KNU ၊ ABSDF၊ RCSS တို့အား မတရားအသင်းနှင့် အကြမ်းဖက်သူများအဖြစ်မှ ပယ်ဖျက်

KNU ၊ ABSDF၊ RCSS တို့အား မတရားအသင်းနှင့် အကြမ်းဖက်သူများအဖြစ်မှ ပယ်ဖျက်
by -
မဇ္ဈိမ
မကြာမီ NCA ကို လက်မှတ်ရေးထိုးတော့မည့် အဖွဲ့အစည်း ၃ ခုအား မတရားအသင်းများအဖြစ်မှ ပယ်ဖျက်လိုက်ပြီဟု ပြည်ထဲရေးဝန်ကြီး ဌာနက ကြေညာသည်။

ကရင်အမျိုးသားအစည်းအရုံး KNU၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/ SSA တို့အား အောက်တိုဘာ ၁၂ ရက်နေ့မှစ၍ ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

ထို့အပြင် ABDF နှင့် RCSS/ SSA တို့အား အောက်တိုဘာ ၁၂ ရက်နေ့မှစ၍ အကြမ်းဖက်သူများအဖြစ် မှလည်း ပယ်ဖျက်လိုက်ကြောင်း ပြည်ထဲရေးပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ကြေညာသည်။

အောက်တိုဘာ ၁၅ တွင် နေပြည်တော်၌ ABSDF နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရ တို့ NCA အား အတူတကွ လက်မှတ်ရေး ထိုးကြမည်ဖြစ်သည်။

NCA လက်မှတ်ရေးထိုးမည့်သူများအား လက်မှတ်မထိုးမီ မတရားအသင်းများအဖြစ်မှ ပယ်ဖျက်ပေးမည်ရမည်ဟု သဘောတူညီချက်များ ရှိခဲ့ရာ ကျန် ၅ ဖွဲ့ကိုမူ မူလကတည်းက မတရားအသင်းအဖြစ် ကြေညာထားခြင်း မရှိဟု သိရသည်။

1 0

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...