လူတိရိစ္ဆာန် အခေါ်အဝေါ်ကိုု ကယန်းအမျိုးသားနေ့တွင် ရှုတ်ချ

လူတိရိစ္ဆာန် အခေါ်အဝေါ်ကိုု ကယန်းအမျိုးသားနေ့တွင် ရှုတ်ချ
by -
ကန္တာရဝတီတိုင်း(မ်)
ထိုင်းနိုင်ငံသို့ စစ်ပြေးဒုက္ခသည်အဖြစ် ထွက်ပြေးခိုလှုံနေကြသည့် ကယန်း ကြေးကွင်းပတ်တို့ကို လူတိရိစ္ဆာန်အဖြစ် တင်စားခေါ်ဝေါ်ခြင်းသည် ကယန်းအမျိုးသားတို့၏ ဂုဏ်သိက္ခာညိုးနွမ်းစေကြောင်း ကယန်းအမျိုးသားနေ့မှာ အခမ်းအနား ကျင်းပရေးကော်မီတီဥက္ကဌ ခွန်းနေဇာအောင်က ပြောဆိုလိုက်သည်။

"ဒီမှာ အမျိုးသားနေ့ကို အဓိက ကျင်းပရတဲ့ဟာကလည်း အဲဒီ အချက်ပဲ ပေါ့နော်၊ လူတိရိစ္ဆာရုံလို့ အဓိက ခေါ်ခံရတယ် ကျနော်တို့ရဲ့ အမျိုးသား လက္ခဏာကို ကယ်ဆယ်နိုင်ဖို့ ဆိုတာ ဒီလိုမျိုး ပြန်လည် စုစည်းပြီးတော့မှ အမျိုးသားနေ့ကို ကျင်းပခြင်းအားဖြင့် အော်..သူတို့ အမျိုးသားနေ့ ရှိပါလား ကယန်းမှန်းတော့ သူတို့ သိချင်မှ သိမယ် အဲလိုမျိုးပေါ့ နိုင်ငံ တကာက ကျနော်တို့့ လူမျိုးတွေကို long neck လို့ပဲ သိတယ်၊ နောက်ပြီး လူတိရိစ္ဆာန်ရုံလို့ပဲ နားလည်ကြတယ် အဲဒါတွေကို ကျနော်တို့က အဓိက ပြန်ပြီး ရှင်းလင်းသင်ပြချင်တာလည်း ဖြစ်တယ်"ဟု ပြောသည်။

ဧပြီလ ၁၀ရက်နေ့က ၁၅နှစ်မြောက် ကယန်းအမျိုးသားနေ့အခမ်းအနားကို ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နယ်စပ် ကယန်းသာယာကျေး ရွာတွင် ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်သော အခမ်းအနားတွင် ခွန်းနေဇာအောင်က ယခုလို ပြောဆိုလိုက်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြသည့် ကယန်းကြေးကွင်းပတ် ကယန်းအမျိုးသမီးတို့သည် နိုင်ငံခြားခရီးသွားလုပ်ငန်းတွင် ဆက်စပ် ပါ၀င်နေမှု ရှိနေခြင်းအပေါ် လူတိရိစ္ဆာအဖြစ် နာမည်ထွက်နေမှုကြောင့် ပြည်တွင်းရှိ ကယန်းလူမျိုးများနှင့် ထိုင်းနိုင်ငံရောက် ကယန်းလူမျိုး အချင်းချင်းအကြား နားလည်မှုလွဲမှားသည့် အခြေအနေတရပ်ကိုလည်း ဖြစ်စေသည်ဟု ခွန်းနေဇာအောင်က ဆက်ပြောသည်။

လူတိရိစ္ဆာရုံအဖြစ်ခေါ်ဝေါ်ခြင်းခံနေကြရသည့် ထိုင်းနိုင်ငံရောက် ကယန်းကြေးပတ်များနှင့် ပတ်သက်၍ ကယန်း အမျိုးသားအရေး အမြှော်အမြင်ရှိသူ ခွန်းမားရ်ကိုဘန်းက ယခုလိုပြောသည်။

"ရန်ကုန်မှာ တိုင်းရင်းသားရွာရှိတယ် ဘာတွေထားလဲ ကယန်းပါတယ် နာဂပါတာပဲ ကျန်တဲ့ လူမျိုးပေါင်းစုံက နည်းနည်း ထူးခြားမှုရှိတဲ့လူမျိုး အကုန်၊ ဒါလည်း ထားတာပဲ ဒါကိုရော တိရိစ္ဆာန်ရုံလို့ သွားပြောလို့ရလား သူတို့လက်ခံလား သူတို့ မလက်ခံရင် ကျနော်တို့ကိုလည်း ဘာလို့ဒီလိုပြောလဲ ပြောစရာဟုတ်လား ဒီလိုပြောတာမှန်ရဲ့လား ကျနော်တို့က ဒါမဟုတ်ရင် ဘယ်တော့မှမခံဘူး" ဟု ပြောသည်။

ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင်အတွင်းရှိ ကယန်းသာယာရွာမှာ ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်သော ကယန်းအမျိုးသားနေ့ အခမ်းအနားကို ၎င်းဒေသရှိ ကယန်းကြေးကွင်းပတ် ကျေးရွာသုံးရွာနှင့် ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းမှ ကယန်းအမျိုးသား ၁၅၀ ၀န်းကျင်တက်ရောက်အားပေးခဲ့ကြသည်။

"အမျိုးသားစိတ်ရှိတဲ့လူက ဒီဖက်မှာ ရှိတဲ့လူတွေပေါ့ ရှိတယ်ဆိုတာ ကျနော်တို့သိလာရတယ်ပေါ့ ပြီးတော့ ကျနော် ဒီလိုတွေ့ခြင်း အားဖြင့် ကျနော်ပျော်တယ် ပြီးတော့ ကိုယ့်နယ်မြေ ကိုယ့်တိုင်းပြည်မဟုတ်ပေမဲ့ နယ်စပ်မှာရောက်ရှိတဲ့ ညီအစ်ကိုအားလုံးပေါ့ ကျနော်တို့ ကယန်းအမျိုးသားအားလုံးပေါ့ ကျနော်က ကိုယ့်အမျိုးသား ကိုယ့်ကယန်း ဆိုတာ အားလုံး မျိုးချစ်စိတ်ရှိသင့်တယ်လို့ ကျနော်ထင်တာပေါ့"ဟု ကယန်းလူငယ်တဦးဖြစ်သည့် ခွန်းလဖေါ့ကပြောသည်။

မယ်ဟောင်ဆောင်ဒေသတွင် ကယန်းကြေးကွင်းပတ် ကျေးရွာသုံးရွာရှိပြီး ၂၀၀၅ခုနှစ်က လူဦးရေ ၆၀၀ ၀န်းကျင်ရှိခဲ့ရာမှ ယခုနောက်ပိုင်း တတိယနိုင်ငံ အခြေချနေထိုင်ရေး အစီအစဉ်ဖြင့် နိုင်ငံခြားသို့ သွားရောက်အခြေချ နေထိုင်ခဲ့သူများလည်း ရှိလာသည်။

ကယန်းနိုင်ငံရေးပါတီများ၊ ကယန်းလူထုကိုယ်စားပြုအဖွဲ့အစည်းများနှင့် ဘာသာရေးခေါင်းဆောင်များမှ ၂၀၀၀ ခုနှစ်တွင် ကယန်းအမျိုးသား မိခင်စာပေတစ်ရပ်ကို အတည်ပြုသတ်မှတ်နိုင်ခဲ့သည့်အတွက် အဆိုပါနေ့ကို အစွဲပြုပြီး ကယန်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...