ဇိုးမီးအမျိုးသား ဖွံ့ ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ကိုယ်ကျိုးစွန့်ဆောင်ရွက်မှုကြောင့် ဒေါက်တာဘွဲ့ ချီးမြှင့်ခံရ

ဇိုးမီးအမျိုးသား ဖွံ့ ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ကိုယ်ကျိုးစွန့်ဆောင်ရွက်မှုကြောင့် ဒေါက်တာဘွဲ့ ချီးမြှင့်ခံရ
by -
မဇ္စျိမ
ပြည်သူလူထုအကျိုးစီးပွားအတွက် ကိုယ်ကျိုးစွန့်ကာ လက်တွေ့ ကျကျ ဆောင်ရွက်သည့်အတွက် ဇိုးမီးအမျိုးသား ဖွံ့ံ ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (Zomi Development Foundation) ၏ ပြည်နယ် ဗဟို အဖွဲ့ချုပ် ဥက္ကဋ္ဌ ပူကျင်လန် (ခေါ်) ပူပေါလ်ပေါင်းအား မြန်မာနိုင်ငံခရစ်ယာန်ပေါင်းချုပ်မှ Doctor of Management Christian Service (D.M.C.S) ဘွဲ့ကို ချီးမြှင့်လိုက်သည်။

ယင်းဒေါက်တာဘွဲ့ကို မတ်လ ၂ရက်က ချီးမြှင့်ခံရခြင်းဖြစ်ပြီး ZDF က ဇွန် ၁၃ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပူကျင်လန်အနေဖြင့် ၂၀၁၅-၂၀၁၆ ရေဘေးလေဘေးသင့် ပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် မြေသားလမ်းများ တည်ဆောက်ခြင်းနှင့် နေအိမ်များဆောက်လုပ်ခြင်းတို့ကို   ဆောင်ရွက်လျက် ရှိနေသည်ဟု ဆိုသည်။

"အခု တီးတိန်၊ တွန်းဇန် မြို့နယ်တွေမှာရှိတဲ့ ရေဘေးသင့် ရွာပေါင်း ၂၀ လောက်က တွန်းဇန် မြို့နယ် သစ်တောကြိုးဝိုင်းနေရာမှာ တဲထိုးပြီး မိုးကာကာပြီး နေထိုင်နေရပါတယ်။ အခုမြေသားလမ်းဖောက်ဖို့အတွက် စီစဉ်နေပါတယ်။ လူနေတဲတွေသွပ်မိုးဖို့ကိုလည်း ဆောင်ရွက်သွားပါမယ်။ အခုသောက်သုံးရေလည်း လိုအပ်နေပါတယ်။ ဒီရွာမှာ အိမ်ခြေ ၅၀၀ခန့်နဲ့ လူဦးရေ ၃၀၀၀ လောက်ရှိပါတယ်။ ကျောင်းသား ကျောင်းသူ ၃၀၀ ခန့်လည်းရှိပါတယ်။ ” ဟု ပူကျင်လန် (ခေါ) ပူပေါလ်ပေါင်းကပြောသည်။

လာမည့် ဇူလိုင်လတွင်လည်း တွန်းဇန် နှင့် ကျီခါးမြို့နယ်ရှိ ရွာ ၃၅ ရွာရှိ အခြေခံပညာကျောင်းများ အတွက် ဗလာစာအုပ်၊ ခဲတံ၊ ကွန်ပါဘူး နှင့် အားကစားပစ္စည်းများကို ပေးအပ်သွားမည်ဟု ဥက္ကဋ္ဌ ပူကျင်လန် (ခေါ) ပူပေါလ်ပေါင်း က ထပ်မံပြောကြားသည်။

ဇိုးမီးအမျိုးသား ဖွွံ့ ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းသည် ချင်းပြည်နယ်ရှိ တီးတိန်၊ တွန်းဇန် ကျီခါး စသည့် နယ်စပ်မြို့နယ်များတွင် သဘာဝဘေးဒဏ်ခံရသော ပြည်သူများကိုကူညီခြင်း၊ ဆေးဝါးများထောက်ပံ့ပေးခြင်း၊ ပညာရေးဆိုင်ရာ ပစ္စည်းများထောက်ပံ့ခြင်း၊ စာပေနှင့်ယဉ်ကျေးမှုလုပ်ငန်းများ ဆောင်ရွက်နေသည်။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...