အစားအသောက်နှင့်ဆေးဝါးများ ဘေးကင်းရေး အထူးအလေးထားရန် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား

အစားအသောက်နှင့်ဆေးဝါးများ ဘေးကင်းရေး အထူးအလေးထားရန် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား
by -
မဇ္စျိမ
 နိုင်ငံအဝှမ်းရှိ ပြည်သူများ စားသုံးနေကြသော အစားအသောက်များနှင့် သုံစွဲနေကြသော ဆေးဝါးများ ဘေးကင်းလုံခြံုရေးအတွက် အထူးအလေးထားဆောင်ရွက်ကြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်အားလုံးကို ညွှန်ကြားထားသည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

"အစားအသောက်နဲ့ ဆေးဝါး ဘေးကင်းလုံခြံုရေးနဲ့ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဝန်ကြီးချုပ်တွေကို မှာထားတာ ရှိပါတယ်။ အဲ့ဒါကတော့ ကျောင်းသား၊ ကျောင်းသူတွေအပါအဝင် ကလေးငယ်တွေရဲ့ အစားအသောက်၊ မုန့်သရေစာတွေ လုံခြံုဘေးကင်းဖို့၊ နောက် မိသားစုလိုက်သုံးနေတဲ့ ဆေးဝါးတွေ ဘေးကင်းလုံခြံုရေးအတွက် အထူးအလေးထားဖို့" ဟု ဦးဇော်ဌေးက ဇွန်လ ၁၅ရက်တွင် ပြောသည်။

အစားအသောက်နှင့်ဆေးဝါးများ ဘေးကင်းလုံခြံုရေးအတွက် တိုင်းနှင့်ပြည်နယ်အစိုးရများနှင့် ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)တို့ အနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် FDA၏ လုပ်ဆောင်ချက်များ တိုးချဲ့ဆောင်ရွက်သွားရန် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားခြင်းဖြစ်သည်။

ထို့ပြင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် အရက်သေစာသောက်စားမှု ထိန်းချုပ်ရေးအတွက် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များအား ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားသေးသည်ဟုလည်း ဦးဇော်ဌေးက ဆိုသည်။

"အဲ့ဒါကတော့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရရဲ့ ရက်(၁၀၀)စီမံချက်ထဲမှာ လုပ်နေပါတယ်။ လုပ်တဲ့နေရာမှာ အုပ်ချုပ်ရေးအဖွဲ့ရှိမယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိမယ်။ ရဲတပ်ဖွဲ့အောက်က မူးယစ်(ဗဟို)ရှိမယ်။ သူတို့ အထူးအလေးထားပြီးတော့ မူးယစ်ဆေးဝါးပပျောက်ရေးကို ဆောင်ရွက်နေပါတယ်" ဟု ၎င်းက ပြောသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...