ရခိုင်ပြည်နယ်ရှိ အစ္စလာမ်များ နိုင်ငံသားရရှိရန် ယုံကြည်ကြောင်း တူရကီနိုင်ငံခြားရေးရာ ဝန်ကြီးဆို

ရခိုင်ပြည်နယ်ရှိ အစ္စလာမ်များ နိုင်ငံသားရရှိရန် ယုံကြည်ကြောင်း တူရကီနိုင်ငံခြားရေးရာ ဝန်ကြီးဆို
by -
မဇ္စျိမ
 မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး မစ္စတာမာလက်ကာဘူတိုဂလူက သမ္မတဦးထင်ကျော်နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံမှုအပြီးမှာ ရခိုင်ပြည်နယ်ကို ဇွန်လ ၁၃ ရက် ညနေ ၅ နာရီခွဲက ရောက်ရှိလာခဲ့ပါတယ်။

တူရီကီနိုင်ငံခြားရေးရာဝန်ကြီးဟာ မြို့ပေါ်ရှိ လှုမှုကယ်ဆယ်ရေးရုံး၊ နယ်စပ်ဒေသတိုင်းရင်းသား ဒေသ ဖွံဖြိုးရေးရုံးများကိုပါ ဝင်ရောက်ကြည့်ရူခဲ့ပြီး အောင်မင်္ဂလာရပ်ကွက်အတွင်းသို့ ဝင်ရောက်ကာ ဒေသခံပြည်သူတွေရဲ့ အခက်ခဲတွေကို မေးမြန်းခဲ့ပြီး အစ္စလမ်ဘာသာဝင် အရပ်ဘက် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

တူရကီနိုင်ငံခြားရေးဝန်ကြီး မစ္စတာမာလက်ကာဘူတိုဂလူက အောင်မင်္ဂလာရပ်ကွက်အတွင်းမှာ ရှိတဲ့ အစ္စလာမ်ဘာသာဝင် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါ ရခိုင်ပြည်နယ်ကို ပြန်လည်ထူထောင်ရာမှာ တူရကီ အစိုးရအနေနဲ့လည်း ကူညီသွားမယ်လို့ သူက ဆိုပါတယ်။

“တူရကီ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်  ပြန်လည်ထူထောင်ရာမှာ ကူညီပေးသွားမှာပါ။ နိုင်ငံသားရရှိမှာကိုလည်း ကျွန်တော်ယုံကြည် ပါတယ်။ တူရကီနိုင်ငံအနေနဲ့လည်း ခွဲခြားဆက်ဆံမှုမရှိဘဲနဲ့ ပံ့ပိုးကူညီသွားမှာ ဖြစ်ပါတယ်”

တူရကီနိုင်ငံခြားရေးဝန်ကြီး မစ္စတာမာလက်ကာဘူတိုဂလူကနဲ့ တွေ့ဆုံဆွေးနွေးရာမှာ ဒေသခံ တစ်ဦးဖြစ်သူ ဦးရွှေလှကလည်း သူတို့တွေရဲ့အခက်ခဲကို ခုလိုပြောပြပါတယ်။

“ကျွန်တော်တို့ကို ဘယ်သူမှ အထောက်အပံ့ မလုပ်ပေးပါဘူး၊ NGO တွေဆီကလည်း ကူညီမှုတွေက ဒီကိုမရောက်ပါဘူး၊ ပြီးခဲ့တဲ့ နှစ်ကလည်း တူရကီက ကူညီပါတယ်။ နောင်ကိုလည်း ကူညီပါလို့ ဒေသခံလူထုတစ်ခုလုံးကိုယ်စား ကျွန်တော် မေတ္တာရပ်ခံပါတယ် “

တူရကီနိုင်ငံခြားရေးဝန်ကြီး မစ္စတာမာလက်ကာဘူတိုဂလူကဟာ ဒေသခံတွေနဲ့ ဆွေးနွေးမှုအပြီးမှာ အစ္စလမ်ဘုရားကျောင်း အတွင်း သီလ ယူခဲ့တယ်လို့ သိရပါတယ်။

တူရကီနိုင်ငံဟာ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) မှာလည်း ဦးဆောင်မှုအခန်းကဏ္ဍကနေ တာဝန်ယူထားပါတယ်။ တူရကီနိုင်ငံရဲ့ လက်ရှိ သမ္မတ Recep Tayyip Erdoğan ဟာ OIC ရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...