အစိုးရ နှင့် ဝ၊ မိုင်းလားအဖွဲ့တို့ ဇွန် ၁၇ ရက်တွင် သီးခြားတွေ့မည်

အစိုးရ နှင့် ဝ၊ မိုင်းလားအဖွဲ့တို့ ဇွန် ၁၇ ရက်တွင် သီးခြားတွေ့မည်
by -
မဇ္စျိမ
ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ်(UWSA)၊ မိုင်းလားအဖွဲ့(NDAA)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ တို့ ဇွန်လ ၁၇ နေ့ ရှမ်းပြည်နယ် မိုင်းလားမြို့ရှိ အရှေ့တိုင်း ဟိုတယ်တွင် သီးခြားစီ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်စတင်၍ ရာသီဥတု အခြေအနေကြောင့် တွေ့ဆုံဆွေးနွေးမည့် နေရာကို ညှိနှိုင်းခဲ့ရာမှ မိုင်းလားတွင် တွေ့ဆုံရန် နှစ်ဖက် ညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ တဘက်ခါ မုုိင်းလာမှာ ညနေပိုင်းတွေ့မယ်။ မပြီးရင် ၁၈ ရက်နေ့ ဆက်ဆွေးနွေးမယ်။ UWSA လည်း မိုင်းလားမှာ သီးခြားစီတွေ့မယ်။ ကျနော်တို့တော့ နိုင်ငံတော် သမ္မတရော၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရော ဖိတ်ခေါ်တဲ့ ၂၁ ပင်လုံ ညီလာခံ လုပ်မယ် ဆိုတာ ကျနော်တို့ ကြိုဆို ထောက်ခံတယ်။ အဲဒီသဘောထားနဲ့ပဲ"ဟု NDAA  ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က မဇ္စျိမကုုိ ပြောသည်။

ယခင်အစိုုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သည့် နှစ်ပေါင်း ၂၇ နှစ်ကြာမြင့်ပြီးနောက် သေနတ်သံ မထွက်ခဲ့သဖြင့် ယခုုအစိုးရနှင့်လည်း ဆက်လက်၍ ငြိမ်းချမ်းရေးအတွက် ထိန်းသိမ်းနိုင်မည်ဟု မျှော်လင့်ကြောင်း သူက ပြောသည်။

 ပြည်ထောင်စုု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းနှင့်အဖွဲ့သည် ဝ UWSA နှင့် မိုင်းလား NDAA အဖွဲ့များ ပင်လုံညီလာခံ တက်ရောက်ရန် ဖိတ်ခေါ်မည် ဖြစ်ကြောင်း ဇွန်လ ၁၅ ရက်နေ့ထုတ် မြန်မာ့အလင်းတွင် ဖော်ပြထားသည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုု ပင်လုံ ညီလာခံ ကျင်းပရန် ပြောဆိုလိုက်ပြီးနောက် ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သော အဖွဲ့က UWSA နှင့် NDAA တပ်များနှင့် ပထမဆုံးအကြိမ် သွားရောက် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်။

၂၁ ရာစု ပင်လုုံညီလာခံတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) လက်မှတ်မထိုးရေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်နိုင်ရန်အတွက် ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သော အဖွဲ့သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)မှ နိုင်ငံရေး ဆုုိင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN)နှင့် ပထမဆုံးအကြိမ် ထိုင်းနိုင်ငံ ချင်းမုုိင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...