မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ သေချာပြီလို့ တူရကီနိုင်ငံခြားရေးဝန်ကြီးပြော

မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ သေချာပြီလို့ တူရကီနိုင်ငံခြားရေးဝန်ကြီးပြော
by -
မဇ္စျိမ
 ပြည်တွင်းငြိမ်းချမ်ရေးကို စတင်အကောင်အထည်ဖော်မည်ဟု ပြောဆိုထားသည့် မြန်မာအရပ်သားအစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေးရရှိရန် သေချာနေပြီဟု မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိလာသည့် တူရကီနိုင်ငံခြားရေးဝန်ကြီး  မစ္စတာ မာလက်ကာဘူတိုုဂလူ က ပြောကြားလိုက်သည်။

"မြန်မာပြည်မှာ ငြိမ်းချမ်းရေး၊ တိုးတက်ရေးက မဖြစ်မနေဖြစ်လာမယ်ဆိုတာ သေချာပါတယ်" ဟု တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ်ရောက်ရှိလာသော တူရကီနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် နေပြည်တော်တွင် ဇွန်လ ၁၃ရက်တွင် တွေ့ဆုံခဲ့ပြီးနောက် ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာအစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကိုဖော်ဆောင်ရန် ၂၁ရာစု ပင်လုံညီလာခံတစ်ရပ်အား လာမည့် ဩဂုတ်လအတွင်း ကျင်းပနိုင်ရန် ပြင်ဆင်နေပြီဖြစ်သည်။ ထို့ပြင် ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် အပစ်ရပ်စာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယခုလအတွင်းတွေ့ဆုံရန် ရှိနေသည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရန် သေချာနေပြီဟု တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်သလို မြန်မာအစိုးရ၏ လုပ်ဆောင်ချက်များကိုလည်း ထောက်ခံသည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သေးသည်။

"ကျွန်တော်တို့ ပူးပေါင်းပြီးဆောင်ရွက်နိုင်တဲ့ အပိုင်းတွေက အများကြီးရှိပါတယ်။ နှစ်ဖက်လုံးကလည်း ဆန္ဒရှိကြပါတယ်" ဟု တူရကီနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

ထို့ပြင် မြန်မာ- တူရကီ နှစ်နိုင်ငံကြား ကုန်သွယ်မှုမှာ အလွန်အားနည်းနေသည်ဟု တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပြီး တူရကီ- မြန်မာလေကြောင်းလိုင်းပြေးဆွဲလိုသည့် ဆန္ဒရှိကြောင်းလည်း ၎င်းက ပြောသည်။

တူရကီနိုင်ငံခြားရေးဝန်ကြီးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် သမ္မတဦးထင်ကျော်နှင့် ထပ်မံတွေ့ဆုံခဲ့ပြီး "နှစ်နိုင်ငံချစ်ကြည််ရင်းနှီးမှု၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စ ရပ်များကို ဆွေးနွေးကြသည်" ဟု သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။

တူရကီနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးထင်ကျော်တို့နှင့် တွေ့ဆုံပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း မွန်းလွဲ ၂နာရီတွင် ဆက်လက်တွေ့ဆုံခဲ့သေးသည်။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...