တစ်ဖွဲ့ရလျင် တစ်ဖွဲ့ ဖွံ့ဖြိုးမှုလုပ်ဆောင်ပြီး ယုံကြည်မှုတည်ဆောက်မည်ဟု တပ်ချုပ်ပြော

တစ်ဖွဲ့ရလျင် တစ်ဖွဲ့ ဖွံ့ဖြိုးမှုလုပ်ဆောင်ပြီး ယုံကြည်မှုတည်ဆောက်မည်ဟု တပ်ချုပ်ပြော
by -
မဇ္ဈိမ
ငြိမ်းချမ်းရေးအတွက် ညှိနှိုင်း၍ရသည့် အဖွဲ့များ၏ ဒေသများတွင် လုပ်ဆောင်မည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးတို့ကို တွေ့မြင်သိရှိခြင်းဖြင့် ယုံကြည်မှုတည်ဆောက်သွားမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အောက်တိုဘာ ၁၄ ရက်နေ့တွင် ပြောဆိုသည်

ငြိမ်းချမ်းမှုရှိသည့် ဒေသများတွင် ဖွံ့ဖြိုးတိုးတက်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပါကြောင်း၊ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်-NCA လက်မှတ်ထိုးမှုနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် အားလုံးညှိနှိုင်း၍ မရပါက တစ်ဖွဲ့ရလျှင် တစ်ဖွဲ့ ဖွံ့ဖြိုးမှု လုပ်ဆောင်ပြီး ယုံကြည်မှုတည်ဆောက်သွားမည်ဟု ပြောကြားသည်။

NCA လက်မှတ်ရေးထိုးမှုသည် နိုင်ငံအနာဂတ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကကျသည့် ခြေလှမ်းတစ်ရပ်၊ မှတ်တိုင်တစ်ခု၊ လျှောက်လှမ်းနေသည့် ဒီမိုကရေစီ ပန်းတိုင်အတွက်လည်း ခိုင်မာသည့် အုတ်မြစ် တစ်ခုအဖြစ် ယူဆ/မယူဆ သဘောထားအမြင် သိရှိလိုပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး H.E.Mr. Paul R. Seger Pose ကမြေးမြန်းခဲ့သည်ကို ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ တပ်မတော်နှင့် တစ်ပါတီဗဟိုချုပ်ကိုင်မှုစနစ် အောက်တွင် နှစ်ပေါင်း များစွာ ကျရောက်ခဲ့ပြီး ဒီမိုကရေစီအတွေ့အကြုံနည်းပါးသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ တပ်မတော် ပိုင်းဆိုင်ရာ ကိစ္စရပ်များ လွတ်လပ်ပြီး တရားမျှတမှု ရှိစေရမည်ဟု ကတိပြုပြောကြားသည်။

အလားတူ တပ်ပြင်ပ၌လည်း လွတ်လပ်ပြီး တရားမျှတမှု ဖြစ်စေလိုကြောင်း၊ ရွေးကောက်ပွဲကော်မရှင် ၏ လုပ်ဆောင်မှုများ အောင်မြင်အောင် ကူညီလုပ်ဆောင်ပေးနေကြောင်း၊ အချို့သော အရှေ့ဥရောပ နိုင်ငံ၊ အာရပ်နိုင်ငံများ၏ သာဓကမျိုး မြန်မာနိုင်ငံတွင် မဖြစ်နိုင်ဟု ယုံကြည်ကြောင်းပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သံအမတ်ကြီး H.E.Mr. Paul R. Seger Pose တို့ အောက်တိုဘာ ၁၄ ရက်တွင် နေပြည်တော်၌ တွေ့ဆုံကြရာ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးတို့လည်း တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် နှစ်နိုင်ငံတပ်မတော်ပိုင်းဆိုင်ရာဆက်ဆံရေး၊ စစ်ရေးနှင့် မပတ်သက်သည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်မည့် အခြေအနေများကိုလည်း ဆွေးနွေးကြသည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...