နေရပ်စွန့်ခွာ ပြောင်းရွှေ့နေသူများ အရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးမှုအားနည်း

နေရပ်စွန့်ခွာ ပြောင်းရွှေ့နေသူများ အရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးမှုအားနည်း
by -
မဇ္စျိမ
 ပြည်ထောင်စုု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုုပ်ငန်းကော်မတီ(UPWC)နှင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)တုုိ့ သဘော တူညီချက်များတွင် ပါဝင်သော နေရပ်စွန့်ခွာ ပြောင်းရွှေ့နေသူများ(IDP's)နှင့် ပတ်သက်၍ ယခုုထိ အကောင်အထည် ဖော်နိုုင်ခြင်း မရှိသေးသလုုိ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးမှု အားနည်းနေသည်ဟုု KIO က ကြေငြာချက် ထုုတ်ပြန်လုုိက်သည်။

၂၀၁၃ ခုုနှစ်အောက်တုုိဘာလ ၈ ရက်မှ ၁၀ ရက်ထိ UPWC မှ ဒုုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းနှင့် KIO မှ ဆရာကြီး ဦးဆွမ်းလွှတ်ဂမ် ဦးဆောင်သော ကုုိယ်စားလှယ်များ တွေ့ဆုံုဆွေးနွေး၍ သဘောတူညီချက်များ အပြည့်အစုံုကုုိလည်း ထုုတ်ပြန်ခဲ့ပြီး ယင်းသဘောတူညီချက်ထဲမှ IDP's များ နေရပ်ပြန်နုုိင်ရေးနှင့်ပတ်သက်၍ လုုိင်ဇာမြို့တွင် မတ် ၉ ရက်က လူထုုရှင်းလင်းပွဲ ပြုလုုပ်၍ သဘောထားထုုတ်ပြန်လုုိက်ခြင်း ဖြစ်သည်။

“IDP တွေ နေရပ်ပြန်ဖုုိ့ကိစ္စ ပူပန်နေကြတယ်။ ကျနော်တ်ုုိ့ကုုိ မေးချင်တာ အများကြီးရှိတာပေါ့လေ။ အဲဒါကြောင့် နေရပ် စွန့်ခွာတဲ့ လူထုု ပြန်ဖုုိ့ကတော့ ကျနော်တုုိ့ ကေအုုိင်အုုိတစ်ဖွဲ့တည်းနဲ့ ဆုံုးဖြတ်လုုိ့ မရဘူး။ နုုိင်ငံတော် အစုုိးရနဲ့ သဘောတူ ညီချက်ရရမယ်။ နှစ်ဖက် သဘောတူမှဘဲ နေရပ်ပြန်ဖုုိ့ ကိစ္စက စဉ်းစားလုုိ့ရတယ်။ ဆွေးနွေးလုုိ့ ရတယ်ဆုုိတဲ့ သဘောမျိုးနဲ့ ပြည်သူလူထုုကုုိ အသိပေးတာပါ”ဟုု KIO ပြောရေးဆုုိခွင့်ရှိသူ ဒုုတိယ ဗုုိလ်မှူးကြီး အင်ဖန်နော်ဘူက ပြောသည်။

နယ်မြေ လုံုခြံုရေး အခြေအနေအရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထုုိင်ကြသော ပြည်သူများ မူလနေထုုိင်ရာအရပ်သုုိ့  ပြန်နုုိင်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် အခြေခံရမည့် မူများနှင့် စီမံချက်တစ်ရပ်ရေးဆွဲနုုိင်ရန် နှစ်ဖက် အဖွဲ့များ၏ အလုုပ်အဖွဲ့ (Technical Team) များနှင့် သက်ဆုုိင်ရာဌာနများက ဆက်လက် ညှိနှိုင်းဆောင်ရွက်ရန်နှင့် အနည်းဆုံုး ရွာ ၄ ရွာကုုိ ရွေးချယ်ပြီး ရှေးဦးစီမံချက် (Pilot Project) အဖြစ် ညှိနှိုင်းအကောင်အထည် ဖေါ်သွားရန် ၂၀၁၃ ခုုနှစ် အောက်တုုိဘာလ ၁၀ ရက်က သဘောတူညီခဲ့ခြင်း ဖြစ်သည်။

၂၀၁၁ ခုုနှစ် ဇွန် ၉ ရက်မှ စတင်ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပုုိင်း ဒေသများတွင် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထုုိင်သူ ဦးရေ ၁ သိန်းကျော်(၁၀၀၃၇၂) ဦး ရှိပြီး ဒုုက္ခသည်စခန်းပေါင်း (၁၂၃)ခုုတွင် ခုုိလှုံနေသည်ဟုု KIO က ထုုတ်ပြန်ထားသည်။

လက်ရှိ KIO မှ ဖွဲ့စည်းထားသော နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထုုိင်သူများ ကူညီစောင့်ရှောင်ရေးကော်မတီ (IDP's and Refugee Relief Committee -IRRC)မှ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးသော အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ လုုိအပ်သည့် ကိစ္စများ ဆောင်ရွက်လျက်ရှိသည်ဟုု ဆုုိထားသည်။

ကချင်ပြည်နယ် လိုုင်ဇာမြို့ရှိ ကချင်စစ်ပြေးဒုုက္ခသည်စခန်းဖြစ်သည့် ဂျေးယန်းဒုုက္ခသည်စခန်းရှိ ဒုုက္ခသည်ကလေးငယ်အားဇူလိုုင်လ ၂၇ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံု - မင်းမင်း (မဇ္စျိမ)

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...