ကုလ၏ ကလေးစစ်သားစုဆောင်း အသုံးပြုမှုစာရင်းတွင် တိုင်းရင်းသားလက်နက်ကိုင် ရ ဖွဲ့ ပါနေ

ကုလ၏ ကလေးစစ်သားစုဆောင်း အသုံးပြုမှုစာရင်းတွင် တိုင်းရင်းသားလက်နက်ကိုင် ရ ဖွဲ့ ပါနေ
by -
မဇ္စျိမ
၂၀၁၂ ခု ဇွန်လတွင် ကုလနှင့် မြန်မာတပ်မတော် ကလေးစစ်သားပပျောက်ရေး လက်မှတ်ရေးထိုး။ (photo credit - UNICEF Myanmar)
၂၀၁၂ ခု ဇွန်လတွင် ကုလနှင့် မြန်မာတပ်မတော် ကလေးစစ်သားပပျောက်ရေး လက်မှတ်ရေးထိုး။ (photo credit - UNICEF Myanmar)
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပြုစုထားသည့် ကလေးသူငယ်များအား တပ်သားအဖြစ် စုဆောင်း အသုံးပြုမှု ကို အကြိမ်ကြိမ်ကျူးလွန်ခဲ့သည့် အဖွဲ့အစည်းများစာရင်း၌ မြန်မာ့တပ်မတော်အပြင် တိုင်းရင်းသားလက်နက်ကိုင် ရ ဖွဲ့ လည်း ပါ၀င်နေသေးကြောင်း သိရသည်။

ယင်းအဖွဲ့များမှာ ဒီကေဘီအေ Democratic Karen Benevolent Army (DKBA)၊ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ Kachin Independence Army (KIA)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ Karen National Liberation Army (KNLA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ ငြိမ်းချမ်းရေးကောင်စီ Karen National Liberation Army Peace Council၊ ကရင်နီတပ်ဖွဲ့ Karenni Army (KA)၊ ရှမ်းပြည်နယ်တပ်ဖွဲ့ တောင်ပိုင်း Shan State Army South (SSA-S)၊ ”ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ United Wa State Army (UWSA) တို့ဖြစ်သည်ဟု ရန်ကုန်မြို့၊ ကုလရုံးပြန်ကြားရေးက မတ်လ ၁၂ ရက်နေ့၌ ထုတ်ပြန်ထားသည်။

ကုလသမဂ္ဂ လုံခြံုရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၆၁၂ အရ ခွင့်ပြုထားသည့် မြန်မာနိုင်ငံအစိုးရ၊ တပ်မတော်နှင့် ကလေးသူငယ်အခွင့်အရေးများကို ကြီးလေးသော ချိုးဖောက်မှုများအား   စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံ တင်ပြရေး နိုင်ငံအလိုက် အထူးတာဝန်အဖွဲ့ Country Taskforce on Monitoring and Reporting (CTFMR) အနေဖြင့် ယင်း တိုင်းရင်း သားလက်နက်ကိုင် (၇) ဖွဲ့နှင့် အပြန်အလှန်ဆွေးနွေးပြောဆိုခြင်းများ စတင်ပြုလုပ်နေပြီဟုလည်း သိရသည်။

လက်နက်ကိုင်ပဋိပက္ခ၌ ပါ၀င်သော အဖွဲ့အစည်း (တပ်မတော် နှင့်/သို့မဟုတ် လက်နက်ကိုင် အုပ်စုများ) က ကလေး သူငယ်များအပေါ် ကြီးလေးသော ဖောက်ဖျက်မှုများ ကျူးလွန်သည်ဟု သက်သေအထောက်အထား တွေ့ရှိရသော နိုင်ငံ များတွင် ကုလသမဂ္ဂက ဦးဆောင်သော CTFMR တည်ထောင်ရန် ကုလသမဂ္ဂနှင့် အခြားကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး အဖွဲ့အစည်းများအား ခွင့်ပြုထားခြင်းဖြစ်သည်။

CTFMR ၏ တာဝန်မှာ စောင့်ကြည့် လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး အစီအမံ (MRM) တည်ထောင်ရန် ဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခတွင် ကလေးသူငယ်များကို တပ်သားအဖြစ် စုဆောင်းခြင်းနှင့် အသုံးပြုခြင်းအပါအဝင် ကလေး သူငယ် အခွင့်အရေးများကို ကြီးလေးသော ချိုးဖောက်မှုများအား မှတ်တမ်းပြုစုခြင်း၊ စစ်ဆေးအတည်ပြုခြင်းနှင့် လုံခြံုရေး ကောင်စီသို့ အစီရင်ခံတင်ပြခြင်းများ ပြုလုပ်သည်။

မြန်မာအစိုးရက ကုလသမဂ္ဂအေဂျင်စီများနှင့် ပူးပေါင်း၍ ကလေးစစ်သားများအား နှုတ်ထွက်ခွင့်ပြုရေး ဆောင်ရွက်လျက် ရှိရာ ၂၀၁၆ ခုနှစ်အတွက် ပထမဆုံးအကြိမ်အဖြစ် အရွယ်မတိုင်မီ စစ်မှုထမ်းနေသည့် ကလေးသူငယ်နှင့် လူငယ် (၄၆) ဦးအား မတ်လ (၁၂)ရက်နေ့က နှုတ်ထွက်ခွင့်ပြုလိုက်သည်။

၂၀၁၂ ခုနှစ် ဇွန်လတွင် မြန်မာအစိုးရက အရွယ်မရောက်သူ ကလေးသူငယ်များ တပ်မတော်တွင် စစ်မှုထမ်းခြင်းမှ တားဆီးရေးအတွက် ကုလသမဂ္ဂနှင့် ပူးတွဲလုပ်ငန်း စီမံချက် (Joint Action Plan) ကို စတင်လက်မှတ်ထိုးချိန်မှစပြီး နှုတ်ထွက် ခွင့်ပြုလိုက်သည့် ကလေးစစ်သားအရေအတွက်ဦးရေ အများဆုံးမှာ ၂၀၁၄ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က နှုတ်ထွက် ခွင့်ပြုလိုက်မှုဖြစ်ပြီး ၉၁ ဦး ရှိသည်။

မြန်မာအစိုးရမှ ကုလသမဂ္ဂနှင့်အတူ ပူးတွဲလုပ်ငန်းဆောင်ရွက်မှုစီမံချက် (Joint Action Plan) ကို လက်မှတ်ရေး ထိုးပြီး သည့်အချိန်မှ ၂၀၁၆ ခု မတ်လ ၁၂ ရက်နေ့အထိ ကလေးသူငယ် စုစုပေါင်း (၇၄၅) ဦးကို တပ်မတော်က နှုတ်ထွက်ခွင့်ပြု ခဲ့ပြီးဖြစ်သည်။

လုံခြံုရေးကောင်စီသို့ အစီရင်ခံတင်ပြသည့် ကြီးလေးသော ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှု (၆) ချက်ရှိပြီး ကလေး သူငယ်များကို သတ်ဖြတ်ခြင်းနှင့် ကိုယ်အင်္ဂါများဖြတ်တောက်ခြင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများတွင် တပ်သားအဖြစ် ခေါ်ယူစုဆောင်းခြင်းနှင့် အသုံးပြုခြင်း၊ စာသင်ကျောင်း (သို့) ဆေးရုံများကို တိုက်ခိုက်ခြင်း၊ အဓမ္မပြုကျင့်ခြင်း (သို့) လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခေါ်ယူခြင်း/ လိမ်လည်လှည့်ဖြား ခေါ်ဆောင်သွားခြင်း၊ ကလေးသူငယ်များ အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ မရောက်ရှိစေရန် တားဆီးခြင်းတို့ဖြစ်သည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...