ဆန္ဒမဲလက်မှတ်များကို ပြည်နယ်/တိုင်း ကော်မရှင်များထံ ထုတ်ပေးနေပြီ

ဆန္ဒမဲလက်မှတ်များကို ပြည်နယ်/တိုင်း ကော်မရှင်များထံ ထုတ်ပေးနေပြီ
by -
မဇ္ဈိမ
ဆန္ဒမဲလက်မှတ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၈ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ထုတ်ပေးနေပြီဟု ပြည်ထောင်စု ရွေေးကာက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဆန္ဒမဲလက်မှတ် ရိုက်နှိပ်သည့် ပုံနှိပ်တိုက်များတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူးအဆင့်ရှိ ဝန်ထမ်းတစ်ဦးစီထား၍  သက်ဆိုင်ရာ ပြည်နယ်တိုင်းရွေကောက်ပွဲ ကော်မရှင်အဖွဲ့များကို မဲဆန္ဒလက်မှတ်များ ထုတ်ပေးခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

"ရခိုင်တို့၊ ကယားတို့၊ တနင်္သာရီတို့ သူ့နေရာသူ ပြန်ရောက်နေပြီ။ ထုတ်ပြီးသွားပြီ"ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် စီမံဌာနမှ တာဝန်ရှိတစ်ဦးက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်သည် ဆန္ဒမဲလက်မှတ်များကို နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်တိုက်၊ ရန်ကုန်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်တိုက်များတွင် ရိုက်နှိပ်ခဲ့ခြင်းဖြစ်ပြီး ကြိုတင်မဲလက်မှတ်စာအိပ်များကို မန္တလေးရှိ ပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်တိုက်တွင် ရိုက်နှိပ်ကြောင်း သိရသည်။

ဆန္ဒမဲလက်မှတ်များကို ရိုက်နှိပ်သည့်အပေါ်မူတည်၍ ပြန်ကြားရေးဝန်ကြီးဌာနက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ အကြောင်းကြားပေးပြီး ကော်မရှင်မှတဆင့် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံ ဆန္ဒမဲလက်မှတ်များ ထုတ်ယူရန် အကြောင်းကြားခြင်း ဖြစ်သည်ဟု ပြည်ထောင်စု ရွေကောက်ပွဲ ကော်မှ စီမံဌာနမှ ဦးဝင်းခိုင်ဦးက ပြောသည်။                       

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက် မြန်မာနိုင်ငံသား များအတွက် ကြိုတင်ဆန္ဒမဲပေးရန် ဆန္ဒမဲလက်မှတ်များကိုလည်း အောက်တိုဘာလ ၃ရက်မှ ၁၀ ရက်နေ့အတွင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ထုတ်ပေးခဲ့သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...