အမေရိကန်၏ ဘလက်လစ်စာရင်းအသွင်းခံထားသည့် ဦးမြင့်ဆွေအား သမ္မတလောင်းရွေးချယ်မှု ဝေဖန်မှုများ ထွက်ပေါ်

အမေရိကန်၏ ဘလက်လစ်စာရင်းအသွင်းခံထားသည့် ဦးမြင့်ဆွေအား သမ္မတလောင်းရွေးချယ်မှု ဝေဖန်မှုများ ထွက်ပေါ်
by -
မဇ္စျိမ
ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်မည့် အရပ်သားအစိုးရတွင် ဒုတိယသမ္မတအဖြစ် အမေရိကန်နိုင်ငံက ဘလက်လစ်စာရင်းသွင်းထားသူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးမြင့်ဆွေအား တပ်မတော်က ရွေးချယ်၍ ဝေဖန်မှုများ ထွက်ပေါ်နေသည်။
IMG 5337
တပ်မတော်ကတင်သည့် ဒုသမ္မတလောင်း ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးမြင့်ဆွေ။
(ဓာတ်ပုံ-မဇ္ဈိမ)

အသက် ၆၄ နှစ်ရှိပြီဖြစ်သည့် ဦးမြင့်ဆွေသည် အရှေ့တောင်အာရှ မြန်မာနိုင်ငံအား ဆယ်စုနှစ်များစွာ အထီးကျန်စေကာ ဆင်းရဲမှုသို့ တွန်းပို့ခဲ့သည့် စစ်အုပ်ချုပ်ရေးအသိုင်းအဝန်းမှဖြစ်ပြီး ယခင်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူလည်း ဖြစ်ဖွယ်ရှိသည်။

ဦးမြင့်ဆွေအား သမ္မတလောင်းအဖြစ် စစ်တပ်က အမည်စာရင်းတင်သွင်းခဲ့ပြီးနောက် လူမှုမီဒီယာတွင် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

လက်ရှိရ န်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်သူ ဦးမြင့်ဆွေအား ဒဏ်ခတ်ပိတ်ဆို့ထားဆဲဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုသော်လည်း သံတမန်ဆက်ဆံရေးအပေါ် သက်ရောက်မှု ရှိလာမလားဆိုသည်ကို ပြန်လည်ဖြေကြားခြင်း မရှိပေ။

"ဒီအတွက်တော့ ကျွန်တော်တို့ဖက်က ရှေ့ဆက်ပြီး သတိထား စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။"ဟု ဝါရှင်တန်တွင် မတ် ၁၁ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကိုင်ဘီက ပြောခဲ့သည်။

၂၀၁၁ ခုနှစ်တွင် စစ်အုပ်ချုပ်ရေးမှ အရပ်သားတစ်ပိုင်းအစိုးရဖြင့် မြန်မာနိုင်ငံ အသွင်ကူးပြောင်းလာချိန်တွင် အမေရိကန်က စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့ပေးခဲ့သည်။

သို့သော် ဦးမြင့်ဆွေအပါအဝင် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် စစ်တပ်အရာရှိကြီးများ များစွာကို ဘလက်လစ်စာရင်း သွင်းထားဆဲဖြစ်ကာ ၎င်းတို့နှင့် စီးပွားရေးလုပ်ဆောင်ခြင်းများကို တားမြစ်ထားဆဲဖြစ်သည်။

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...