ဂျပန်ကူညီသည့် ကျောက်ဖြူ မိုးလေဝသ ရေဒါစခန်းဖွင့်ပြီ

ဂျပန်ကူညီသည့် ကျောက်ဖြူ မိုးလေဝသ ရေဒါစခန်းဖွင့်ပြီ
by -
မဇ္ဈိမ
ဂျပန်နိုင်ငံ၏ အကူအညီဖြင့်တည်ဆောက်သည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ မိုးလေဝသ တိုင်းတာရေးရေဒါစခန်း တည်ဆောက်ပြီးစီးသွားပြီဖြစ်သည်။

Kyaukphyu meteorological radar station photo the Mirror Oct 12 2015 GNLMကျောက်ဖြူမြို့နယ် မင်းပြင်ရွာရှိ အဆိုပါ 'ကျောက်ဖြူ  မိုးလေဝသတိုင်းတာရေး ရေဒါစခန်းအား အောက်တိုဘာ ၉ ရက်နေ့က ပို့ဆောင်ရေးပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်နှင့် ဂျပန်သံအမတ် မစ္စတာတိတ်ရှီ ဟီဂုချီတို့က ဖွင့်လှစ်ပေးခဲ့သည်။

ကျောက်ဖြူမိုးလေဝသတိုင်းတာရေး ရေဒါစခန်းအား ၂၀၁၄ ခု မတ်လမှစ၍ တည်ဆောက်ခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများကို ဂျပန်နိုင်ငံ Taisai Corporation မှ တာဝန်ယူသည်။ ရေဒါစက် ပစ္စည်းများကိုမူ ဂျပန်နိုင်ငံမှပင် Japan Radio ကုမ္ပဏီလိမိတက်မှ တာဝန်ယူ တပ်ဆင်ပေးခဲ့သည်။

စခန်းမှရရှိမည့် မုန်တိုင်းအခြေအနေ၊ လေဖိအားနည်းရပ်ဝန်းအခြေအနေ၊ မိုးရွာသွန်းမှု စသည့် မိုးလေဝသ အအခြေအနေများ ကို နေပြည်တော်ရှိ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး ဗဟိုဌာနသို့ အချိန်နှင့်တစ်ပြေးညီ ပေးပို့ရမည်ဟု နိုင်ငံပိုင် သတင်းစာက ဖော်ပြသည်။

မိုးလေဝသရေဒါ၏ ဖမ်းယူနိုင်စွမ်းမှာ အချင်း မိုင် ၅၀၀ ခန့်ရှိပြီး ၂၀၁၆ ခုတွင် ရန်ကုန်မြို့ မိုးလေဝသ ရေဒါနှင့် ၂၀၁၇ ၌ ဖွင့်လှစ်မည့် မန္တလေးမြို မိုးလေဝသရေဒါများပြီးစီးပါက တစ်နိုင်ငံလုံးနီးပါး လွှမ်းခြံုနိုင်ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဟု ဆိုသည်။ ရေဒါတစ်လုံး၏ ကာလတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄ သန်းခန့်ရှိသည်ဟု သိရသည်။

အောက်တိုဘာ ၉ ရက်နေ့ ရေဒါစခန်းလွှဲပြောင်းဖွင့်ပွဲသို့ ဂျပန်သံရုံးမှ ဂျပန်ကောင်စစ်ဝန်၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ JICA မှ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲတို့လည်း တက်ရောက်သည်။

ယခုနှစ် ဇွန်လမှ စက်တင်ဘာအတွင်း ပြည်နယ်တိုင်းများတွင် မိုးကြီးရေလျှံရေမြုပ်ခဲ့ပြီး လူ ၁၃၀ ကျော် အသက်ဆုံးရပြီး လူဦးရေ ၁၆ သိန်း ၉ သောင်းကျော် ရေဘေးသင့်ခဲ့ကြောင်း စက်တင်ဘာ နောက်ဆုံးပတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။ ပြန်လည်ထူထောင်မှုများ ဆောင်ရွက်နေ သော်လည်း လိုအပ်ချက်များရှိနေပြီး အချိန်ယူရမည်ဟု သိရသည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...