ရခိုင်ဆန်များ ပြည်ပစျေးကွက်သို့ တင်ပို့ရန် အရည်အသွေးမပြည့်မီသေး

ရခိုင်ဆန်များ ပြည်ပစျေးကွက်သို့ တင်ပို့ရန် အရည်အသွေးမပြည့်မီသေး
by -
မဇ္စျိမ
 ကျော်မင်း(စစ်တွေ)
ကျော်မင်း(စစ်တွေ)
ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျှက်ရှိသည့် ဒေသတစ်ခုဖြစ်ပြီး ဆန်စပါးလုပ်ငန်းကို အဓိက အားထားနေရသော်လည်း ထွက်ရှိသည့် ဆန်စပါးများမှာ အရည်အသွးမပြည့်မီသည့်  အတွက်ကြောင့် ပြည်တွင်းစျေးကွက် တစ်ခုတည်းကိုသာ မှီခိုနေရပြီး ပြည်ပစျေးကွက်ဝင်နိုင်ရန်အတွက် ကုန်ကြမ်းထုတ်လုပ်မှု အရည်အသွေးကောင်းမွန်ရန် လိုအပ်ကြောင်း စားသုံးကုန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးပိုင်က မဇ္ဈိမကို ပြောသည်။

“အခုအနေအထားက ရခိုင်ပြည်နယ်ကထွက်တဲ့ စပါးတွေကိုကြိတ်ခွဲတဲ့အခါမှာ ပြီးခဲ့တဲ့နှစ်က အထိကို စျေးကွက်မှာ သူများနဲ့ ယှဉ်လို့မရဘူး။ ကျွန်တော်တို့ အရည်အသွေးက တော်တော်လေးကို ညံ့နေတယ်။ ဒီနှစ်မှာတော့ ရခိုင်ပြည်နယ်ထဲမှာ ဆန်အရည်အသွေး ကောင်းမွန်ဖို့အတွက် ခေတ်မှီစက်တွေ တပ်ဆင်ထားပါပြီ။ ဒါပေမယ့် ဒေသတွင်းမှာ ကုန်ကြမ်းစျေးများနေတဲ့အတွက် ပြည်ပကို တင်ပို့လို့ မရသေးပါဘူး။”

ရခိုင်ပြည်နယ်တွင် ဆန်စက် ၁၃၅၀ ရှိပြီး ယင်းအထဲတွင် တစ်ရက်လျှင် တန်ချိန် ၅၀ မှ ၁၀၀ ထုတ်လုပ်နိုင်သည့် ဆန်ကြိတ်စက်မှာ ရ လုံး နှင့် တန်ချိန် ၁၅ တန် ကျသည့် ဆန်ကြိတ်စက်မှာ အလုံးရေ ၂၀ ခန့်ရှိကာ ကျန် ၁၃၂၃ စက်မှာ တန်ချိန် ၅ တန်ခန့်သာ ထုတ်လုပ်နိုင်သေးသည်။

ရခိုင်ပြည်နယ်ထွက် စပါးများမှာ ပြည်ပစျေးကွက်သို့ တင်ပို့နိုင်သည့် အရည်အသွေးမရှိသော်လည်း ပြည်တွင်း ဆန်စျေးကွက်တွင် ဧည့်မထ တင်းတစ်ရာလျှင် ကျပ် ငါးသိန်းအထိ စျေးပေါက်နေပြီး   ဒေသတွင်း ကုန်ကြမ်းစျေးမှာ အလွန်အကျွံမြင့်မားနေသည်။

ယင်းသို့ စပါးစျေးများ မြင့်တက်နေခြင်းမှာ ယခင်နှစ်က ၀င်ရောက်တိုက်ခတ်ခဲ့သည့် ကိုမန်မုန်တိုင်းနှင့် ဒေသတွင်း စစ်ပွဲများကြောင့် စိုက်ပျိုးမြေ ဧက ထောင်နှင့်ချီကာ ထွန်ယက်ခြင်းမပြုနိုင်ခြင်း တို့ကြောင့်ဟု စားသုံးကုန်များ ဦးစီးဌာနက ပြောသည်။

“အခုခေတ်မီစက်တွေလည်းတည်ထားပြီ။ ဒီနှစ်တော့ သဘာဝဘေးဒါဏ်တွေလည်း ကြံုရမှာမဟုတ်ဘူး။ ဒါကြောင့် ကုန်ကြမ်းစျေးတွေလည်း အတော်အသင့်ပဲရှိမယ်လို့ ခန့်မှန်းပါတယ်။ ဒီတော့ ပိုလျှံစပါးတွေကို ကြိတ်ပြီးတော့ နိုင်ငံခြားစျေးကွက်ကို တင်ပို့နိုင်လိမ့်မယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားတွေလည်း တက်လာမှာပါ။ အကျိုးစီးပွားတက်လာဖို့အတွက်လည်း စက်ဖက်ကကောင်းတယ်။ လူကောင်းတယ်။ မရဘူး။ ကုန်ကြမ်းကောင်းဖို့ လိုအပ်ပါတယ်။ ကုန်ကြမ်းကောင်းဖို့ အတွက် လယ်သမားတစ်ဦးတည်း လုပ်လို့မရဘူး။ စက်ပိုင်အသင်းတွေကလည်း အရည်အသွေးမြှင့်ဖို့ လိုသလို မျိုးတွေလည်းကောင်းဖို့လိုပါတယ်။ စိုက်ပျိုးတဲ့အခါမှာလည်း ဇုန်အလိုက် စိုက်ပျိုးဖို့လိုအပ်ပါတယ်။ ရောပြီးတော့စိုက်ပျိုးလို့ ကုန်ကြမ်းက ကောင်းမလာပါဘူး။”ဟု ဦးစိုးပိုင်က ပြောသည်။

ယင်းအပြင် ဒေသတွင်း တောင်သူများအနေဖြင့် မိမိ၏ ကုန်ပစ္စည်းများအား အလွယ်တကူ ရောင်းချနိုင်ရန်အတွက် ရခိုင်ပြည်နယ်အတွင်း ကုန်စည်ဒိုင်များဖွင့်လှစ် ပေးရန် စီစဉ်လျှက်ရှိကြောင်း၊   ဒေသတွင်းစျေးကွက်တွင် ကာလပေါက်စျေးနည်းပါးသည့် အတွက် ပြည်ပစျေးကွက်သို့ တင်ပို့ရောင်းချလိုလျှင်လည်း အလွယ်တကူ သွားလာနိုင်အောင်အတွက် IEC card များကို ထုတ်ပေးနိုင်ရန်အတွက် စီစဉ်ထားကြောင်း ယင်းသို့စျေးကွက်ဝင် ကုန်ကြမ်းများထွက်ရှိရန် လိုအပ်လျက်ရှိပြီး ရခိုင်ပြည်နယ်အတွင်းမှ ထွက်ရှိသည့်ဆန်များအား ယခင်က မော်ရေးရှား၊ နီပေါ၊ အိန္ဒိယနိုင်ငံများသို့ တင်ပို့ရောင်းချခဲ့ရကြောင်း ရခိုင်ပြည်နယ် ဆန်စပါးထုတ်လုပ်တင်ပို့ရောင်းချခြင်းဆိုင်ရာ စာရင်းမှတ်တမ်းများအရ သိရသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...