ပဋိပက္ခများကြောင့် အစားအစာအကူအညီလိုသည့် နိုင်ငံ ၃၄ နိုင်ငံ ကုလထုတ်ပြန်ချက်၌ မြန်မာပါဝင်

ပဋိပက္ခများကြောင့် အစားအစာအကူအညီလိုသည့် နိုင်ငံ ၃၄ နိုင်ငံ ကုလထုတ်ပြန်ချက်၌ မြန်မာပါဝင်
by -
မဇ္စျိမ
ကုလသမဂ္ဂက ထုတ်ပြန်သည့် အစားအစာအကူအညီ လိုအပ်သော ကမ္ဘာ့နိုင်ငံများ ၃၄ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံလည်း ပါဝင်နေကြောင်း သိရသည်။

ကုလသမဂ္ဂလက်အောက် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီး၏ ကောက်ပဲသီးနှံအလားအလာနှင့် အစားအစာအခြေအနေ အစီရင်ခံစာအား မတ် ၉ ရက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစီရင်ခံစာအရ ပဋိပက္ခများ၊ မိုးခေါင်းမှုနှင့် ရေကြီးမှုများကြောင့် အစားအစာလိုအပ်သည့် နိုင်ငံပေါင်း ၃၄ နိုင်ငံရှိနေကြောင်း ဖော်ပြထားရာ၌ မြန်မာနိုင်ငံပါ ဝင်နေခြင်းဖြစ်သည်။

အဆိုပါ ၃၄ နိုင်ငံတွင် ၂၇ နိုင်ငံက အာဖရိကမှဖြစ်သည်။ ပဋိပက္ခများကြောင့် အီရတ်၊ ဆီရီးယား၊ ယီမင်၊ ဆိုမာလီနှင့် ဗဟိုအာဖရိကတို့တွင် စိုက်ပျိုးထုတ်လုပ်မှုများအတွက် အကြီးအကျယ်ဆုံးရှုံးမှုများကြံုနေပြီး လူသားချင်းစာနာထောက်ထားရေး အခြေအနေမှာလည်း အဆိုးဝါးဆုံး ကြံုတွေ့နေသည်။

အဆိုပါ ပဋိပက္ခများ၏ သက်ရောက်မှုသည် အဆိုပါ နိုင်ငံများမှ ထွက်ပြေးသည့် ဒုက္ခသည်များကို လက်ခံထားရာ အိမ်နီးချင်းနိုင်ငံများကိုပါ ဒုက္ခပေးလျက်ရှိရာ ယင်းနိုင်ငံများတွင်လည်း အစားအစာအရင်းအမြစ်များ ရှားပါးလာလျက်ရှိနေသည်။

ကျန်အခြားသော စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည့် နိုင်ငံများအဖြစ် ဆက်လက်ဖော်ပြထားရာတွင် မာလီ၊ ကမ်မရွန်း၊ အီသီယိုပီးယား၊ ဇမ်ဘာဘွေ စသည့် အာဖရိကနိုင်ငံများနှင့် အာရှတွင် အာဖဂန်နစ္စတန်၊ မြန်မာ၊ နီပေါနှင့် မြောက်ကိုရီးယားတို့ဖြစ်ကြ သည်။

Ref: The New York Times

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...