ယင်းထုတ်ပြန်ချက်အရ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုု ကုုိယ်ပုုိင်ပြဌာန်းခွင့်စနစ်ကုုိ အမြန်ဆုံုး ဖော်ဆောင်၍ အုုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး အာဏာများကုုိ ကချင်ပြည်နယ်တွင် ထားရှိပြီး ပြည်နယ်လွှတ်တော်မှ ရွေးချယ်တင်မြှောက်သော ပြည်နယ် ဝန်ကြီးချုပ်ကုုိ ပြည်ထောင်စုု အစုုိးရက အသိအမှတ်ပြုပေးရန် ထုုတ်ပြန်ချက်တွင် တောင်းဆုုိထားသည်။
“ကျနော်တိုု့ အဓိက စစ်မှန်တဲ့ ပြည်ထောင်စုု ဖြစ်မယ်။ ကုုိယ်ပုုိင်ပြဌာန်းခွင့်ကုုိ ပေးမယ်ဆုုိရင် ဒီပြသနာတွေ လျော့ချနုုိင်တယ်။ ဒါကြောင့်မုုိ့ ကုုိယ့်ပြည်နယ်မှာ ကုုိ်ယ်ရွေးချယ်တဲ့ နုုိင်ငံရေး အဖွဲ့အစည်း၊ ပါတီ ခေါင်းဆောင်တွေထဲက ဝန်ကြီးတွေ ဖြစ်လုုိ့ ရှိရင် ကုုိယ့်နေရာက ကုုိယ်ကျွမ်းကျင်ဆုံုးဖြစ်တယ်။ ဥပမာ ကုုိယ့်အိမ်မိသားစုုလိုုဘဲ ကုုိယ့်အိမ်ကလူရွေးရင် ဒီအိမ်ကုုိ ဘယ်လုုိ ဖွံ့ဖြိုးအောင် ပြုလုုပ်မယ်ဆုုိတဲ့ဟာ အကောင်းဆုံုးစီမံခန့်ခွဲနုုိင်တယ်။ အားလုံုးက လက်လှမ်းမမီတဲ့ဟာ ပြည်ထောင်စုု အဆင့် ကနေဘဲ ပြောရင် လက်တွေ့မကျဘူး”ဟုု ကချင်ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့(KDNG) မှ အထွေထွေ အတွင်းရေးမှူး ကုုိစာဂျီက ပြောသည်။
လတ်တလော ကချင်ပြည်နယ်ရှိ ယခုုနှစ်အတွင်း သဘာဝ ပတ်ဝန်းကျင် ပျက်ဆီးမှုနှင့် တဆက်တည်းမှာပဲ လူမှုရေးဆုုိင်ရာ ပြဿနာများ ပုုိမုုိဆုုိးဝါးလာသဖြင့် တက်လာမည့် အစိုုးရမှ ထည့်သွင်းစဉ်းစားပေးရန် ရည်ရွယ်၍ သဘောထား ထုုတ်ပြန်ရခြင်း ဖြစ်သည်ဟုု သူက ပြောဆုုိသည်။
“အခုု အချိန်မှာ ကျနော်တိုု့ သဘာဝ သံယံဇာတ အရင်းအမြစ်နဲ့ ပတ်သက်လုုိ့ တကယ့်ကုုိ ဖြေရှင်းလုုိ့ မရတဲ့ အခြေအနေမှာ ရောက်လာပြီ။ ကချင်ပြည်နယ်က တကယ့်ကုုိ ဆုုိးဝါးစွာ ထိခုုိက်နစ်နာလာတဲ့ သဘာဝ ပတ်ဝန်းကျင်ဆုုိင်ရာ ဖျက်ဆီးမှု၊ ပျက် ဆီးမှု၊ လူမှုရေး ဆုုိင်ရာ နောက်ဆက်တွဲ ပြဿနာတွေ၊ သဘာဝသယံဇာတ လျင်မြန်စွာ ကုုန်ဆုံုးတဲ့ ဟာတွေ ဒါနဲ့ ဆက်နွယ်တဲ့ လက်နက်ကုုိင် ပဋိ့ပက္ခ ပြဿနာတွေရော တော်တော်ဆုုိးတဲ့ အခြေအနေရောက်လာပြီ။ ဒါကြောင့် ဖြေရှင်းနုုိင်ဖိုု့ နည်း လမ်းရှာတဲ့ အနေနဲ့ လာမယ့် တက်လာတဲ့ အစုုိးရကနေ ဒါကုုိ ထည့်သွင်းစဉ်းစားဖုုိ့ သဘောထားထုုတ်ပြန်ခြင်း ဖြစ်တယ်”ဟုု သူက မဇ္စျိမကုုိ ပြောသည်။
အဓိကအားဖြင့် ကချင်ပြည်နယ် သဘာဝ ပတ်ဝန်းကျင် ပျက်ဆီးမှုနှင့် သယံဇာတ ကုုန်ဆုံုးနေမှု ပြဿနာ အများအပြားရှိရာမှ အဆုုိးဆုံုးသည် ဖားကန့်ဒေသ ကျောက်စိမ်းတူး ကုုမ္ဗဏီကြီးများမှ စွန့်ပစ်သော မြေဇာကြောင့် ဥရုုချောင်း ပျက်စီးမှု၊ မြစ်ဆုံု စီမံကိန်းနှင့် ဟူးကောင်းချိုင့်ဝမ်းအတွင်း ယုုဇန ကုုမ္ဗဏီကုုိ ဗဟုုိအစုုိးရက လုုပ်ပုုိင်ခွင့်ပေးထားသဖြင့် မြေယာ ဧက ၂ သိန်းကျော် သိမ်းယူခဲ့သဖြင့် ကျားထိန်းသိမ်းရေးဒေသများ ပျက်ဆီးဆုံုးရှုံုုးခဲ့ရသည်ဟုု ကုုိဆာဂျီ ပြောသည်။
“ဖားကန့်မှာ တကယ့်ကုုိ ဗဟုုိကနေ ခွင့်ပြုထားတဲ့ ဒေသခံတွေ ဆုံုးဖြတ်ပါဝင်ခွင့် မရှိတဲ့၊ ကချင်ပြည်နယ်အစိုုးရထိ ဘာမှ လုုပ်ပုုိင်ခွင့် မရှိတဲ့ စည်းစနစ်မကျစွာ ကျောက်စိမ်းတူးတဲ့ ကုုမ္ဗဏီကြီးတွေက မြေစာ ပရမ်းပတာ စွန့်ပစ်တယ်။ မတော်တဆ ထိခုုိက်သေဆုံုးမှုတွေ၊ ဥရုုချောင်းကုုိ ကြိုက်သလိုုလုုပ်ထားတယ်။ သစ်တောတွေ ချိုင့်ဝမ်းဖြစ်ကုုန်တယ်။ ကျောက်စိမ်းလည်း ခတ်မြန်မြန် ကုုန်ဆုံုးတယ်။ တရုုတ်တွေလက်ထဲမှာ အားလုံုး ရောက်သွားတဲ ့အခြေအနေမှာရှိတယ်။ ဒေသခံတွေ တကယ့်ကုုိ ဆင်းရဲစွာ ဒုုက္ခကုုိဘဲ ခံစားရတယ်။ မြစ်ဆုံု စီမံကိန်းကြောင့်လည်း ကြီးမားတဲ့ ဆုုိးကျိုးပြဿနာတွေ ခံစားနေရတယ်။ ဒေသခံလူထုု နေရာတွေ ပျောက်ကုုန်တယ်”ဟုု သူကပြောသည်။
ကချင်ပြည်သူပြည်နယ်သားများသည် ကချင်ပြည်နယ်ရှိ မြေအားလုံုး၊ မြေပေါ် မြေအောက်၊ ရေပေါ် ရေအောက်နှင့် လေထုု အတွင်းရှိ သဘာဝ သယံဇာတ အရင်းအမြစ်အားလုံုး၏ ပင်ရင်းပုုိင်ရှင်ဖြစ်ပြီး၊ ကချင်ပြည်နယ် အစုုိးရမှ သဘာဝ သယံဇာတ ရင်းမြစ်များကုုိ တုုိက်ရိုုက် ထုုတ်ယူ သုံုးစွဲခွင့်နှင့် အခွန်ကောက်ခံပုုိင်ခွင့်နှင့် စီမံခန့်ခွဲပုုိင်ခွင့်၊ အကျိုးမြတ်ခွဲဝေပုုိင်ခွင့် အာဏာကုုိ ဖွဲ့စည်းပုံု အခြေခံ ဥပဒေဖြင့် အာမခံပေးထားရန် ထုုတ်ပြန်ချက်တွင် ထည့်သွင်းတောင်းဆုုိထားသည်။
တုုိင်းရင်းသား နယ်မြေများရှိ စီမံကိန်းများအားလုံုးနှင့် သဘောဝ သယ့ဇာတ အရင်းမြစ် ထုုတ်ယူသုံုးစွဲမှုများကုုိ နုုိင်ငံရေးအရ ဖြေရှင်းနိုုင်မှုမှ မရှိသေးသ၍ ရပ်တန့်ထားပေးရန်၊ စီမံကိန်း လုုိင်စင်များ မချမီ မူလ ဒေသခံများအား ကြိုတင် အသိပေးခြင်း၊ ဆွေးနွေး တုုိင်ပင်ခြင်း၊ လွတ်လပ်စွာ ဆုံုးဖြတ်ခွင့်နှင့် သဘောတူညီချက်များ ရယူခြင်းများ လုုပ်ဆောင်ပြီးမှ လုုပ်ငန်းများ ဆောင်ရွက်ရန်၊ အများပြည်သူများ သိသာစေရန် ပွင့်လင််းမြင်သာစွာ ထုုတ်ပြန်ခြင်း၊ ကြေငြာပေးခြင်းများ အချိန်နှင့် တပြေးညီ ပြုလုုပ်ပေးရန် ပါရှိသည်။
ထုုိ့ပြင် သဘာဝ သယံဇာတ အရင်းအမြစ်ကြောင့် ဖြစ်လာမည့် အကျင့်ပျက်ခြက်စားမှု၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု၊ လက်နက်ကုုိင် ပဋိပက္ခ၊ လူမှုရေးထိခုုိက်မှု ပြဿနာများကုုိ ကြိုတင်ကာကွယ်ခြင်း၊ စောင့်ကြည့် ကြပ်မတ်ခြင်းနှင့် ဖြစ်ပေါ်လာပါက တာဝန်ယူ တာဝန်ခံမှု ရှိရန်၊ လက်ရှိ အခြေအနေတွင် ပြည်တွင်းပြည်ပ သုုတေသီများမှ ဒေသ အခြေအနေ၊ နောက်ခံသမုုိင်း၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံုးတမ်းများကုုိ ထည့်သွင်းသုံုးသပ်ခြင်း မရှိဘဲ ကချင်ပြည်နယ်ရိ သဘာဝ သယံဇာတ အရင်း အမြစ်များမှ ရရှိလာသော အကျိုးအမြတ် ခွဲဝေခြင်းနှင့် ပတ်သက်၍ အချိုးအစား မည်မျှရှိသင့်သည်ဟုု အကြံပြု ချဉ်းကပ်နေသော လုုပ်ဆောာင်မှုများ ရှောင်ရှားရန်လည်း ထည့်သွင်း တောင်းဆုုိထားသည်။
ဖားကန့် ကျောက်စိိမ်းမှော်တွင် ကျောက်စိမ်းတူးဖော်ရေး ကုုမ္ဗဏီများ၏ စွန့်ပစ်မြေစာပုံု ပြိုကျမှုကြောင့် မကြာခဏ လူသေဆုံုးမှုများ ရှိနေပြီး အဆုုိးဆုံုးမှာ ပြီးခဲ့သည့် ၂၀၁၅ ခုုနှစ် နုုိဝင်ဘာလက လူ ၁၀၀ ကျော် မြေပိသေဆုံုးမှု ဖြစ်ပွားခဲ့သည်။
ကချင်ပြည်နယ်အတွင်း ကျောက်စိမ်းများ တရားမဝင် တူးဖော်မှုနှင့် ဆက်စပ်လျက် ကချင်ပြည်နယ် အစုုိးရ အဖွဲ့ အတွင်းရေးမှူး ဦးဇော်သိန်း အပါအဝင် အကောက်အခွန် ညွှန်ကြားရေးမှူးချုပ် ဦးထွန်းသိန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်တုုိ့ကုုိ တာဝန်မှ ရပ်စဲလုုိက်သည်ဟုု သိရသည်။







