခက်တာပေါ့နော်။ ဒါပေမယ့် ကျနော်တို့လည်း နည်းနည်းဖြေလျော့ပြီးတော့ ကျနော်တို့စာကို ဗိုလ်ချုပ်အင်ဘန်လကို လိပ်မူပြီးတော့ ပို့တယ်။ သူက မပြန်ဘဲ ခူဦးရယ်က ပြန်တယ်”ဟု သူက ဆက်လက် ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံလိုကြောင်း ပြောဆိုခဲ့သဖြင့် ဇွန်လ ၁၁ ရက် ပြည်တွင်းကို လာရောက်ပါက ဒေါ်အောင်ဆန်းစုကြည်လည်း တွေ့ဆုံရန် ကြိုဆိုကြောင်း ဖိတ်ခေါ်ခဲ့ပြီး ဖြစ်သည်။ UNFC က ဒုတိယ အကြိမ် ထပ်မံ တွေ့ဆံရန် တောင်းဆိုခဲ့သဖြင့် သွားရောက် တွေ့ဆုံမည် ဖြစ်ကြောင်း ဇွန်လ ၁၅ ရက်ထုတ် မြန်မာ့အလင့် သတင်းစာတွင် ဖော်ပြထားသည်။

ဒုတိယအကြိမ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးမှုတွင် အစိုးရ ကိုယ်စားလှယ်များဘက်မှ ဆုံးဖြတ်ပေးနိုင်သူ မပါဝင်သဖြင့် ရက်ရွှေ့ဆိုင်းပေးရန် DNPက တောင်းဆိုထားသည်။

DPNကမူ ဇွန်လ ၃ ရက်က ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သောအဖွဲ့နှင့် DPN ကိုယ်စားလှယ်တို့ ပထမအကြိမ် တွေ့ဆုံ ဆွေးနွေးစဉ် မေးမြန်းခဲ့သော မေးခွန်းများကို ပြန်လည် ရှင်းပြပေးစေရန် ထပ်မံ တွေ့ဆုံလိုကြောင်း ထပ်မံ အကြောင်းထား လိုက်ခြင်း ဖြစ်သည်။

DPNဘက်မှ မေးမြန်းထားသည့် မေးခွန်းများကို ၂၁ အကြိုပြင်ဆင်ရေးကော်မတီဘက်မှ ဖြေကြားခဲ့သလို၊ ပြည်တွင်းသို့ လာရောက်၍ နိုင်ငံရေးဆိုင်ရာ မူဘောင်များ သုံးသပ်မှုတွင်လည်း ဆွေးနွေးမေးမြန်းနိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံချိန်လည်း မေးမြန်းနိုင်သည်ဟု ရှင်းပြထားပြီး ဖြစ်ကြောင်း ဦးလှမောင်ရွှေက ပြောသည်။

“ကျနော်တို့ဘက်က သူတို့ကို အားလုံး ရှင်းပြပြီးပြီ။ သူတို့ပြောမေးခွန်း အဖြေက အားလုံးရှိပြီးသား။ ဒါပေမယ့် သူတို့နဲ ကျနော်တို့တွေ့ခဲ့တာ နှစ်ပိုင်းတွေ့ခဲ့တာကိုး၊ တပိုင်းကတော့ သူတို့မနက်ပိုင်းမှာတွေ့တယ်။ ညနေပိုင်းမှာ အလွတ်သဘော ထပ်တွေ့သေးတယ်။ အဲကတည်းက အားလုံးရှင်းပြပြီးသား ဆိုလိုတာက ဥပမာ ၂၁ ရာစုပင်လုံ ညီလာခံကဘာလဲဆိုတာ ဒါလည်း ရှင်းပြီးသား၊ ဒေါ်စုလည်း ရှင်းပြပြီးသား။ ၂၁ ရာစုပင်လုံနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဆိုတာလည်း အတူတူပဲဆိုတာလည်း ရှင်းပြပြီးပြီ။ ရည်ရွယ်ချက်က ဘာလဲဆိုတော့ ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာ ဆွေးနွေးမယ်။ ပြည်ထောင်စုဘယ်လိုသွားမလဲဆိုတာတွေပေါ့။ ဘယ်လိုသွားမလဲဆိုတော့ သူတို့ကို Framework review မှာ ပြန်ပြင်ရမယ်။ ဒါလည်း ရှင်းပြပြီးသား။ အဲဒါပြီးတော့ မှ ဖိတ်လည်းဖိတ်ပြီးသား။ လာဖို့လည်း ပြောပြီးသား”ဟု သူက ပြောသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...