အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ ကျင်းပ

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ ကျင်းပ
by -
မဇ္ဈိမ
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားနှင့် ဘေးသင့်ဒေသများ ပြန်လည် ထူထောင်ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကို အောက်တိုဘာ ၁၃ ရက်နေ့က နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ကျင်းပတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲသို့ တက်ရောက်ခဲ့သော အမျိုးသားသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ပြီးခဲ့သည့်လများအတွင်းက ရေကြီးရေလျံ မြေပြိုမှုများဖြစ်ပေါ်ချိန်တွင် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် လူသားချင်း စာနာပံ့ပိုးသည့် အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်း လူငယ်များက သက်စွန့်ဆံဖျား ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။

ပရဟိတစိတ်ဓာတ် အပြည့်အဝဖြင့် အနစ်နာခံ ကြိုးပမ်းခဲ့သူများနှင့် ရေဘေးသင့်ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် အသက်ဆုံးရှုံးမှုများကို နည်းနိုင်သမျှ နည်းစေရန် ကာကွယ်ပေးနိုင်ခဲ့ပြီး စီးပွားရေးထိခိုက်မှု အကျိုးဆက်များကိုလည်း နည်းပါးအောင် ကြိုတင် ပြင်ဆင်ပေးနိုင်ခြင်းဖြင့် ကနဦး စိန်ခေါ်မှုများကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြောင်း ဦးဉာဏ်ထွန်းက ပြောသည်။

ပြန်လည် ထူထောင်ရေး မူဘောင်တစ်ရပ် ဖော်ထုတ်ရန် အခြေခံဖြစ်သည့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးနှင့် ရေဘေးသင့်ပြည်သူများ၏ လိုအပ်ချက်များကိုသိရှိနိုင်ရန် ရေဘေးနှင့် မြေပြိုဘေးကာလလွန် လိုအပ်ချက်များ လေ့လာဆန်းစစ်ခြင်းလုပ်ငန်းစဉ်ကို ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂ၊ JICA နှင့် အခြား မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဦးဉာဏ်ထွန်းက ရှင်းလင်းပြောကြားခဲ့သည်။

ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်အတွက် အရေးကြီးသည့် အချက် ၃ ချက်ဖြစ်သည့် မူဝါဒပိုင်း၊ ဖွဲ့စည်းမှုအပိုင်းနှင့် ဘဏ္ဍာရေး အပိုင်းတို့ကိုလည်း ရှင်းလင်းပြောကြားသွားခဲ့သည်။ ပိုမိုကောင်းမွန် သော စီမံခန့်ခွဲမှုနှင့် ကြိုတင်ပြင်ဆင်ခြင်းသည် အသက်အန္တရာယ်များ၊ ထိခိုက် အနာတရဖြစ်ခြင်းများ၊ စီးပွားရေးအရပျက်စီးဆုံးရှုံးခြင်းများနှင့် ဆောက်အဦပျက်စီးခြင်းများ လျော့နည်းအောင် ဧကန် ပြုလုပ်နိုင်ကြောင်း မြန်မာ့ရပ်ရွာလူထု ဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ရေးပူးပေါင်းအဖွဲ့(MCCR)ထံမှ သိရသည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...