ကချင်ဘိန်းဖျက်အဖွဲ့တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ှဆန္ဒပြသူများကို ဦးဇခုန်တိန့်ယိန်း မိသားစုက အမှုဖွင့်

ကချင်ဘိန်းဖျက်အဖွဲ့တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ှဆန္ဒပြသူများကို ဦးဇခုန်တိန့်ယိန်း မိသားစုက အမှုဖွင့်
by -
မဇ္စျိမ
လူထုုအခြေပြု မူးယစ်ဆေးဝါးတုုိက်ဖျက်ရေးအဖွဲ့(PJS)က ဘိန်းခင်းများ သွားရောက်ဖျက်ဆီးရာတွင် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး   ဦးဇခုန်တိန့်ယိန်း၏ အိမ်ရှေ့တွင် ဆန္ဒပြမှုနှင့်ပတ်သက်၍ ၎င်းမိသားစုုက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ် (၂) နယ်မြေ ရဲစခန်းတွင် အမှုဖွင့်တုုိင်ကြားလုုိက်သည်ဟုု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက် ညနေပုုိင်းက ကချင်ပြည်နယ် အထူးဒေသ(၁) ခေါင်းဆောင် ဦးဇခုုန်တိန့်ယိန်း၏ နေအိမ်နှင့် ရုံုးရှေ့တွင် ဆန္ဒပြသူများက ကျောက်ခဲဖြင့် ပစ်ပေါက်မှု၊ ဆဲဆုုိမှု၊ ဂုုဏ်သိက္ခာ ညိုးနွမ်းစေမှု၊ ခြိမ်းးခြောက်မှု၊ အကျိုး ဖျက်ဆီးမှုတုုိ့ အပါအဝင် ပုုဒ်မ ၆ ခုုဖြင့် မတ် ရ ရက်က ကချင်ပြည်နယ် အမှတ်(၁) ရဲစခန်းတွင် အမှုဖွင့် တုုိင်ကြားလုုိက်သည်ဟုု မြစ်ကြီးနားမြို့ အမှတ် ၂ နယ်မြေ ရဲစခန်း မှ ဒုုရဲအုုပ် အောင်ကျော်မြင့်က ပြောသည်။

“အမှုဖွင့်ထားရှိပါတယ်။ သူတုုိ့က ဆဲမှု၊ ခဲပေါက်မှု။ အကျိုးဖျက်ဆီးမှု၊ ခြိမ်းခြောက်မှု ၂၉၄၊ ၃၃၆၊ ၄၂၇၊ ၅၀၀၊ ၅၀၆ ပုုဒ်မ ၆ ခုုနဲ့ ရ ရက်နေ့က အမှု လက်ခံဖွင့်ထားတယ်။ အိမ်မှာကာတဲ့ မှန်တွေနဲ့ ပန်းအုုိးတိုု့ ကွဲတာတွေ ပျက်ဆီးဆုံုးရှံုးတယ်လိုု့ တုုိင်ထားပါတယ်။သူတုုိ့ ရုံုးမှာ လုံုခြံုရေးစောင့်တဲ့ အစောင့်က လာဖွင့်တာ။ ပတ်ဂျဆန်အဖွဲ့ကုုိ အမှုဖွင့်ထားတယ်လုုိ့တော့ မပြောထားဘူး။ သူတိုု့ကုုိ အဲဒီလုုိ ပြောထားတဲ့ လူတွေကုုိပေါ့။ အခုုတော့ လောလောဆယ် ကျနော်တိုု့ကတော့ တရားခံ စုံုစမ်းစစ်ဆေးဆဲပဲ ရှိိပါသေးတယ်”ဟုု သူက မဇ္စျိမကိုု ပြောသည်။

ကချင်မူးယစ်ဆေးဝါးတုုိက်ဖျက်ရေးအဖွဲ့အား တုုိက်ရုုိက် အမှုဖွင့်ထားခြင်း မဟုုတ်ဘဲ ဆန္ဒပြမှုတွင် ကျောက်ခဲဖြင့် ပစ်ပေါက်ခြင်း၊ ဆဲဆိုုခြင်းနှင့် ပစ္စည်းများ ဖျက်ဆီးသူများကုုိ အမှုဖွင့် တုုိင်ကြားထားခြင်းဖြစ် သည်ဟုု သူက ပြောသည်။

လူထုုအခြေပြု မူးယစ်ဆေးဝါးတုုိက်ဖျက်ရေးအဖွဲ့က ဦးဇခုုန်တိန့်ယိန်း၏ မိသားစုုမှ အမှုဖွင့်တုုိင်ကြားမှုနှင့် ပတ်သက်၍ မသိရသေးကြောင်း ဝုုိင်းမော် မူးယစ်ဆေးဝါးတုုိက်ဖျက်ရေးအဖွဲ့မှ ဦးဒေါင်ခေါင်းက ပြောသည်။

ကချင်မူးယစ်ဆေးဝါး တုုိက်ဖျက်ရေးအဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်က ဝုုိင်းမော်မြို့နယ် ဆဒုံုး၊ ကန့်ပုုိင်တီ၊ ချီဖွေ ဒေသများရှိ ဘိန်းခင်းများ သွားရောက် ဖျက်ဆီးနေစဉ် ဘိန်းစုုိက်ပျိုးသူများနှင့် အမည်မသိ လက်နက်ကုုိင် အဖွဲ့က လက်နက် ခဲယမ်းများဖြင့် ပစ်ခတ်တုုိက်ခုုိက်ခဲ့သဖြင့် လူထုုအခြေပြု မူးယစ်ဆေးဝါး တုုိ်က်ဖျက်ရေးအဖွဲ့မှ လူ ၃၀ ကျော် ထိခုုိက်ဒဏ်ရာ ရရှိခဲ့သည်။

ထိခုုိက်ဒဏ်ရာရသူများအား မြစ်ကြီးနား ဆေးရုံုသုုိ့ ဆေးကုုသရန် ရောက်ရှိလာချိန် ညနေပုုိင်းတွင် ကချင်ပြည်သူလူထုု ရာချီ၍ ဆေးရုံုရှေ့၊ ဦးဇခုုန်တိန့်ယိန်း၏ နေအိမ်နှင့် သူ၏ ကချင်ပြည်နယ် အထူးဒေသ (၁)ရုံုးရှေ့တွင် ဆန္ဒပြခဲ့ကြသလုုိ၊ နောက် တစ်ရက် ဖေဖော်ဝါရီလ ၂၆ ရက်တွင်လည်း မနောကွင်းမှ မြို့ပတ်ကာ ထပ်မံ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

လူထုုအခြေပြု မူးယစ်ဆေးဝါးတုုိက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင်များနှင့် ပြည်နယ် အစုုိးရ ရဲတပ်ဖွဲ့များ တွေ့ဆုံုညှိနှိုင်းကာ ပြည်ထောင်စုု အစုုိးရသုုိ့ လုံုခြံုရေး တုုိးမြင့်ပေးရေး တောင်းဆုုိသွားရန် သဘောတူညီခဲ့သည်။ ထုုိသုုိ့ တုုိက်ခုုိက်ခံရမှုများနှင့် ပတ်သက်၍ ပြည်နယ် ရဲတပ်ဖွဲ့မှ စုံုစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းကာ လူထုုအခြေပြု မူးယစ်ဆေးဝါး တုုိက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင် ၉ ဦးအား မတ်လ ၂ ရက် စစ်ဆေးခဲ့သည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...