ဘီဘီစီ သတင်းထောက် ကိုနေမျိုးလင်း ပြန်လွတ်ရေး အစိုးရအား BNI တောင်းဆို

ဘီဘီစီ သတင်းထောက် ကိုနေမျိုးလင်း ပြန်လွတ်ရေး အစိုးရအား BNI တောင်းဆို
by -
မဇ္စျိမ
ဘီဘီစီ သတင်းထောက်ကိုနေမျိုးလင်း ထောင်ဒဏ်ချမှတ်ခံထားရသည့် ပြစ်မှုကို ပြန်လည် စစ်ဆေးပေးရန် နှင့် ၎င်းအား ပြစ်ဒဏ်မှ လွှတ်ပေးရန် နိုင်ငံတကာ မြန်မာသတင်းဌာန Burma News International (BNI) က မြန်မာအစိုးရအား တိုက်တွန်းတောင်းဆိုလိုက်သည်။

ပြည်သူ့ ဝန်ထမ်းအား ထိခိုက်နာကျင်စေမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသည့် ဘီဘီစီ သတင်းဌာန၏ မန္တလေးအချေစိုက် အကြီးတန်း သတင်းထောက် ကိုနေမျိုးလင်း၏ အမှုကိစ္စအပေါ် ပြန်လည်သုံးသပ်စစ်ဆေးပေးနိုင်ရန် BNI က အစိုးရအား တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

၂၀၁၆ ဇွန်လ ၉ ရက်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ ယမန်နှစ်မတ်လအတွင်းက မန္တလေးရှိ ဆန္ဒပြပွဲတစ်ခု၌ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား တွန်းထိုးခဲ့သည့် သတင်းထောက် ကိုနေမျိုးလင်း၏ လုပ်ရပ်မှာ တမင်နာကျင်စေလိုသည့် ရည်ရွယ်ချက်မရှိခဲ့ကြောင်း ထောက်ပြပြောဆိုသွားခဲ့သည်။

နောက်ပိုင်းတွင် အထက်ပါ ဘီဘီစီ သတင်းထောက်သည် ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရပြီး မန္တလေးမြို့ ချမ်းမြသာစည် တရားရုံးက ဇွန်လ ၆ ရက်တွင် ၎င်းအား ပြည်သူ့ဝန်ထမ်းတစ်ဦးကို နာကျင်စေမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့သည်။

"မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့်အတွက် အစိုးရသစ်နဲ့ မီဒီယာအဖွဲ့တွေအကြား အပြန်အလှန်ယုံကြည်မှုရဖို့ ကြိုးပမ်းနေတဲ့အချိန်မှာ ခုလိုမျိုး သတင်းထောက်တစ်ယောက်ကို ပြင်းထန်တဲ့ ထောင်ဒဏ်အပြစ်ဒဏ်ချမှတ်တာမျိုးက ဂျာနယ်လစ်သတင်းသမားအများစုကို ထိခိုက်နာကျင်စေရပါတယ်" ဟု BNI ကထုတ်ပြန်သည်။

ယင်းအတွက်ကြောင့် ယခုဖြစ်စဉ်တွင် အသစ်ပြဌာန်းလိုက်သော သတင်းမီဒီယာဥပဒေပါ လုပ်ထုံးလုပ်နည်းများဖြင့် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများက ပြန်လည် စစ်ဆေးပေးရန် တောင်းဆိုထားသည်။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...